သင္ေျပာလုိက္တဲ႔ ဒီစကားတစ္ခြန္းေၾကာင့္ တစ္ဖက္လူစိတ္ဒဏ္ရာမရပါေစနဲ႔…။

တစ္ခါတစ္ေလ ကုိယ္ေျပာလုိက္တဲ့စကားတစ္ခြန္းေၾကာင့္ တစ္ဖက္လူေဒါသထြက္သြားတာ၊စိတ္ဆုိးသြားတာမ်ိဳးေတြျဖစ္ႏိုင္ပါတယ္။သူစိမ္းတစ္ေယာက္ေယာက္ကုိျဖစ္ေစ၊သူငယ္ခ်င္းမိတ္ေဆြကိုျဖစ္ေစ ဘယ္ေလာက္ပဲရင္းႏွီးရင္းႏွီး မေျပာသင့္တဲ႔စကားလံုးေတြဆုိတာရွိပါတယ္။စကားတစ္ခြန္းဆုိေပမဲ႔ အဲ႔စကားရဲ ႔ထိေရာက္မႈက ဘယ္ေလာက္ျပင္းထန္လဲဆုိတာ ကုိယ္အေျပာခံရမွနားလည္ၾကတာပါ။အခု Trend ပရိသတ္ၾကီးကို တစ္ျခားသူတစ္ေယာက္ကုိ ဘယ္ေတာ့မွ မေျပာသင့္တဲ႔စကားေလးေတြအေၾကာင္းကုိ ျပန္ျပီးမ်ွေ၀ေပးမွာျဖစ္ပါတယ္။

၁)”ဘာျဖစ္ျဖစ္ဂရုမစုိက္ဘူး”
သင္က ဒီလုိေျပာလိုက္ေပမဲ႔ သူတို႔စိတ္ထဲမွာ “သင္ေျပာတာထက္ သူပုိေကာင္းတဲ႔အရာေတြလုပ္ႏုိင္လို႔ သူ႔တစ္ေယာက္တည္းလႊတ္ထားလုိက္စမ္းပါ”ဆိုတာမ်ိဳးထင္ပါလိမ့္မယ္။တစ္ျခားသူတစ္ေယာက္ေျပာတာကုိ ဂရုမစိုက္တာက သူတုိ႔ရဲ ႔တည္ရွိမႈကိုျငင္းပယ္လိုက္တာပါပဲ။တစ္ျခားသူက ကုိယ့္အတြက္ေကာင္းေစခ်င္လို႔ေျပာတဲ႔ေစတနာစကားကို ျငင္းပယ္လိုက္သလိုျဖစ္ပါလိမ့္မယ္။သူတုိ႔က သင့္အတြက္အေရးမပါဘူး။ဂရုစုိက္စရာမလိုဘူးဆုိေပမဲ႔ သင္က သူတုိ႔အတြက္အေရးပါလို႔သင့္အတြက္ေျပာေနတာပါ။အဲ႔ဒါေၾကာင့္ ကုိယ့္ကုိေျပာတဲ႔စကားက ေစတနာစကားလား၊အၾကံေပးစကားလား၊မနာလိုလို႔ေျပာတဲ႔စကားလားခြဲျခားျပီး အာရံုုစုိက္အေလးထားတတ္ပါေစ။

၂)”မင္းမွားေနျပီ”
သင္ေျပာလိုက္တာေတာ့ ဒီစကားတစ္ခြန္းတည္းပါပဲ။ဒါေပမဲ႔ သူတုိ႔ၾကားတာကေတာ့ “မင္းက ညံ႔လိုက္တာ၊မင္းဘာမွမသိဘူး။အသံုးကိုမက်ဘူး”ဆုိတာပါပဲ။တစ္ျခားသူကုိ မွားေနျပီလို႔ေျပာမယ့္အစား “ငါကေတာ့ဘယ္လိုမ်ိဳးေလးေတြးမိတယ္၊အဲ႔ဒီလုိမ်ားျဖစ္ေနမလား”ဆိုျပီးေျပာလို႔ရပါတယ္။

