ပြတ်စဲသွားကြတဲ့ချစ်သူစုံတွဲတွေ ပြောပြတဲ့ သူတို့ရခဲ့တဲ့ သင်ခန်းစာတွေအကြောင်း…💌
Unicode
ချစ်သူစုံတွဲအဖြစ်က ပြတ်စဲသွားကြတဲ့သူတွေကို လေ့လာကြည့်တဲ့အခါမှာ သူတို့ရဲ့ အဆုံးသတ်မလှတဲ့အချစ်ရေးကနေ ဒီလိုသင်ခန်းစာတွေရခဲ့တယ်ဆိုတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။သူတို့ရခဲ့တဲ့သင်ခန်းစာကိုကြည့်ပြီး သင့်ရဲ ့အချစ်ရေးကိုလည်းသူတို့လို အဆုံးမသတ်အောင် သေချာသတိထားသင့်တယ်နော်။
ဘယ်လိုသင်ခန်းစာတွေရခဲ့လဲဆိုတော့…
၁)မိန်းကလေးတိုင်းလုပ်မိတဲ့အကြီးဆုံးအမှားတစ်ခုကတော့ ယောကျာ်းတစ်ယောက် သူမကြောင့်ပြောင်းလဲလာမလား ပြောင်းလဲလာမလား စောင့်နေတာပါပဲတဲ့။
၂)အစထဲက သူတို့က သင်လိုချင်တဲ့ပုံစံအတိုင်း မဟုတ်ရင် ဆက်ပြီးမသွားပါနဲ့။
၃)ကိုယ့်အပေါ်လိမ်ညာတတ်တဲ့လူတစ်ယောက် ပြောင်းလဲလာဖို့ကို ဘယ်တော့မှမမျှော်လင့်ပါနဲ့။သင်ဘယ်လောက်ထိသူ့အပေါ် အလေးပေးပေး တစ်ခြားသူတွေရဲ ့အာရုံစိုက်မှု၊အလေးထားမှုရအောင်အမြဲတမ်းရှာဖွေနေပါလိမ့်မယ်။ပြီးတော့ အဲ့ဒါကတောင် သူတို့အတွက်မလုံလောက်သေးပါဘူး။
၄)တစ်ယောက်ယောက် ကိုယ့်ကိုချစ်ဖို့၊တစ်ယောက်ယောက် ကိုယ်နဲ့အတူရှိနေဖို့ ဘယ်တော့မှမတောင်းဆိုပါနဲ့။သင့်ကို တကယ်ဂရုစိုက်ပြီးချစ်မြတ်နိုးသူဆိုရင် သင့်ကို ပထမဦးစားပေးနေရာမှာအမြဲထားပါလိမ့်မယ်။
၅) သင့်ရဲ ့အချစ်ရေးကို ဒီတစ်ယောက်နဲ့ပဲ သေတပန်သက်တစ်ဆုံး ဘယ်လောက်ပဲဖြစ်ချင်ဖြစ်ချင် သူတို့ကို သင့်အနားမှာနေပေးဖို့ တွန်းအားမပေးနိုင်ပါဘူး။သူတို့ သင့်ကိုစွန့်လွှတ်ဖို့ရွေးချယ်ခဲ့ပြီဆိုရင်ပေါ့။
၆)သူ့ကိုချစ်တာထက် သင့်ကိုယ်သင်ပိုပြီးချစ်ပါတဲ့။အဲ့ဒီအခါ နာကျင်စရာတွေကြုံလာရတဲ့အခါ အများကြီးမနာကျင်ရတော့ပါဘူး။
၇)သင့်ကိုဘယ်လောက်နာကျင်အောင်လုပ်ခဲ့လုပ်ခဲ့ ဘယ်လောက်ပဲနာကျင်ခံစားခဲ့ရပါစေ ခွင့်လွှတ်တတ်အောင်ကြိုးစားပါ။ခွင့်လွှတ်လိုက်တာက မေ့ပစ်လိုက်တာနဲ့အတူတူပါပဲ။ဒီလူတစ်ယောက်က ရှေ့ဆက်လျှောက်မယ့်ခရီးမှာ လုံးဝမပါနိုင်တော့ဘူးဆိုရင် ခွင့်လွှတ်ပြီးမေ့ပစ်လိုက်ပါ။သင့်စိတ်ကို အေးချမ်းအောင်ထားပြီးကိုယ့်ကိုယ့်ကိုယ်ပိုချစ်တတ်အောင်ကြိုးစားပါ။
၈)ကိုယ့်ရဲ ့ကိုယ်ပိုင်ဘဝမှာပျော်ရွှင်အောင်နေပါ။ပျော်ရွှင်စရာတွေဖန်တီးပါ။တစ်ခြားသူတစ်ယောက်က သင့်ကိုပျော်ရွှင်အောင်လုပ်ပေးမှာကို မမျှော်လင့်ပါနဲ့။
၉)တကယ်လို့သူက သင့်ရဲ ့အတိတ်ကအမှားတွေကိုလက်မခံနိုင်ဘူး၊သင့်ရဲ ့အခုလက်ရှိပုံစံ၊စိတ်နေစိတ်ထားကိုမကြိုက်ဘူးဆိုရင် သူ့ကိုသွားခွင့်ပြုလိုက်ပါ။သူက သင့်ရဲ့ဖူးစာဖက်မဟုတ်ပါဘူး။
၁၀)တကယ်လို့များ သင်ချစ်တဲ့တစ်စုံတစ်ယောက်ကိုဆုံးရှုံးခဲ့ရရင် သူတို့ရဲ ့ပျောက်ကွယ်မှုကြောင့် သင့်ကိုယ့်သင်ပါ ပျောက်ဆုံးခွင့်မပေးလိုက်ပါနဲ့။သူတို့နဲ့ မတွေ့ခင်က သင်အဆင်ပြေခဲ့သားပဲ။အဲ့ဒါကြောင့်သူတို့မရှိလည်း ဘယ်လိုပျော်ရွှင်အောင်နေရမလဲဆိုတာ သင်သိလာမှာပါ။Hey,You are strong and you will be okay
511 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.