တစ္ႏွစ္ေက်ာ္နီးပါးပရိသတ္ေတြနဲ႔အလွမ္းေ၀းေနေပမဲ႔ အခ်စ္ခံရဆဲျဖစ္တဲ႔ မင္းသားေခ်ာ Kim Woo Bin

ေတာင္ကုိရီးယားမင္းသားေခ်ာတစ္ေယာက္ျဖစ္တဲ႔ Kim Woo Bin ကုိပရိသတ္ေတြမေမ့ၾကေသးဘူးထင္ပါတယ္ေနာ္။က်န္းမာေရးအေျခအေနေၾကာင့္အႏုပညာလႈပ္ရွားမႈေတြခဏရပ္စဲထားရတ႔ဲအခ်ိန္ျဖစ္လို႔ ပရိသတ္ေတြနဲ႔အလွမ္းေ၀းကြာေနတာပါ။မင္းသားဟာ nasopharynx ကင္ဆာ
ေရာဂါခံစားေနရျပီး ၂၀၁၇ ေမလကစလို႔ ေဆးကုသမႈခံယူေနရတာ အခုခ်ိန္ထိပါပဲ။ဒါေပမဲ႔ က်န္းမာေရးအေျခအေနက ရင္းႏွီးသူေတြရဲ ႔စကားအရ ျပန္လည္ေကာင္းမြန္ေနျပီလုိ႔သိရပါတယ္။

မေန႔ကဇူလိုင္ ၁၆ရက္ေန႔က မင္းသား Kim Woo Bin ရဲ ႔အသက္ ၂၉ႏွစ္ျပည့္ေမြးေန႔ေလးျဖစ္ပါတယ္။သူ႔ရဲ႔ေမြးေန႔မွာ မင္းသားရဲ႔ေအဂ်င္စီျဖစ္တ႔ဲ SidusHQ က အင္စတာဂရမ္မွာ မင္းသားရဲ႔ဓာတ္ပံုေလးနဲ႔ေမြးေန႔ဆုေတာင္းကတ္ေလးတင္ထားခဲ႔တာေတြ႔ရပါတယ္။Caption မွာေတာ့ “Waiting for you to return one day, like nothing happened. Happy 30th birthday” လို႔ေရးသားထားပါတယ္။ေနျပန္ေကာင္းလာျပီးအရင္တုန္းကလို အႏုပညာအလုပ္ေတြအတူတူလုပ္ကုိင္ဖုိ႔ ေစာင့္ေနတယ္ဆုိတဲ႔အဓိပၸာယ္ေလးပါ။

ဒီပုိ႔စ္ေလးကုိျမင္တဲ႔ပရိသတ္ေတြက Kim Woo Bin ရဲ႔က်န္းမာေရးအေျခအေနနဲ႔ပတ္သက္ျပီးေမးျမန္းၾကတဲ႔အခါမွာ “မင္းသားက ေဆးကုသမႈေတြအဆင့္ဆင့္ကုိခံယူေနတုန္းပါပဲ။ဒါေပမဲ႔ အေျခအေနက တုိးတက္ေကာင္းမြန္လာပါျပီ”လုိ႔ ေအဂ်င္စီကျပန္လည္ေျဖၾကားထားတာျမင္ေတြ႔ရပါတယ္။၂၀၁၈ ရဲ ႔ဧျပီလတုန္းကလည္း အခ်စ္ဆံုးသူငယ္ခ်င္းျဖစ္တဲ႔ မင္းသား Kang Dong Won က Woo Bin ရဲ ႔က်န္းမာေရးအေျခအေနနဲ႔ပတ္သက္ျပီးစိတ္မပူဖုိ႔နဲ႔အေျခအေနျပန္လည္ေကာင္းမြန္ေနျပီျဖစ္တဲ႔အေၾကာင္းပရိသတ္ေတြကုိစကားပါးခဲ႔ပါေသးတယ္။

ဘယ္ေလာက္ပဲပရိသတ္ေတြနဲ႔ေ၀းကြာေနပါေစ သူ႔ကုိခ်စ္တဲ႔ပရိသတ္ေတြက အျမဲတမ္းရွိေနပါတယ္။ပရိသတ္ေတြက Kim Woo Bin အတြက္ေမြးေန႔ဆုေတာင္းစကားေတြအမ်ားၾကီးေရးသားဆုေတာင္းေပးခ႔ဲၾကတာျမင္ေတြ႔ရပါတယ္။

ကုိယ့္ရဲ႔ေမြးေန႔ဆုေတာင္းကေတာ့ ပရိသတ္ေတြေရးသားထားတဲ႔ ေမြးေန႔ဆုေတာင္းစာေလးေတြဖတ္ျပီးအားတင္းဖုိ႔နဲ႔ ေနျပန္ေကာင္းလာရင္လည္းအႏုပညာအလုပ္ေတြကုိျဖည္းျဖည္းနဲ႔မွန္မွန္ေလး အေကာင္းဆံုးလုပ္ႏုိင္သြားပါေစဆုိတာပါပဲ ❤ Happy belated birthday, Kim Woo Bin!

