အကယ်ဒမီဆုသာရခဲ့မယ်ဆိုရင် ဘ၀မှာ မှတ်တိုင်တစ်ခု ရှိလာပြီလို့ ပြောရမှာပေါ့ ဆိုတဲ့ ယွန်းယွန်း

580208_186712378162027_357608605_n.jpg

အသက်ငယ်ငယ်လေးနဲ့ ကျရာဇာတ်ရုပ် ပေါ်မှာလိုက်ပြီး ပီပြင်စွာ သရုပ်ဆောင် နိုင်လှတဲ့ ယွန်းယွန်းကို ပရိသတ်တွေက လက်ပံ နဲ့ တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကားတွေမှာ အကယ်ဒမီ ဆုရရှိနိုင်တယ်လို့ ခန့်မှန်း ပေးထားတာနဲ့ ပတ်သက်လို့ ကလေးသရုပ်ဆောင် ယွန်းယွန်းက သူ့ရဲ့ အကယ်ဒမီ ရင်ခုန်သံလေးကို ခုလို ဖွင့်ဟသွားပါတယ်။ ‘ယွန်းယွန်းကို အခုလိုမျိုး ပရိသတ်ကြီးက အကယ်ဒမီမျှော်မှန်းပေး ကြတာသိရလို့ ပရိသတ်ကြီး အားလုံးကို အရမ်းပဲ ကျေးဇူးတင်မိပါတယ်။ ယွန်းယွန်း သရုပ်ဆောင်လာခဲ့တဲ့ တလျှောက်မှာ တကယ်လို့ အကယ်ဒမီဆု သာရခဲ့မယ်ဆိုရင် ဘ၀မှာ မှတ်တိုင်တစ်ခု အနေနဲ့ရှိလာပြီလို့ ပြောရမှာပေါ့။ ယွန်းယွန်း သရုပ်ဆောင်ခဲ့တဲ့ လက်ပံဇာတ် ကားရယ်၊ တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ဇာတ်ကားနှစ်ကားထဲက မင်းသမီး နှစ်ယောက်စလုံးကိုလည်း ယွန်းယွန်း ရစေချင်ပါတယ်။ နောက်ပြီး ကိုယ့်ရဲ့Senior ကျတဲ့ အနုပညာရှင် အကုန်လုံးကိုလည်း ရစေချင်ပါတယ်။ အကယ်ဒမီပွဲ တက်ရောက်ဖို့ အတွက်ထူးထူးခြားခြားပြင်ဆင် ထားတာ မျိုးတော့ မရှိပါဘူး။ ၀တ်စုံအတွက် Sponsor ပေးကြတာတွေရှိပေမဲ့ အခုလောလောဆယ်မှာတော့ ဒီဇိုင်နာ မမေသက်လွင်(The Crown Fashion) ကပဲ အစ အဆုံးစီစဉ်ပေးနေပါတယ်။ လက်ဝတ်ရတနာ နဲ့ဖိနပ်အတွက်တော့ Sponsor လက်ခံထားတာမရှိပါဘူး’တဲ့။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.