၃)”မင္းမလုပ္ႏုိင္ပါဘူး”
သင္အဲ႔လိုေျပာလိုက္တာက “မင္းဘယ္ေလာက္ပဲၾကိဳးစားၾကိဳးစား လုပ္ႏုိင္မွာမဟုတ္ဘူး။ဒါဆို ဘာလို႔ၾကိဳးစားလုပ္ေနဦးမွာလဲ”ဆုိတာပဲၾကားမွာပါ။တစ္ေယာက္ေယာက္စိတ္ဓာတ္က်ဆင္းသြားတာကုိ ၾကည့္ရတာ သင့္အတြက္ေပ်ာ္စရာျဖစ္မယ္ေတာ့မထင္ပါဘူးေနာ္။သင္ေျပာလိုက္တဲ႔စကားက သူတို႔ရဲ႔စိတ္မွာဒဏ္ရာျဖစ္ေစႏုိင္ပါတယ္။

၄)”အဲ႔ဒါက လြယ္လြယ္ေလးရယ္”
သင္ကေတာ့ ဒီလုိပဲ ေပါ့ေပါ့ပါးပါးေလးေျပာလိုက္တယ္ဆုိေပမဲ႔ ၾကားရတဲ႔တစ္ဖက္လူရဲ ႔နားထဲမွာေတာ့ “တစ္ျခားသူေတြအတြက္ ဒါကလြယ္လြယ္ေလး။သူ႔အလွည့္က် ခက္ခက္ခဲခဲလုပ္ရတယ္။ဒါဆုိ သူ႔မွာတစ္ခုခုမွားယြင္းေနလို႔ေပါ့”လို႔ ၾကားရေစပါတယ္။လူတစ္ေယာက္နဲ႔တစ္ေယာက္အတြက္
အခက္အခဲဆုိတာ တူခ်င္မွတူမွာပါ။သူတို႔အလုပ္ကလြယ္လြယ္ေလးလုိ႔ေျပာလိုက္တာက သူတို႔ရတဲ႔လစာနဲ႔ မထိုက္တန္ဘူးလို႔ေျပာလိုက္သလိုုပါပဲ။ကုိယ့္အလုပ္ေပၚတင္မက တစ္ျခားသူရဲ ႔အလုပ္နဲ႔ရပ္တည္မႈကိုပါေလးစားမႈရွိသင့္ပါတယ္။

၅)”ငါနင့္ကိုေျပာသားပဲ”
ဒီစကားက တစ္ျခားသူတစ္ေယာက္အေပၚေစတနာထားျပီးေျပာတာျဖစ္သလို အေျခအေနနဲ႔လိုက္ျပီးအေျပာအဆုိမတတ္တဲ႔အခါ အဲ႔ဒီစကားက “ငါနင့္ကုိေျပာခဲ႔သားပဲ။နင္မွနားမေထာင္တာ၊နင့္အမွားပဲ”ဆုိတာမ်ိဳးျဖစ္သြားေစပါတယ္။တစ္ျခားသူတစ္ေယာက္က သင့္အကူအညီလုိေနခ်ိန္မွာ ဒီလုိေျပာတာက တစ္ဖက္လူရဲ ႔စိတ္ကုိအနာတရျဖစ္ေစႏုိင္ပါတယ္။

၆)”ကံေကာင္းပါေစ”
အရင္ကေတာ့ ကုိယ္ေတြလည္းဒီလိုပဲ ဘာရယ္မဟုတ္ ကံေကာင္းမႈေတြရေစဖုိ႔ေျပာခဲ႔တာပါပဲ။ဒါေပမဲ႔ တစ္ဖက္လူရဲ ႔နားထဲမွာေတာ့”မင္းရဲ႔ကိုယ္ပုိင္ၾကိဳးစားမႈနဲ႔ ဘာမွလုပ္ႏုိင္တာမရွိဘူး၊ကံကုိပဲအားကုိးရမွာပဲ။ကံေကာင္းပါေစ”ဆိုျပီးၾကားတတ္ပါတယ္တဲ႔။ဒါေၾကာင့္ ဒီစကားလံုးေလးကုိလည္း
ေသခ်ာေရြးခ်ယ္စိစစ္ျပီးေျပာတတ္ပါေစ။ကံေကာင္းပါေစဆိုတာထက္ ၾကိဳးစားထားဆုိတဲ့စကားက ပုိမ်ားေကာင္းမလားပဲ။

