YG Entertainment ရဲ့ ကောင်လေးအသစ်လေးတွေဖြစ်တဲ့ WINNER အဖွဲ့ဟာ သူတို့ရဲ့ တရားဝင် LINE Messenger အကောင့်ကို နိုင်ငံပေါင်း (၁၀)နိုင်ငံအတွင်း ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။
ကိုရီးယား ၊ တရုတ်၊ ထိုင်ဝမ် ၊ ဟောင်ကောင်း ၊ ထိုင်း ၊ အင်ဒိုးနီးရှားနဲ့ အခြားနိုင်ငံတွေ အပါအ၀င် စုစုပေါင်း(၁၀)နိုင်ငံတို့မှာ ဖွင့်လှစ်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီအဖွဲ့ကတော့ YG Entertainment က စီစဉ်တဲ့ အစီအစဉ်တစ်ခုမှာ အနိုင်ရ ရှင်သန်ကျန်ရစ်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ လေ့ကျင့်ပေးခံထားရတဲ့ အဖွဲ့(၂)ဖွဲ့ဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရတဲ့အဖွဲ့ကိုတော့ ပွဲထုတ်ပေးမှာဖြစ်ပါတယ်။ အဖွဲ့A ကိုတော့ WINNER လို့ သိထားကြပြီး အစီအစဉ်မှာ အနိုင်ရခဲ့တဲ့အတွက် သူတို့ကို တရားဝင်ပွဲထုတ်လာပြီ ဖြစ်ပါတယ်။
တရားဝင် မိတ်ဆက်ပွဲအပြီးမှာ သူတို့ရဲ့အကြောင်းက ဂျပန်မှာလည်း နာမည်ကြီးနေပြီး Big Bang ရဲ့ Japan 6 dome tour မှာ သူတို့အဖွဲ့လည်း ပါဝင်သရုပ်ပြဦးမှာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ပရိတ်သတ်စိတ်ဝင်စားမှုနဲ့ ပံ့ပိုးပေးမှုကို အခုထပ်ပိုမို ရရှိလာအောင် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပြီး နိုင်ငံအတော်များများမှာလည်း လူသိများအောင် လုပ်ဆောင်သွားမှာပါ။ K-Pop ရဲ့ စံချိန်မီတဲ့ အဖွဲ့သစ်တစ်ခုဖြစ်အောင် ဖြည်းဖြည်းချင်းလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
WINNER အနေနဲ့ LINE အကောင့်ကနေတစ်ဆင့် fans တွေနဲ့ ယခုထပ်ပိုပြီး တရင်းတနှီး ဆက်သွယ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ WINNER ဟာ သူတို့အဖွဲ့ရဲ့ “WINNER TV” ရှိုးပွဲအတွက်လည်း အလုပ်တွေရှုပ်နေကြပါတယ်။
Ref:kpopstarz