စိတ္ဓာတ္က်လြယ္တဲ႔မိန္းကေလးတုိင္းသိထားသင္႔တဲ႔စိတ္ဓာတ္ျပန္လည္ျမွင္႔တင္ျခင္းအနုပညာ

သာမန္အားျဖင္႔ေယာက်ၤားေလးေတြေလာက္မိန္းကေလးေတြကစိတ္ဓာတ္မာေက်ာျပတ္သားမႈမရွိျကပါဘူး။ မိန္းမဆိုတဲ႔အမ်ိဳးကသိတဲ႔အတိုင္း အေတြးလြန္တတ္တယ္၊ စိတ္ပိုဖိစီးတတ္တယ္၊ မျဖစ္လာေသးပဲျကိုေတြးတတ္ျကတယ္၊ သ၀န္တိုတတ္လြန္းတယ္ ၊ ႏိွႈင္းယွဥ္ျပိဳင္ဆိုင္တတ္လြန္းအားျကီးတယ္ ၊ အထနေကာက္ျပီး အေတြးလြန္တတ္ျကပါတယ္။ ဒီလုိအရာေတြေျကာင္႔ပဲ တစ္ခ်ိဳ႕ေသာမိန္းကေလးေတြဟာ မသိစိတ္ကေနေပ်ာ႔ညံ႕လာတတ္ျကပါတယ္။ ဆိုေတာ႔ ကိုယ္႔ရဲ႕လက္ရွိဘ၀ေလးကို ေပ်ာ႕ညံ႕တဲ႔စိတ္ဓာတ္ျကီးနဲ႕မရွင္သန္ပဲ ေလာကမွာလူျဖစ္ရတုန္းေလးေနေပ်ာ္ေအာင္ စိတ္ဓာတ္ေလးေတြကိုဒီလုိျပန္လည္ျမွင္႔တင္ျကည္႔ရေအာင္…
(၁) ကိုယ္႔ရဲ႕အားနည္ခ်က္ေတြကို ကိုယ္တုိင္အမွန္တိုင္းရွာေဖြျပီး ျကိုးစားျပဳျပင္ပါ
ပထမဦးဆံုးေျခလွမ္းဆုိလည္းမမွားပါဘူး။ သူမ်ားလွသလိုကိုယ္လည္းလွနုိင္တယ္ သူမ်ားေတာ္သလုိကိုယ္႔မွာလည္းထူးခၽြန္တဲ႔လုပ္ရည္ကိုင္ရည္ေတြရွိတယ္ဆုိတာမေမ႔ပါနဲ႕။
(၂) ကိုယ္႔ကိုယ္ကိုယ္ဘာလဲဆိုတာ ျမင္ေအာင္ရွာေဖြပါ
ကိုယ္ကဘာနဲ႕အသက္ေမြးမွာလည္း ကိုယ္႔ရည္မွန္းခ်က္ကဘာလဲကိုယ္႔အိမ္မက္ကဘာလဲ ကိုယ္႔ဘ၀ကို ဘယ္လုိစိတ္တိုင္းက်ပံုေဖာ္ခ်င္တာလဲဆုိတာ ေသခ်ာရွာေဖြေတြ႕ရွိနုိင္ပါေစ။
(၃) သူမ်ားေယာင္တုိင္းလုိက္မေယာင္ပါနဲ႕
ကိုယ္႔အသိညဏ္နဲ႕ကိုယ္တကယ္လုပ္ခ်င္တယ္လို႕ေတြးထားတဲ႔အရာကိုသာလုပ္ပါ။ သူမ်ားဒါျဖစ္လုိ႕ ငါဒါလိုက္လုပ္မယ္ဆုိတာမ်ိဳးမလုပ္ပါနဲ႕။ လူတုိင္းမွာသူ႕ ဗီဇနဲ႕သူရွိျပီးသားပါ။ ကိုယ္မကၽြမ္းက်င္တဲ႔အရာကို သူမ်ားလုပ္လုိ႕လုိက္လုပ္ရင္းငါသူ႕ေလာက္မေတာ္ပါလားဆိုတဲ႔ Psycho မ်ိဳးကိုအ၀င္မခံပါနဲ႕။
(၄) ကိုယ္႔ကိုယ္ကိုယ္တန္ဖိုးထားပါ၊ခ်စ္ပါ
ဘယ္သူခ်စ္ခ်စ္မခ်စ္ခ်စ္ ဘယ္သူတန္ဖိုးထားထားမထားထား ကိုယ္႔ကိုယ္ကိုယ္ တန္ဖိုးထားတတ္ေအာင္ေနပါ။ သူမ်ားဆီကအခ်စ္ခံရဖုိ႕ ကိုယ္႔ကိုယ္ကိုယ္မခ်စ္နုိင္ေလာက္ေအာင္ထိ ျကိုးစားမယူပါနဲ႕။
(၅) မုဒိတာပြားပါ
ကိုယ္ပိုင္ဆုိင္ခ်င္တဲ႔အရာမ်ိဳးသူမ်ားဦးစြာပိုင္ဆိုင္ရတဲ႔အခါ မုဒိတာပြားရင္းပညာယူပါ။ ကိုယ္႔ကိုယ္ကိုယ္အားမလုိအားမရစိတ္သိမ္ငယ္စိတ္မ၀င္ပဲ သူ႕လုိတစ္ေန႕ျဖစ္ရမယ္ ငါလည္းတစ္ေန႕လုိခ်င္တာရရမယ္ဆိုတဲ႔စိတ္နဲ႕ေအးေအးလူလူျကိုးစားေနထိုင္ပါ။
အေပၚအခ်က္ေလးေတြနဲ႕သာေျပာင္းလဲေနထုိင္မယ္ဆုိရင္ စိတ္ဓာတ္က်တယ္ စိတ္အားငယ္တယ္ဆိုတာ ဘယ္မိန္းကေလးမွခံစားမိေတာ႔မွာေတာင္မဟုတ္ေတာ႔ပါဘူး…

