ေယာက်္ားေလးေတြသူတုိ႔ရဲ ႔ခ်စ္သူမိန္းကေလးကုိ ဖံုးကြယ္ထားတတ္တဲ႔အေၾကာင္းအရာေတြဆုိတာ…

ခ်စ္သူစံုတြဲေတြမွာ တစ္ေယာက္ကုိတစ္ေယာက္ဖံုးကြယ္ထားတဲ႔အရာေတြမရွိသင့္ပါဘူး။သင္တို႔ရဲ႔ အခ်စ္ေရးမွာေရာ တစ္ေယာက္ကိုုတစ္ေယာက္မေျပာပဲထားထားတဲ႔ကိစၥေလးေတြရွိေနလား?ေလ့လာခ်က္ေတြအရေတာ့ ေယာက်္ားေလးေတြက ဒီလုိအေၾကာင္းအရာေလးေတြကုိ သူတို႔ခ်စ္တဲ႔မိန္းကေလးကုိေျပာျပေလ့မရွိပဲဖုံးကြယ္ထားတယ္လုိ႔သိရပါတယ္။တမင္ဖံုးကြယ္ထားတာလားဆုိေတာ့လည္းမဟုတ္ပါဘူး။သူတုိ႔ရဲ႔ခ်စ္သူမိန္းကေလးသိသြားရင္ မလုိအပ္တဲ႔စိတ္ခံစားခ်က္ေတြျဖစ္ေပၚလာမွာမလိုလားလို႔ပါတဲ႔။ဘာေတြလဲဆုိတာ ၾကည့္လိုက္ပါဦး။

၁)သူတုိ႔ရဲ႔အလုပ္မွာ ျပႆနာရွိတာ
သူတို႔ရဲ႔အလုပ္မွာတစ္ခုခုျပႆနာရွိေနရင္ေတာင္ သူတို႔ရဲ႔ခ်စ္သူမိန္းကေလးကုိျပန္ျပီးေျပာျပေလ့မရွိပါဘူး။ဘာလို႔လဲဆုိေတာ့ ဒီလုိျပႆနာေတြေၾကာင့္သူတုိ႔ရဲ႔ခ်စ္သူမိန္းကေလး သူတို႔အေပၚစိတ္ပ်က္သြားမွာ၊သူတုိ႔အေပၚစိုးရိမ္မွာ၊အထင္ေသးတာမိ်ဳးျဖစ္သြားမွာ မျဖစ္ေစခ်င္လုိ႔ပါတဲ႔။

၂)အတိတ္ကအေၾကာင္းအရာေတြ…
သင္မေမးရင္ေတာ့ သူတို႔က ေျပာျပမွာမဟုတ္ပါဘူး။ဥပမာ သူ႔အရင္ရည္းစားက ဘယ္လို lifestyle မ်ိဳးလဲဆုိတာေပ့ါ။အဲ႔ဒီလုိအေၾကာင္းအရာေတြကုိ သင္ကလည္းမေမးဘူး။သူကလည္းမေျပာျပဘူးဆုိရင္မေမးတာအေကာင္းဆံုးပါပဲ။ဘာလို႔လဲဆုိေတာ့ ဒါေတြကအတိတ္မွာျပီးဆံုးခဲ႔ျပီျဖစ္လို႔ အတိတ္ကကိစၥနဲ႔စကားမ်ားရတာမ်ိဳးကုိ သင့္ခ်စ္သူေကာင္ေလးက မျဖစ္ေစခ်င္လို႔ပါပဲ။

၃)သင့္သူငယ္ခ်င္းတစ္ေယာက္ေယာက္က မေကာင္းတာတစ္ခုခုလုပ္ေနတာမ်ိဳး…
ဥပမာ သင့္ရဲ႔အခ်စ္ဆံုးသူငယ္ခ်င္းက သူငယ္ခ်င္းအုပ္စုထဲက တစ္ေယာက္ေယာက္ရဲ႔အေၾကာင္းကုိ အတင္းေျပာေနတာမ်ိဳးေပါ့။အဲ႔ဒီလုိကိစၥမ်ိဳးကုိသူသိသြားတဲ႔အခါမွာလည္းသင့္ကုိေျပာျပမွာမဟုတ္ပါဘူး။ဘာလို႔လဲဆုိေတာ့ သင့္ကိုစိတ္မညစ္ေစခ်င္သလုိ မလိုလားအပ္တဲ႔ျပႆနာေတြျဖစ္လာမွာ
စိုးလို႔ပါတဲ႔။သင့္ကုိတိုက္ရိုက္မထိခိုက္လာသေရြ႔ကေတာ့ သင့္ရဲ႔ ခ်စ္သူက ေအးေအးေဆးေဆးပဲႏႈတ္ဆိတ္ေနေနမွာပါ။