ဒီစကားလံုးေလးေတြကေတာ့ ေျပာလုိက္တာသာ ဘာမွမဟုတ္တာ တစ္ဖက္လူရဲ႔ နားထဲမွာေတာ့ ကုိးလိုးကန္႔လန္႔၀င္သြားတတ္ပါတယ္ေနာ္။ကိုယ့္စကားတစ္ခြန္းေၾကာင့္တစ္ဖက္လူရဲ ႔စိတ္ထိခိုက္သြားတာမ်ိဳးမျဖစ္သင့္၊မလုပ္သင့္ပါဘူး။ဒါေၾကာင့္ တစ္ျခားသူေတြနဲ႔စကားေျပာတဲ႔အခါ ဒီစကားလံုးေတြကုိေရွာင္ျပီးေျပာပါလို႔အၾကံေပးလိုက္ပါတယ္ ❤

Unicode

တစ်ခါတစ်လေ ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် တစ်ဖက်လူဒေါသထွက်သွားတာ၊စိတ်ဆိုးသွားတာမျိုးတွေဖြစ်နိုင်ပါတယ်။သူစိမ်းတစ်ယောက်ယောက်ကိုဖြစ်စေ၊သူငယ်ချင်းမိတ်ဆွေကိုဖြစ်စေ ဘယ်လောက်ပဲရင်းနှီးရင်းနှီး မပြောသင့်တဲ့စကားလုံးတွေဆိုတာရှိပါတယ်။စကားတစ်ခွန်းဆိုပေမဲ့ အဲ့စကားရဲ ့ထိရောက်မှုက ဘယ်လောက်ပြင်းထန်လဲဆိုတာ ကိုယ်အပြောခံရမှနားလည်ကြတာပါ။အခု Trend ပရိသတ်ကြီးကို တစ်ခြားသူတစ်ယောက်ကို ဘယ်တော့မှ မပြောသင့်တဲ့စကားလေးတွေအကြောင်းကို ပြန်ပြီးမျှဝေပေးမှာဖြစ်ပါတယ်။

၁)”ဘာဖြစ်ဖြစ်ဂရုမစိုက်ဘူး”
သင်က ဒီလိုပြောလိုက်ပေမဲ့ သူတို့စိတ်ထဲမှာ “သင်ပြောတာထက် သူပိုကောင်းတဲ့အရာတွေလုပ်နိုင်လို့ သူ့တစ်ယောက်တည်းလွှတ်ထားလိုက်စမ်းပါ”ဆိုတာမျိုးထင်ပါလိမ့်မယ်။တစ်ခြားသူတစ်ယောက်ပြောတာကို ဂရုမစိုက်တာက သူတို့ရဲ ့တည်ရှိမှုကိုငြင်းပယ်လိုက်တာပါပဲ။တစ်ခြားသူက ကိုယ့်အတွက်ကောင်းစေချင်လို့ပြောတဲ့စေတနာစကားကို ငြင်းပယ်လိုက်သလိုဖြစ်ပါလိမ့်မယ်။သူတို့က သင့်အတွက်အရေးမပါဘူး။ဂရုစိုက်စရာမလိုဘူးဆိုပေမဲ့ သင်က သူတို့အတွက်အရေးပါလို့သင့်အတွက်ပြောနေတာပါ။အဲ့ဒါကြောင့် ကိုယ့်ကိုပြောတဲ့စကားက စေတနာစကားလား၊အကြံပေးစကားလား၊မနာလိုလို့ပြောတဲ့စကားလားခွဲခြားပြီး အာရုုံစိုက်အလေးထားတတ်ပါစေ။

၂)”မင်းမှားနေပြီ”
သင်ပြောလိုက်တာတော့ ဒီစကားတစ်ခွန်းတည်းပါပဲ။ဒါပေမဲ့ သူတို့ကြားတာကတော့ “မင်းက ညံ့လိုက်တာ၊မင်းဘာမှမသိဘူး။အသုံးကိုမကျဘူး”ဆိုတာပါပဲ။တစ်ခြားသူကို မှားနေပြီလို့ပြောမယ့်အစား “ငါကတော့ဘယ်လိုမျိုးလေးတွေးမိတယ်၊အဲ့ဒီလိုများဖြစ်နေမလား”ဆိုပြီးပြောလို့ရပါတယ်။

၃)”မင်းမလုပ်နိုင်ပါဘူး”
သင်အဲ့လိုပြောလိုက်တာက “မင်းဘယ်လောက်ပဲကြိုးစားကြိုးစား လုပ်နိုင်မှာမဟုတ်ဘူး။ဒါဆို ဘာလို့ကြိုးစားလုပ်နေဦးမှာလဲ”ဆိုတာပဲကြားမှာပါ။တစ်ယောက်ယောက်စိတ်ဓာတ်ကျဆင်းသွားတာကို ကြည့်ရတာ သင့်အတွက်ပျော်စရာဖြစ်မယ်တော့မထင်ပါဘူးနော်။သင်ပြောလိုက်တဲ့စကားက သူတို့ရဲ့စိတ်မှာဒဏ်ရာဖြစ်စေနိုင်ပါတယ်။

