ချွေတာစုဆောင်းသူဌေးလောင်းဖြစ်စေဖို့ဒီလိုမျိုးလေးသုံးကြည့်ရအောင်
Unicode
လူတိုုင်းကငွေကို လိုချင်ကြ သုံးတတ်ကြပေမဲ့ ချွေတာဖို့၊ သုံးနည်းမှန်မှန်သုံးစွဲဖို့တော့မေ့နေတတ်ကြပါတယ်။ ရှာနိုင်ရင်ပြီးတာပဲ ဆိုပင်မဲ့ တစ်ချိန်မရှာနို်င်တော့တဲ့အခါ အရေးရယ် အကြောင်းရယ်သုံးစွဲဖို့ငွေကြေးလိုလာပြီမဟုတ်လေဘူးလား။ ဆိုတော့ရှာနိုင်တဲ့အချိန် ရှာလို့ကောင်းတုန်းအချိန်မှာ စုဆောင်းတတ်ပြီးချွေတာသုံးစွဲတတ်ဖို့လည်းလိုပါတယ်။ ဒါကြောင့် သူဌေးလောင်း
လေးတွေဖြစ်စေဖို့ ဘယ်လို ငွေကိုစုဆောင်းသုံးစွဲသင့်သလဲဆိုတာ…
(၁) ကောင်းကောင်းနဲ့နည်းနည်းဝယ်ပါ
ပြောချင်တာက ဥပမာကွာ အကျင်္ီ အဝတ်စားဆိုပါတော့ အသားကောင်းကောင်းနဲ့လူတောတိုးမဲ့ အဆင်ပြေတဲ့အဝတ်စားမျိုးကို ရွေးဝယ်ပါ။ ဟိုဟာ ကောင်းနိုးဒီဟာလှနိုးလျှောက်ဝယ်ရင်းခဏလေးနဲ့
ပျက်စီး ပေါက်ပြဲသွားနိုင်တာမျိုးကို မဝယ်ပါနဲ့။ ဒီလိုဘာမဟုတ်တာတွေဝယ်ရင်းတစ်ဖြည်းဖြည်းမကောင်းတာတွေပဲများလာပြီးငွေကုန်ရာရောက်ပါတယ်။
(၂) ကိုယ့်အတွက်တကယ်လိုအပ်မှသုံးပါ
တစ်ခုခုဝယ်မယ်ဆိုသေချာစဉ်းစားပါ။ ကိုယ့်အတွက်တကယ်လိုတယ် တကယ်ကိုလိုအပ်တယ်ဆိုတာမျိုးကိုမှရွေးချယ်ဝယ်ယူပါ။ မလိုအပ်ပဲ အပိုတွေအကုန်ခံပြီးဝယ်ယူတာမျိုးမလုပ်ပါနဲ့။
(၃) စုလို့ပိုတာကိုဖြုန်းပါ
စုလို့ပိုတာတွေကို ဖြုန်းလို့ရပါတယ်။ လူတိုင်းက အမြဲတမ်းတော့ကိုယ့်စိတ်ကို ချုပ်တည်းပြီးလိုချင်တာကိုမဝယ်ပဲနေနိုင်ကြမှာ မဟုတ်လေဘူး။ ဒါကြောင့်ကိုယ်စုလို့ပိုတဲ့ငွေကြေးအနည်းငယ်ကို ကိုယ့်စိတ်ခံစားချက်အတွက်သုံးပါ။
(၄) နောက်အတွက်ဆိုတာမျိုးတွေအရမ်းမများပါနဲ့
အခုမလိုပင်မဲ့နောင်လိုရင်လိုမှာပါလေလို့အကြောင်းပြပြီး လျှောက်လျှောက်ဝယ်တာမျိုးတွေလျော့ပါ။ ဒါတွေက သင့်ငွေကိုကိုက်ကိုက်စားနေကြတဲ့အရာတွေပါ။
(၅) စုဆောင်းထားတဲ့ငွေကိုစုဆောင်းပြီးနောက်ပိုင်းမသိချင်ယောက်ဆောင်နေပါ
စုဆောင်းထားတဲ့ငွေကြေးတွေကို ခဏခဏပြန်ပြန်ထုတ်မသုံးပါနဲ့။ စစုပြီးဆိုကတည်းကမရှိတော့ဘူးသဘောထားပြီးစုဆောင်းတာ အကောင်းဆုံးပါပဲ။
128 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.