၄)သင္ေပးတဲ႔လက္ေဆာင္ကုိမၾကိဳက္ေပမဲ႔ ဖြင့္မေျပာတာမ်ိဳး…
သင္က အျမတ္တႏုိး၊သတိတရနဲ႔လက္ေဆာင္အျဖစ္၀ယ္လာခဲ႔တယ္ဆုိေပမဲ႔လည္းေယာက်္ားေလးတစ္ေယာက္အေနနဲ႔ သူ႔စိတ္ၾကိဳက္သေဘာက်ျဖစ္ခ်င္မွျဖစ္မွာပါ။တကယ္လို႔မၾကိဳက္ဘူးဆုိရင္လည္း သူက မၾကိဳက္တဲ႔အေၾကာင္းကိုေျပာမွာမဟုတ္ပါဘူး။သေဘာက်တယ္လို႔ပဲေျပာမွာပါ။ဘာလို႔လဲဆုိေတာသူသေဘာမက်ဘူးလို႔ေျပာတာထက္ သင္ေပ်ာ္ရႊင္သြားတာျမင္ခ်င္တဲ႔အတြက္ပါပဲ

၅)သင္ ၀ိတ္တက္လာတဲ႔အခါမ်ိဳး…
၀ိတ္တက္လာတယ္ဆိုတဲ႔စကားက မိန္းကေလးေတြအတြက္ေတာ့ နားထဲဗုံးတစ္လံုးပစ္ထည့္လိုက္သလိုပါပဲ။အဲ႔ဒါကုိသိတဲ႔ ကုိကုိေတြ၊ေမာင္ေတြကလည္း သူတို႔ရဲ႔ခ်စ္သူမိန္းကေလး၀ိတ္တက္လာတာသိေပမဲ႔လည္း ဘာမွမေျပာပါဘူးတဲ႔။ျပီးေတာ့ ၀ိတ္တက္တာ၊က်တာက သူတုိ႔ခ်စ္တာနဲ႔ဘာမွမဆုိင္တဲ႔အတြက္သင္၀ိတ္တက္လာလည္း သူတို႔က ခ်စ္တာကခ်စ္မွာပါပဲ။

၆)အလုပ္ခြင္ထဲမွာ သူတုိ႔ကုိ သေဘာက်ေနတဲ႔မိန္းကေလးရွိေနတာမ်ိဳး…
ဒါလည္းသိကာမွသိေရာပါပဲ။တမင္တကာၾကီး သူတို႔ရံုးကုိေတာ့ မိန္းမေခ်ာေလးတစ္ေယာက္ေျပာင္းလာတယ္၊လုပ္ငန္းခြင္နဲ႔ဆက္စပ္လို႔အလုပ္တြဲဖက္လုပ္ေနရတယ္လုိ႔ေျပာမွာမဟုတ္ပါဘူး။မိန္းကေလးဆုိတာမ်ိဳးက သူတို႔ခ်စ္သူအနားမွာ “မ”ဆုိရင္ယင္မေတာင္ မျမင္ခ်င္ဘူးဆုိသလို တ၀ဲလည္လည္လုုပ္ေနတဲ႔မိန္းကေလးမ်ားရွိတယ္လို႔သိသြားခဲ႔ရင္ တစ္ခ်ိန္လံုးစိတ္မခ်ျဖစ္ေနေတာ့မွာမဟုတ္လား။သင့္ခ်စ္သူက သူ႔အနားမွာဆြဲေဆာင္မႈရွိတဲ႔မိန္းကေလးတစ္ေယာက္တ၀ဲလည္လည္လုပ္ေနတာကုိမေျပာျပဘူးဆုိတာက သူ႔ဘက္က စိတ္မ၀င္စားတဲ႔အတြက္ေၾကာင့္ျဖစ္သလုိ တစ္ဖက္မိန္းကေလးအေပၚေလးစားသမႈနဲ႔ သင့္ကုိမေျပာျပတာပါ။