Unicode

သာမန်အားဖြင့်ယောကျင်္ားလေးတွေလောက်မိန်းကလေးတွေကစိတ်ဓာတ်မာကျောပြတ်သားမှုမရှိကြပါဘူး။ မိန်းမဆိုတဲ့အမျိုးကသိတဲ့အတိုင်း အတွေးလွန်တတ်တယ်၊ စိတ်ပိုဖိစီးတတ်တယ်၊ မဖြစ်လာသေးပဲကြိုတွေးတတ်ကြတယ်၊ သဝန်တိုတတ်လွန်းတယ် ၊ နှှိုင်းယှဉ်ပြိုင်ဆိုင်တတ်လွန်းအားကြီးတယ် ၊ အထနကောက်ပြီး အတွေးလွန်တတ်ကြပါတယ်။ ဒီလိုအရာတွေကြောင့်ပဲ တစ်ချို့သောမိန်းကလေးတွေဟာ မသိစိတ်ကနေပျော့ညံ့လာတတ်ကြပါတယ်။ ဆိုတော့ ကိုယ့်ရဲ့လက်ရှိဘဝလေးကို ပျော့ညံ့တဲ့စိတ်ဓာတ်ကြီးနဲ့မရှင်သန်ပဲ လောကမှာလူဖြစ်ရတုန်းလေးနေပျော်အောင် စိတ်ဓာတ်လေးတွေကိုဒီလိုပြန်လည်မြှင့်တင်ကြည့်ရအောင်…
(၁) ကိုယ့်ရဲ့အားနည်ချက်တွေကို ကိုယ်တိုင်အမှန်တိုင်းရှာဖွေပြီး ကြိုးစားပြုပြင်ပါ
ပထမဦးဆုံးခြေလှမ်းဆိုလည်းမမှားပါဘူး။ သူများလှသလိုကိုယ်လည်းလှနိုင်တယ် သူများတော်သလိုကိုယ့်မှာလည်းထူးချွန်တဲ့လုပ်ရည်ကိုင်ရည်တွေရှိတယ်ဆိုတာမမေ့ပါနဲ့။
(၂) ကိုယ့်ကိုယ်ကိုယ်ဘာလဲဆိုတာ မြင်အောင်ရှာဖွေပါ
ကိုယ်ကဘာနဲ့အသက်မွေးမှာလည်း ကိုယ့်ရည်မှန်းချက်ကဘာလဲကိုယ့်အိမ်မက်ကဘာလဲ ကိုယ့်ဘဝကို ဘယ်လိုစိတ်တိုင်းကျပုံဖော်ချင်တာလဲဆိုတာ သေချာရှာဖွေတွေ့ရှိနိုင်ပါစေ။
(၃) သူများယောင်တိုင်းလိုက်မယောင်ပါနဲ့
ကိုယ့်အသိညဏ်နဲ့ကိုယ်တကယ်လုပ်ချင်တယ်လို့တွေးထားတဲ့အရာကိုသာလုပ်ပါ။ သူများဒါဖြစ်လို့ ငါဒါလိုက်လုပ်မယ်ဆိုတာမျိုးမလုပ်ပါနဲ့။ လူတိုင်းမှာသူ့ ဗီဇနဲ့သူရှိပြီးသားပါ။ ကိုယ်မကျွမ်းကျင်တဲ့အရာကို သူများလုပ်လို့လိုက်လုပ်ရင်းငါသူ့လောက်မတော်ပါလားဆိုတဲ့ Psycho မျိုးကိုအဝင်မခံပါနဲ့။
(၄) ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားပါ၊ချစ်ပါ
ဘယ်သူချစ်ချစ်မချစ်ချစ် ဘယ်သူတန်ဖိုးထားထားမထားထား ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်အောင်နေပါ။ သူများဆီကအချစ်ခံရဖို့ ကိုယ့်ကိုယ်ကိုယ်မချစ်နိုင်လောက်အောင်ထိ ကြိုးစားမယူပါနဲ့။
(၅) မုဒိတာပွားပါ
ကိုယ်ပိုင်ဆိုင်ချင်တဲ့အရာမျိုးသူများဦးစွာပိုင်ဆိုင်ရတဲ့အခါ မုဒိတာပွားရင်းပညာယူပါ။ ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရစိတ်သိမ်ငယ်စိတ်မဝင်ပဲ သူ့လိုတစ်နေ့ဖြစ်ရမယ် ငါလည်းတစ်နေ့လိုချင်တာရရမယ်ဆိုတဲ့စိတ်နဲ့အေးအေးလူလူကြိုးစားနေထိုင်ပါ။
အပေါ်အချက်လေးတွေနဲ့သာပြောင်းလဲနေထိုင်မယ်ဆိုရင် စိတ်ဓာတ်ကျတယ် စိတ်အားငယ်တယ်ဆိုတာ ဘယ်မိန်းကလေးမှခံစားမိတော့မှာတောင်မဟုတ်တော့ပါဘူး…

526 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.