သူမအေပၚ ဒါေတြလုပ္မိရင္ မင္းတစ္ေန႔ ေနာင္တရလိမ့္မယ္ 💔

အားလံုး အဆံုးသတ္သြားျပီိလား ? တကယ္ျပီးဆံုးသြားျပီေပါ့ ။ သူမ မင္းကို စကားမေျပာေတာ့ဘူး။ ဖုန္းထဲမွာေရာ ၊ ဆို႐ွယ္မီဒီယာမွာပါ မင္းတုိ႔အတူတဲြ႐ုိက္တဲ့ ဓာတ္ပံုေတြ ဖ်က္ပစ္လိုက္ျပီ။ မင္းရဲ႕ဖုန္းနံပါတ္ေတြ ဘေလာ့ ၊ အင္တာနက္မွာလည္း Unfriend ေတြလုပ္လုိက္ပါျပီရဲ႕။

we went from talking everyday, to being strangers

အတိတ္က အတိတ္ပဲဆိုေပမယ့္ အမွတ္တရေတြကေတာ့ သူမရဲ႕စိတ္ထဲမွာ ေလာင္ျမိဳက္ေနတယ္။
ဘယ္ေတာ့မွ ျပီးဆံုးသြားမယ္လို႔ မေမွ်ာ္လင့္ထားေပမယ့္ ဒီလိုေန႔မ်ဳိးေရာက္လာခဲ့တယ္။ ငိုရတဲ့အခ်ိန္ဟာ ဘယ္ေလာက္မွမ႐ွိပါဘူး။ သူမရဲ႕အေတြးေတြထဲ တစ္ေန႔ထက္ တစ္ေန႔ မင္းအေၾကာင္းေတြ ေလ်ာ့နည္းလာမယ္။ မင္းကိုျပန္လုိခ်င္တဲ့ သူမရဲ႕စိတ္ေတြ တျဖည္းျဖည္း ေလ်ာ့နည္းလာမယ္။ သူမရဲ႕အနာဂတ္မွာ မင္းမပါလည္း ေနတတ္သေလာက္ျဖစ္ေနျပီ။

alone, black and white, boy, breakup, broken, couple, cry, cut, depressed, feelings, girl, hurt, love, miss, quotes, sad, scars, selfhate, starve, tears

မင္း သူမအေပၚ ဘာေတြလုပ္ခဲ့လဲ ျပန္စဥ္းစားမိတယ္။ ေပးခဲတဲ့ ကတိေတြ ဖ်က္ပစ္တယ္။ သူမလိုအပ္ေနတဲ့အခ်ိန္ေတြ မင္းမ႐ွိေပးခဲ့သလို ၊ တန္ဖိုးလည္း မထားခဲ့ဘူး။ အဲ့ဒီအခ်ိန္တုန္းက မင္းဟာ သူမအတြက္ အရာအားလံုး ျပီးေတာ့ သူမရဲ႕ကမၻာတစ္ခုဆိုလည္း မွန္တယ္။ ဒါေပမယ့္ မင္းက သူမအတြက္ အိပ္မက္ဆိုးေတြသာေပးေနခဲ့တယ္။ မင္းရဲ႕ျပင္မရတဲ့ အက်င့္ေတြကသူမကို စိတ္ပ်က္အားေလ်ာ့ေစခဲ့တယ္။

ကိုယ့္ေဘးနားက တန္ဖိုး႐ွိတဲ့လူတစ္ေယာက္ ေပ်ာက္ဆံုးသြားခ်ိန္မွာ မင္းအလိုလိုေနရင္း သူမကို
သတိရလာမယ္။ ဆက္သြယ္ခ်င္လာမယ္။ ဒါေပမယ့္ အရမ္းေနာက္က်သြားျပီ။ သူမအတြက္ အခက္ခဲဆံုးအခ်ိန္ေတြကို တစ္ဆင့္ခ်င္းေက်ာ္ျဖတ္ျပီးသြားျပီ။ မင္းအေၾကာင္းေတြ သူမ အရင္လိုမေတြးျဖစ္ေတာ့ဘူး။ ေမွ်ာ္လင့္ခ်က္ေတြလည္း မရွိ ၊ ဒီထက္ပိုျပီး နာက်င္စရာလည္းမရွိေတာ့ဘူး။ သင္ထက္ထားတာထက္ သူမအမ်ားၾကီး ၾကံ့ခိုင္လာခဲ့တယ္။

Anxiety Depicted

မင္းကို ႏွလံုးသားတစ္ခုလံုးနဲ႔ရင္းျပီး ခ်စ္တဲ့မိန္းကေလးတစ္ေယာက္ကို အလြယ္ေလးနဲ႔ လက္လႊတ္
ခဲ့တယ္။ မင္းအတြက္နဲ႔ တိုက္ခိုက္ခဲ့တဲ့လူတစ္ေယာက္ကို ဒီတိုင္းရပ္ၾကည့္ေနခဲ့တယ္။