ဒီအခ်က္ေတြကေတာ့ သူတို႔ဘက္က ေတာ္ရံုေျပာျပေလ့မရွိတဲ႔အေၾကာင္းအရာေတြပါ။ဖံုးကြယ္ထားတယ္ဆုိေပမဲ႔လည္း ဒါကသင့္ရဲ ႔စိတ္ခံစားခ်က္ကုိအေလးထားလို႔၊သင့္ကုိစိတ္မပူေစခ်င္လို႔ သူတို႔ဘက္က မေျပာျပခ်င္တာေတြပဲျဖစ္ပါတယ္။ဒါေၾကာင့္ ခ်စ္သူမိန္းကေလးေတြဘက္ကလည္း ဒီအခ်က္ေတြကုိအတင္းအက်ပ္ေမးျမန္းတာမ်ိဳးမလုပ္မိပါေစနဲ႔ေနာ္ ❤

Unicode

ချစ်သူစုံတွဲတွေမှာ တစ်ယောက်ကိုတစ်ယောက်ဖုံးကွယ်ထားတဲ့အရာတွေမရှိသင့်ပါဘူး။သင်တို့ရဲ့ အချစ်ရေးမှာရော တစ်ယောက်ကိုုတစ်ယောက်မပြောပဲထားထားတဲ့ကိစ္စလေးတွေရှိနေလား?လေ့လာချက်တွေအရတော့ ယောကျ်ားလေးတွေက ဒီလိုအကြောင်းအရာလေးတွေကို သူတို့ချစ်တဲ့မိန်းကလေးကိုပြောပြလေ့မရှိပဲဖုံးကွယ်ထားတယ်လို့သိရပါတယ်။တမင်ဖုံးကွယ်ထားတာလားဆိုတော့လည်းမဟုတ်ပါဘူး။သူတို့ရဲ့ချစ်သူမိန်းကလေးသိသွားရင် မလိုအပ်တဲ့စိတ်ခံစားချက်တွေဖြစ်ပေါ်လာမှာမလိုလားလို့ပါတဲ့။ဘာတွေလဲဆိုတာ ကြည့်လိုက်ပါဦး။

၁)သူတို့ရဲ့အလုပ်မှာ ပြဿနာရှိတာ
သူတို့ရဲ့အလုပ်မှာတစ်ခုခုပြဿနာရှိနေရင်တောင် သူတို့ရဲ့ချစ်သူမိန်းကလေးကိုပြန်ပြီးပြောပြလေ့မရှိပါဘူး။ဘာလို့လဲဆိုတော့ ဒီလိုပြဿနာတွေကြောင့်သူတို့ရဲ့ချစ်သူမိန်းကလေး သူတို့အပေါ်စိတ်ပျက်သွားမှာ၊သူတို့အပေါ်စိုးရိမ်မှာ၊အထင်သေးတာမျိုးဖြစ်သွားမှာ မဖြစ်စေချင်လို့ပါတဲ့။

၂)အတိတ်ကအကြောင်းအရာတွေ…
သင်မမေးရင်တော့ သူတို့က ပြောပြမှာမဟုတ်ပါဘူး။ဥပမာ သူ့အရင်ရည်းစားက ဘယ်လို lifestyle မျိုးလဲဆိုတာပေ့ါ။အဲ့ဒီလိုအကြောင်းအရာတွေကို သင်ကလည်းမမေးဘူး။သူကလည်းမပြောပြဘူးဆိုရင်မမေးတာအကောင်းဆုံးပါပဲ။ဘာလို့လဲဆိုတော့ ဒါတွေကအတိတ်မှာပြီးဆုံးခဲ့ပြီဖြစ်လို့ အတိတ်ကကိစ္စနဲ့စကားများရတာမျိုးကို သင့်ချစ်သူကောင်လေးက မဖြစ်စေချင်လို့ပါပဲ။

၃)သင့်သူငယ်ချင်းတစ်ယောက်ယောက်က မကောင်းတာတစ်ခုခုလုပ်နေတာမျိုး…
ဥပမာ သင့်ရဲ့အချစ်ဆုံးသူငယ်ချင်းက သူငယ်ချင်းအုပ်စုထဲက တစ်ယောက်ယောက်ရဲ့အကြောင်းကို အတင်းပြောနေတာမျိုးပေါ့။အဲ့ဒီလိုကိစ္စမျိုးကိုသူသိသွားတဲ့အခါမှာလည်းသင့်ကိုပြောပြမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ သင့်ကိုစိတ်မညစ်စေချင်သလို မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာမှာ
စိုးလို့ပါတဲ့။သင့်ကိုတိုက်ရိုက်မထိခိုက်လာသရွေ့ကတော့ သင့်ရဲ့ ချစ်သူက အေးအေးဆေးဆေးပဲနှုတ်ဆိတ်နေနေမှာပါ။

