တစ်နေ့ကို လိုအပ်တာထက်ပိုပြီး မှန်ကြည့်မိရင် ဖြစ်လာမယ့်အကျိုးဆက်တွေ

မှန်ကြည့်တိုင်း ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းကျဖူးလား ..။ မိန်းကလေးတွေမှာ မှန်ကြည့်လိုက်တိုင်း ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းကျတယ်ဆိုတာ မရှိပါဘူး။ တစ်ခါတစ်လေ မှန်ထဲမှာမြင်နေရတဲ့ ကိုယ့်မှာ အလိုမကျမှုတွေ များနေသလိုခံစားရတတ်ပါတယ်။

စိတ်အလိုမကျမှုတွေများပြီး အရမ်းစိတ်ညစ်မနေပါနဲ့။ မှန်ကြည့်ပြီး စိတ်ဓာတ်ကျနေမယ့်အစား
ဒါလေးတွေ အပြောင်းလဲဖြစ်အောင်လုပ်ကြည့်လိုက်ပါ။

မှန်ကြည့်တာက ဘာလို့မကောင်းတာလဲ ?
မင်း ခန္ဓာကိုယ်ကို စိတ်မတိုင်းမကျဖြစ်နေတဲ့အချိန် မှန်ကြည့်လိုက်ရင် ပိုဆိုးသွားပါလိမ့်မယ်။ မှန်ထဲကိုကြည့်လိုက်တဲ့ သင့်ရဲ့အကြည့်တွေက အပြစ်ပဲမြင်တော့မှာမို့ ရလဒ်အနေနဲ့ ပုံမကျတဲ့ ခန္ဓာကိုယ်ပုံစံပဲ မှန်ထဲမှာပေါ်လာမှာပါ။ ပေါင်ကြီးတွေ တုတ်နေသလို ၊ ဗိုက်ခေါက်တွေ ပိုများလာသလို၊ ခါးဘေးအဆီတွေ ပိုစုလာသလို ခံစားလာတတ်ပါတယ်။ ဒါကြောင့် မှန်ကြည့်ပြီး စိတ်ညစ်မခံပါနဲ့။ ဒီလိုပြောလို့ တစ်သက်လုံး မှန်မကြည့်နဲ့တော့လို့ ဆိုလိုတာမဟုတ်ပါဘူး။ ကြည့်ပါ.. ကြည့်တာက ကောင်းတဲ့အမြင်နဲ့ကြည့်နိုင်ဖို့တော့ လိုတာပေါ့။ မဟုတ်ရင် ကိုယ်ပဲစိတ်ဆင်းရဲရမှာကိုး ။

တည်ဆောက်ပုံတွေကို ပြောင်းလဲပါ
မှန်ထဲမြင်ရတဲ့ သင့်ရဲ့ပုံရိပ်ဟာ စိတ်ပိုင်းဆိုင်ရာကို အများကြီးထိခိုက်နိုင်ပါတယ်။ သင့်ကိုဝိတ်ချချင်
စိတ်တွေ တဖွားဖွားပေါ်လာစေတယ်။ အချိန်တိုတွင်း အမြန်ပိန်ချင်သူတွေကတော့ ဆေးနဲ့ချကြတယ်။ သဘာဝတိုင်း အားကစားလိုက်စားဖို့ မစဉ်းစားတော့ဘူး။ သူများ အချိန်တိုတွင်းပိန်သွားသူတွေကို ကြည့်ပြီး အားကျ၊ ဟိုက ကြေငြာအားကောင်းတော့ ဝယ်သုံး။ ဖြစ်လာမယ့် အကျိုးဆက်ကိုတော့ သင်ပဲခံရတာပါ။ ၀ိတ်ချချင်တယ် ၊ လှချင်လာတယ်ဆိုရင် စိတ်ရှည်ပါ။ သည်းခံပါ။စိတ်ယိုင်မိတဲ့ ပိန်ဆေးတွေက ခဏတာအတွက်သာ အဆင်ပြေစေပြီး သဘာဝနည်းလမ်းနဲ့ ဝိတ်ချတာကတော့ ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး ရေရှည်အတွက်စိတ်ချရပါတယ်။ ဒါကြောင့် ကိုယ့်စိတ်အခြေအနေ တည်ဆောက်ပုံကိုပြောင်းလဲပါ။

အကောင်းမြင်စိတ်
မှန်ထဲမှာ ဘယ်လိုပုံရိပ်ပဲ ထင်နေပါစေ။ အကောင်းမြင်နိုင်အောင် ကြိုးစားပါ။ ဒါဟာ ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင်ထားနည်းတစ်မျိုးပါပဲ။ ကိုယ့်ရဲ့စိတ်အရောင်တွေမှာပဲ အာရုံစိုက်ပါ။ ဘာတွေ ဘယ်လိုပဲဖြစ်နေပါစေ ကိုယ့်ရဲ့အတွင်းစိတ်လေး လှနေဖို့သာ အရေးကြီးပါတယ်။ လိုချင်တစ်ခုရှိလာရင်လည်း စိတ်လေးရှည်အောင် ထားတတ်တဲ့အကျင့်ကိုမွေးထားပါ။ စိတ်ရှည် သည်းခံ လမ်းကြောင်းမှန်တဲ့။ မှန်ကို ကြည့်ပါ။ လိုအပ်သလောက်ပဲပေါ့။ ကြည့်ပြီးရင်လည်း အကောင်းမြင်စိတ်လေးထားပါလို့ …

180 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.