၄)”အဲ့ဒါက လွယ်လွယ်လေးရယ်”
သင်ကတော့ ဒီလိုပဲ ပေါ့ပေါ့ပါးပါးလေးပြောလိုက်တယ်ဆိုပေမဲ့ ကြားရတဲ့တစ်ဖက်လူရဲ ့နားထဲမှာတော့ “တစ်ခြားသူတွေအတွက် ဒါကလွယ်လွယ်လေး။သူ့အလှည့်ကျ ခက်ခက်ခဲခဲလုပ်ရတယ်။ဒါဆို သူ့မှာတစ်ခုခုမှားယွင်းနေလို့ပေါ့”လို့ ကြားရစေပါတယ်။လူတစ်ယောက်နဲ့တစ်ယောက်အတွက်
အခက်အခဲဆိုတာ တူချင်မှတူမှာပါ။သူတို့အလုပ်ကလွယ်လွယ်လေးလို့ပြောလိုက်တာက သူတို့ရတဲ့လစာနဲ့ မထိုက်တန်ဘူးလို့ပြောလိုက်သလိုုပါပဲ။ကိုယ့်အလုပ်ပေါ်တင်မက တစ်ခြားသူရဲ ့အလုပ်နဲ့ရပ်တည်မှုကိုပါလေးစားမှုရှိသင့်ပါတယ်။

၅)”ငါနင့်ကိုပြောသားပဲ”
ဒီစကားက တစ်ခြားသူတစ်ယောက်အပေါ်စေတနာထားပြီးပြောတာဖြစ်သလို အခြေအနေနဲ့လိုက်ပြီးအပြောအဆိုမတတ်တဲ့အခါ အဲ့ဒီစကားက “ငါနင့်ကိုပြောခဲ့သားပဲ။နင်မှနားမထောင်တာ၊နင့်အမှားပဲ”ဆိုတာမျိုးဖြစ်သွားစေပါတယ်။တစ်ခြားသူတစ်ယောက်က သင့်အကူအညီလိုနေချိန်မှာ ဒီလိုပြောတာက တစ်ဖက်လူရဲ ့စိတ်ကိုအနာတရဖြစ်စေနိုင်ပါတယ်။

၆)”ကံကောင်းပါစေ”
အရင်ကတော့ ကိုယ်တွေလည်းဒီလိုပဲ ဘာရယ်မဟုတ် ကံကောင်းမှုတွေရစေဖို့ပြောခဲ့တာပါပဲ။ဒါပေမဲ့ တစ်ဖက်လူရဲ ့နားထဲမှာတော့”မင်းရဲ့ကိုယ်ပိုင်ကြိုးစားမှုနဲ့ ဘာမှလုပ်နိုင်တာမရှိဘူး၊ကံကိုပဲအားကိုးရမှာပဲ။ကံကောင်းပါစေ”ဆိုပြီးကြားတတ်ပါတယ်တဲ့။ဒါကြောင့် ဒီစကားလုံးလေးကိုလည်း
သေချာရွေးချယ်စိစစ်ပြီးပြောတတ်ပါစေ။ကံကောင်းပါစေဆိုတာထက် ကြိုးစားထားဆိုတဲ့စကားက ပိုများကောင်းမလားပဲ။

ဒီစကားလုံးလေးတွေကတော့ ပြောလိုက်တာသာ ဘာမှမဟုတ်တာ တစ်ဖက်လူရဲ့ နားထဲမှာတော့ ကိုးလိုးကန့်လန့်ဝင်သွားတတ်ပါတယ်နော်။ကိုယ့်စကားတစ်ခွန်းကြောင့်တစ်ဖက်လူရဲ ့စိတ်ထိခိုက်သွားတာမျိုးမဖြစ်သင့်၊မလုပ်သင့်ပါဘူး။ဒါကြောင့် တစ်ခြားသူတွေနဲ့စကားပြောတဲ့အခါ ဒီစကားလုံးတွေကိုရှောင်ပြီးပြောပါလို့အကြံပေးလိုက်ပါတယ်

502 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.