Unicode

တောင်ကိုရီးယားမင်းသားချောတစ်ယောက်ဖြစ်တဲ့ Kim Woo Bin ကိုပရိသတ်တွေမမေ့ကြသေးဘူးထင်ပါတယ်နော်။ကျန်းမာရေးအခြေအနေကြောင့်အနုပညာလှုပ်ရှားမှုတွေခဏရပ်စဲထားရတဲ့အချိန်ဖြစ်လို့ ပရိသတ်တွေနဲ့အလှမ်းဝေးကွာနေတာပါ။မင်းသားဟာ nasopharynx ကင်ဆာ
ရောဂါခံစားနေရပြီး ၂၀၁၇ မေလကစလို့ ဆေးကုသမှုခံယူနေရတာ အခုချိန်ထိပါပဲ။ဒါပေမဲ့ ကျန်းမာရေးအခြေအနေက ရင်းနှီးသူတွေရဲ ့စကားအရ ပြန်လည်ကောင်းမွန်နေပြီလို့သိရပါတယ်။

မနေ့ကဇူလိုင် ၁၆ရက်နေ့က မင်းသား Kim Woo Bin ရဲ ့အသက် ၂၉ႏွစ္ပြည့်မွေးနေ့လေးဖြစ်ပါတယ်။သူ့ရဲ့မွေးနေ့မှာ မင်းသားရဲ့အေဂျင်စီဖြစ်တဲ့SidusHQ က အင်စတာဂရမ်မှာ မင်းသားရဲ့ဓာတ်ပုံလေးနဲ့မွေးနေ့ဆုတောင်းကတ်လေးတင်ထားခဲ့တာတွေ့ရပါတယ်။Caption မှာတော့ “Waiting for you to return one day, like nothing happened. Happy 30th birthday” လို့ရေးသားထားပါတယ်။နေပြန်ကောင်းလာပြီးအရင်တုန်းကလို အနုပညာအလုပ်တွေအတူတူလုပ်ကိုင်ဖို့ စောင့်နေတယ်ဆိုတဲ့အဓိပ္ပာယ်လေးပါ။

ဒီပို့စ်လေးကိုမြင်တဲ့ပရိသတ်တွေက Kim Woo Bin ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးမေးမြန်းကြတဲ့အခါမှာ “မင်းသားက ဆေးကုသမှုတွေအဆင့်ဆင့်ကိုခံယူနေတုန်းပါပဲ။ဒါပေမဲ့ အခြေအနေက တိုးတက်ကောင်းမွန်လာပါပြီ”လို့ အေဂျင်စီကပြန်လည်ဖြေကြားထားတာမြင်တွေ့ရပါတယ်။၂၀၁၈ ရဲ ့ဧပြီလတုန်းကလည်း အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ မင်းသား Kang Dong Won က Woo Bin ရဲ ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးစိတ်မပူဖို့နဲ့အခြေအနေပြန်လည်ကောင်းမွန်နေပြီဖြစ်တဲ့အကြောင်းပရိသတ်တွေကိုစကားပါးခဲ့ပါသေးတယ်။

ဘယ်လောက်ပဲပရိသတ်တွေနဲ့ဝေးကွာနေပါစေ သူ့ကိုချစ်တဲ့ပရိသတ်တွေက အမြဲတမ်းရှိနေပါတယ်။ပရိသတ်တွေက Kim Woo Bin အတွက်မွေးနေ့ဆုတောင်းစကားတွေအများကြီးရေးသားဆုတောင်းပေးခဲ့ကြတာမြင်တွေ့ရပါတယ်။

ကိုယ့်ရဲ့မွေးနေ့ဆုတောင်းကတော့ ပရိသတ်တွေရေးသားထားတဲ့ မွေးနေ့ဆုတောင်းစာလေးတွေဖတ်ပြီးအားတင်းဖို့နဲ့ နေပြန်ကောင်းလာရင်လည်းအနုပညာအလုပ်တွေကိုဖြည်းဖြည်းနဲ့မှန်မှန်လေး အကောင်းဆုံးလုပ်နိုင်သွားပါစေဆိုတာပါပဲ ။ Happy belated birthday, Kim Woo Bin!

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.