မင္းမ႐ွိလည္း သူမ ေပ်ာ္ေနတယ္။ အျခားလူတစ္ေယာက္ရဲ႕ရင္ခြင္ထဲမွာ သူမအျပံဳးေတြက ပုိျပီးလင္းလက္ေနခဲ့တယ္။ အဲ့ဒီအခ်ိန္မွာ ေတြးမိတာက တစ္ခ်ိန္က ငါ့ရဲ႕မိန္းကေလးက သူျဖစ္ခဲ့ပါလား လို႔ေပါ့။ သူမအေပၚလုပ္ခဲ့မိတာအတြက္ ေနာင္တရလာမယ္။ သူမကို နာက်င္ေစမိတဲ့အတြက္ သင္လည္း နာက်င္လာတယ္။

အခု သူမေပ်ာ္ရႊင္ေနျပီး မင္း အထီးက်န္ေနတယ္။ မင္းေနာက္တစ္ေယာက္နဲ႔ အတူ႐ွိေနရင္ေတာင္
မင္း စိတ္ထဲမေပ်ာ္ဘူး ဘာလုိ႔လဲ.. မင္းအတြက္ သူမတစ္ေယာက္လံုး႐ွိခဲ့တယ္ဆုိတာကို အခါခါ ေတြးေနမိလို႔ပဲ။ သူမအေပၚလုပ္ခဲ့မိတာအတြက္ မင္းေနာင္တရလာမယ္။ မင္းရဲ႕ခ်စ္တယ္ဆိုတဲ့ စကားက သူမကိုနာက်င္ေစခဲ့တယ္။ ေနာက္ဆံုးေတာ့ ဒီအတြက္ မင္းတစ္သက္လံုး ေနာင္တရေန
ေတာ့မယ္။

Look how broken she lookS.

ဒါေၾကာင့္ ကိုယ့္ကိုခ်စ္တဲ့သူအေပၚ နာက်င္ေအာင္ မလုပ္ပါနဲ႔။ အနားမွာ႐ွိေနတုန္း တန္ဖိုးထားပါ။မ႐ွိေတာ့မွ ေနာင္တရေနမယ့္အစား ခုခ်ိန္မွာ တန္ဖိုးထားခ်စ္ေပးၾကပါ။ တစ္ေယာက္နဲ ႔တစ္ေယာက္
က တကယ္ခ်စ္လို႔ လက္တဲြခဲ့ၾကတာပဲ။ ဘာမွမဟုတ္တဲ့ ျပႆနာေလးေတြနဲ႔ အားကုန္ခံ ရန္ျဖစ္မေနပဲ သည္းခံ နားလည္ ခြင့္လႊတ္ရင္း ေရႊလက္ျမဲျမဲ တဲြႏုိင္ၾကပါေစ႐ွင္ … 👫 💕

By : Shannon Soccocio

(Unicode)

အားလုံး အဆုံးသတ်သွားပြီိလား ? တကယ်ပြီးဆုံးသွားပြီပေါ့ ။ သူမ မင်းကို စကားမပြောတော့ဘူး။ ဖုန်းထဲမှာရော ၊ ဆိုရှယ်မီဒီယာမှာပါ မင်းတို့အတူတွဲရိုက်တဲ့ ဓာတ်ပုံတွေ ဖျက်ပစ်လိုက်ပြီ။ မင်းရဲ့ဖုန်းနံပါတ်တွေ ဘလော့ ၊ အင်တာနက်မှာလည်း Unfriend တွေလုပ်လိုက်ပါပြီရဲ့။

အတိတ်က အတိတ်ပဲဆိုပေမယ့် အမှတ်တရတွေကတော့ သူမရဲ့စိတ်ထဲမှာ လောင်မြိုက်နေတယ်။
ဘယ်တော့မှ ပြီးဆုံးသွားမယ်လို့ မမျှော်လင့်ထားပေမယ့် ဒီလိုနေ့မျိုးရောက်လာခဲ့တယ်။ ငိုရတဲ့အချိန်ဟာ ဘယ်လောက်မှမရှိပါဘူး။ သူမရဲ့အတွေးတွေထဲ တစ်နေ့ထက် တစ်နေ့ မင်းအကြောင်းတွေ လျော့နည်းလာမယ်။ မင်းကိုပြန်လိုချင်တဲ့ သူမရဲ့စိတ်တွေ တဖြည်းဖြည်း လျော့နည်းလာမယ်။ သူမရဲ့အနာဂတ်မှာ မင်းမပါလည်း နေတတ်သလောက်ဖြစ်နေပြီ။