၄)သင်ပေးတဲ့လက်ဆောင်ကိုမကြိုက်ပေမဲ့ ဖွင့်မပြောတာမျိုး…
သင်က အမြတ်တနိုး၊သတိတရနဲ့လက်ဆောင်အဖြစ်ဝယ်လာခဲ့တယ်ဆိုပေမဲ့လည်းယောကျ်ားလေးတစ်ယောက်အနေနဲ့ သူ့စိတ်ကြိုက်သဘောကျဖြစ်ချင်မှဖြစ်မှာပါ။တကယ်လို့မကြိုက်ဘူးဆိုရင်လည်း သူက မကြိုက်တဲ့အကြောင်းကိုပြောမှာမဟုတ်ပါဘူး။သဘောကျတယ်လို့ပဲပြောမှာပါ။ဘာလို့လဲဆိုတောသူသဘောမကျဘူးလို့ပြောတာထက် သင်ပျော်ရွှင်သွားတာမြင်ချင်တဲ့အတွက်ပါပဲ

၅)သင် ၀ိတ်တက်လာတဲ့အခါမျိုး…
၀ိတ်တက်လာတယ်ဆိုတဲ့စကားက မိန်းကလေးတွေအတွက်တော့ နားထဲဗုံးတစ်လုံးပစ်ထည့်လိုက်သလိုပါပဲ။အဲ့ဒါကိုသိတဲ့ ကိုကိုတွေ၊မောင်တွေကလည်း သူတို့ရဲ့ချစ်သူမိန်းကလေးဝိတ်တက်လာတာသိပေမဲ့လည်း ဘာမှမပြောပါဘူးတဲ့။ပြီးတော့ ၀ိတ်တက်တာ၊ကျတာက သူတို့ချစ်တာနဲ့ဘာမှမဆိုင်တဲ့အတွက်သင်ဝိတ်တက်လာလည်း သူတို့က ချစ်တာကချစ်မှာပါပဲ။

၆)အလုပ်ခွင်ထဲမှာ သူတို့ကို သဘောကျနေတဲ့မိန်းကလေးရှိနေတာမျိုး…
ဒါလည်းသိကာမှသိရောပါပဲ။တမင်တကာကြီး သူတို့ရုံးကိုတော့ မိန်းမချောလေးတစ်ယောက်ပြောင်းလာတယ်၊လုပ်ငန်းခွင်နဲ့ဆက်စပ်လို့အလုပ်တွဲဖက်လုပ်နေရတယ်လို့ပြောမှာမဟုတ်ပါဘူး။မိန်းကလေးဆိုတာမျိုးက သူတို့ချစ်သူအနားမှာ “မ”ဆိုရင်ယင်မတောင် မမြင်ချင်ဘူးဆိုသလို တဝဲလည်လည်လုုပ်နေတဲ့မိန်းကလေးများရှိတယ်လို့သိသွားခဲ့ရင် တစ်ချိန်လုံးစိတ်မချဖြစ်နေတော့မှာမဟုတ်လား။သင့်ချစ်သူက သူ့အနားမှာဆွဲဆောင်မှုရှိတဲ့မိန်းကလေးတစ်ယောက်တဝဲလည်လည်လုပ်နေတာကိုမပြောပြဘူးဆိုတာက သူ့ဘက်က စိတ်မဝင်စားတဲ့အတွက်ကြောင့်ဖြစ်သလို တစ်ဖက်မိန်းကလေးအပေါ်လေးစားသမှုနဲ့ သင့်ကိုမပြောပြတာပါ။

ဒီအချက်တွေကတော့ သူတို့ဘက်က တော်ရုံပြောပြလေ့မရှိတဲ့အကြောင်းအရာတွေပါ။ဖုံးကွယ်ထားတယ်ဆိုပေမဲ့လည်း ဒါကသင့်ရဲ ့စိတ်ခံစားချက်ကိုအလေးထားလို့၊သင့်ကိုစိတ်မပူစေချင်လို့ သူတို့ဘက်က မပြောပြချင်တာတွေပဲဖြစ်ပါတယ်။ဒါကြောင့် ချစ်သူမိန်းကလေးတွေဘက်ကလည်း ဒီအချက်တွေကိုအတင်းအကျပ်မေးမြန်းတာမျိုးမလုပ်မိပါစေနဲ့နော် ❤

192 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.