သင်နဲ့သင့်ချစ်သူတကယ်ကိုချစ်မိနေကြပြီဆိုတာ ဒီအချက်လေးတွေကပြောပြနေ

(၅) ယုံကြည်လာကြတယ်
(၆) အူတိုတတ်လာတယ်

Unicode

တစ်ချို့တွေက ရည်းစားတွေသာဖြစ်နေကြတာ တစ်ယောက်ပေါ်တစ်ယောက်တကယ်သက်ဝင်မိနေတာမျိုးမရှိကြသေးပါဘူး။ တကယ့်ကိုချစ်မိကြတဲ့ ချစ်သူစုံတွဲတွေဆိုတာ ဘယ်လိုပုံစံ
မျိုးလေးတွေလည်း ဘယ်လိုစိတ်ခံစားချက်လေးတွေရှိတတ်ကြသလဲဆိုတာ ကိုသိရှိပြီး ကိုယ်လက်ရှိတွဲနေတဲ့ Relationship ရဲ့အခြေနေကို ခန့်မှန်းကြည့်ရအောင်…
(၁) တစ်ယောက်နဲ့တစ်ယောက်ပွင့်လင်းကြတယ်
တစ်ယောက်နဲ့တစ်ယောက်တကယ်ကိုနှစ်နှစ်ကာကာချစ်မိသွားကြတဲ့အခါ တစ်ယောက်ပေါ်တစ်ယောက်ပွင့်လင်းဖို့ဝန်မလေးကြတော့ပါဘူး။ တစ်ယာက်အကြောင်းတစ်ယောက်သိနေတတ်ကြပြီး
ဖုံးကွယ်ထားစရာအကြောင်းရယ်မရှိတော့လောက်အောင်ကို ပြောပြထားတတ်ကြတာပါ။ ဒါမျိုးကလုပ်ယူလို့မရတဲ့စိတ်ခံစားချက်ပါပဲ၊ အလိုလိုကို လူတစ်ယောက်ကို မေတ္တာသက်ဝင်ပြီးကိုယ်နဲ့ပတ်သတ်သမျှအားလုံးကို မချွင်းမကျန် ပြောပြချင်နေတတ်ကြတာပါ။ သေချာတာကတော့ဒီလူကမင်းအတွက်သိပ်အရေးပါတယ်ဆိုတာသေချာနေပါပြီ။
(၂) မရွံမရှာတတ်ကြတော့ဘူး
တကယ်ချစ်မိသွားကြတဲ့အခါ တစ်ယောက်ကျန်တဲ့မုန့်တစ်ယောက်စားတယ် တစ်ယောက်ပန်းကန်ထဲကအစားစာတစ်ယောက်နှိပ်စားတယ် ရေဘူးတစ်ဘူးနှစ်ယောက်မော့သောက်တယ် ၊ ပိုက်တစ်ချောင်းနှစ်ယောက်စုတ်လည်းရွံစရာရယ်လို့မခံစားရတော့ပါဘူး။ သေချာပါပဲသင်တို့စိတ်ထဲမှာ ဒီလူနဲ့သင်ဟာနှစ်ကိုယ့်တစ်စိတ်လိုခံစားနေရတာပါပဲ။ နောက်ပြီးတစ်ပါးသူကို ပြောပြဖို့မသင့်တော်တဲ့သင့်ရဲ့ရှက်စရာကိစ္စတွေကိုပါ လွယ်လွယ်ကူကူနဲ့ပြောပြနေတတ်တာမျိုးပါ။
(၃) စိတ်ချင်းနားလည်နိုင်ကြတယ်
ဥပမာ တစ်ယောက်ရယ်တာနဲ့တစ်ယောက်ကဘာကြောင့်ဆိုတာ အော်တိုသိနေတတ်တာမျိုး၊ တစ်ယောက်ဘယ်လိုခံစားရလို့ဒီလိုမျက်နှာဖြစ်နေတယ်ဆိုတာ မျိုးကို သိနေတတ်တာမျိုးတွေပါ။
(၄) တစ်ယောက်ဘဝအတွက်တစ်ယောက်ကအရေးပါတဲ့နေရာမှာရှိတယ်
တကယ်ချစ်မိသွားကြတဲ့အတွဲတွေမှာနောင်ရေးနှစ်ယောက်တစ်ဘဝPlan တွေအော်တိုရှိနေတတ်ပြီးသားပါ။ ဥပမာ-နှစ်ယောက်တူတူ ပိုက်ဆံစုတာမျိုး၊ နှစ်ယောက်ရှေ့ရေးအတွက် စီးပွားရေးတစ်ခုခုပေါင်းလုပ်တာမျိုး၊ ဘယ်နှစ်နှစ်ကြာရင်ဘာလုပ်မယ်ဆိုတဲ့ အသေးစားPlan လေးတွေကနေစပြီး သက်ဆုံးတိုင်အထိ ချစ်စရာPlan လေးတွေရှိနေတတ်ပြီးသားပါ။
(၅) ယုံကြည်လာကြတယ်
ကိုယ်ချစ်တဲ့သူက သူများတွေအတွက်အရေးမပါပင်မဲ့ ကိုယ့်အတွက်ကတော့ တော်တယ်တတ်တယ် လှတယ်ပြည့်စုံတယ်လို့ယုံကြည်ခံစားမိပြီးသားပါ။ ဒီလိုတစ်ယောက်ယောက်ပေါ် ယုံကြည်ပြီးသူထက်သာတဲ့သူရှိရင်တောင်သူမှမဟုတ်တာဆိုတဲ့စိတ်မျိုးခံစားမိနေတာလည်းချစ်မိနေတဲ့လက္ခဏာပါပဲ။
(၆) အူတိုတတ်လာတယ်
တကယ်ချစ်ရင်အနည်းနဲ့အများတော့အူတိုတတ်ကြပါတယ်။ သိပ်ပြီးသာ မပြောချင်လို့ နေရင်နေမယ် သင်နဲ့ပတ်သတ်လာရင် သိပ်အူတိုတတ်ကြမှာပါ။ လူတစ်ယောက်ပိုလိုတာထက်ပိုပြီးအူတိုကာ သူ့အတွက်စိတ်ပူပေးတတ်တာမျိုးတွေဖြစ်လာပြီဆိုရင်တကယ်ချစ်မိနေတာသေချာပါပြီ။

799 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.