နောက်ဆုံးပိုင်းထိ ကြည့်ရှုသူများဆီမှ Rating တွေအကောင်းဆုံးရရှိခဲ့တဲ့ “Partners For Justice”

“Partners For Justice” ဇာတ်ကားဟာ ၂ဝ၁၈ မေလမှာ ထွက်ရှိခဲ့တဲ့ ကိုရီးယား ဒရာမာစီးရီး
ဖြစ်ပြီး သရုပ်ဆောင် Jung Jae Young နဲ့ Jeong Yu mi တို့ပါဝင်ထားပါတယ်။ မှုခင်းဆရာဝန်နဲ့
ရှေ့ နေတို့ အခင်းဖြစ်ပွားမှုတွေကို လိုက်လံဖြေရှင်းတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။

Related image

ဇာတ်သိမ်းပိုင်းကိုတော့ ပရိတ်သတ်တွေ အားအရဆုံးဖြစ်ခဲ့ရပါတယ်။ ဇူလိုင်လ ၁၇ရက်နေ့က “Partners For Justice” ဇာတ်သိမ်းပိုင်းကို channels တွေအားလုံးမှာ လွှင့်ခဲ့ပြီးနောက် ပရိတ်သတ်များဆီကလည်း Rating တွေအများကြီး ရရှိခဲ့တယ်လို့ သိရပါတယ်။

Image result for “Partners For Justice”

ပျမ်းမျှ raitng ၇.၇ ကနေ ၉.၆ ထိတိုးတက်လာတာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲ ကိုရီးယားဒရာမာဇာတ်ကား အဆင့်ပြဇယားမှာ KB 2TV မှ ” Are You Human Too” ဇာတ်ကားကတော့ တတိယနေရာမှာ ရပ်တည်နေခဲ့ပြီး ….

Wok of Love

”Work of Love” ဇာတ်ကားကတော့ ဒုတိနေရာမှာ ရပ်တည်နေပါတယ်။ လာမယ့် ၂၃ရက်နေ့မှာ ပြသတော့မယ့် ဆေးပညာဆိုင်ရာ ရိုမန်တစ်ဇာတ်လမ်းတွဲ ”Risky Romance” ကလည်း “Partners For Justice” ကို အမှီလိုက်တော့မယ်လို့ ကြိုတင်ခန့်မှန်းထားကြပါတယ်။ ” 30 but 17” ကလည်း ” Work of Love” ကို အပြတ်ဖြိုမယ်ဆိုပဲ။ ကဲ အားလုံးကတော့ အမိုက်စားတွေချည်းပဲ။ ပရိတ်သတ်တွေသာ ကြည့်ဖို့ပြင်ထားပေတော့…

91 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.