မင်း သူမအပေါ် ဘာတွေလုပ်ခဲ့လဲ ပြန်စဉ်းစားမိတယ်။ ပေးခဲတဲ့ ကတိတွေ ဖျက်ပစ်တယ်။ သူမလိုအပ်နေတဲ့အချိန်တွေ မင်းမရှိပေးခဲ့သလို ၊ တန်ဖိုးလည်း မထားခဲ့ဘူး။ အဲ့ဒီအချိန်တုန်းက မင်းဟာ သူမအတွက် အရာအားလုံး ပြီးတော့ သူမရဲ့ကမ္ဘာတစ်ခုဆိုလည်း မှန်တယ်။ ဒါပေမယ့် မင်းက သူမအတွက် အိပ်မက်ဆိုးတွေသာပေးနေခဲ့တယ်။ မင်းရဲ့ပြင်မရတဲ့ အကျင့်တွေကသူမကို စိတ်ပျက်အားလျော့စေခဲ့တယ်။

ကိုယ့်ဘေးနားက တန်ဖိုးရှိတဲ့လူတစ်ယောက် ပျောက်ဆုံးသွားချိန်မှာ မင်းအလိုလိုနေရင်း သူမကို
သတိရလာမယ်။ ဆက်သွယ်ချင်လာမယ်။ ဒါပေမယ့် အရမ်းနောက်ကျသွားပြီ။ သူမအတွက် အခက်ခဲဆုံးအချိန်တွေကို တစ်ဆင့်ချင်းကျော်ဖြတ်ပြီးသွားပြီ။ မင်းအကြောင်းတွေ သူမ အရင်လိုမတွေးဖြစ်တော့ဘူး။ မျှော်လင့်ချက်တွေလည်း မရှိ ၊ ဒီထက်ပိုပြီး နာကျင်စရာလည်းမရှိတော့ဘူး။ သင်ထက်ထားတာထက် သူမအများကြီး ကြံ့ခိုင်လာခဲ့တယ်။

မင်းကို နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီး ချစ်တဲ့မိန်းကလေးတစ်ယောက်ကို အလွယ်လေးနဲ့ လက်လွှတ်
ခဲ့တယ်။ မင်းအတွက်နဲ့ တိုက်ခိုက်ခဲ့တဲ့လူတစ်ယောက်ကို ဒီတိုင်းရပ်ကြည့်နေခဲ့တယ်။

မင်းမရှိလည်း သူမ ပျော်နေတယ်။ အခြားလူတစ်ယောက်ရဲ့ရင်ခွင်ထဲမှာ သူမအပြုံးတွေက ပိုပြီးလင်းလက်နေခဲ့တယ်။ အဲ့ဒီအချိန်မှာ တွေးမိတာက တစ်ချိန်က ငါ့ရဲ့မိန်းကလေးက သူဖြစ်ခဲ့ပါလား လို့ပေါ့။ သူမအပေါ်လုပ်ခဲ့မိတာအတွက် နောင်တရလာမယ်။ သူမကို နာကျင်စေမိတဲ့အတွက် သင်လည်း နာကျင်လာတယ်။

အခု သူမပျော်ရွှင်နေပြီး မင်း အထီးကျန်နေတယ်။ မင်းနောက်တစ်ယောက်နဲ့ အတူရှိနေရင်တောင်
မင်း စိတ်ထဲမပျော်ဘူး ဘာလို့လဲ.. မင်းအတွက် သူမတစ်ယောက်လုံးရှိခဲ့တယ်ဆိုတာကို အခါခါ တွေးနေမိလို့ပဲ။ သူမအပေါ်လုပ်ခဲ့မိတာအတွက် မင်းနောင်တရလာမယ်။ မင်းရဲ့ချစ်တယ်ဆိုတဲ့ စကားက သူမကိုနာကျင်စေခဲ့တယ်။ နောက်ဆုံးတော့ ဒီအတွက် မင်းတစ်သက်လုံး နောင်တရနေ
တော့မယ်။

ဒါကြောင့် ကိုယ့်ကိုချစ်တဲ့သူအပေါ် နာကျင်အောင် မလုပ်ပါနဲ့။ အနားမှာရှိနေတုန်း တန်ဖိုးထားပါ။မရှိတော့မှ နောင်တရနေမယ့်အစား ခုချိန်မှာ တန်ဖိုးထားချစ်ပေးကြပါ။ တစ်ယောက်နဲ ့တစ်ယောက်
က တကယ်ချစ်လို့ လက်တွဲခဲ့ကြတာပဲ။ ဘာမှမဟုတ်တဲ့ ပြဿနာလေးတွေနဲ့ အားကုန်ခံ ရန်ဖြစ်မနေပဲ သည်းခံ နားလည် ခွင့်လွှတ်ရင်း ရွှေလက်မြဲမြဲ တွဲနိုင်ကြပါစေရှင် …

By : Shannon Soccocio

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.