အသည္းကြဲတဲ႔အခါ အႏုပညာလက္စြမ္းလက္စေတြထြက္လာတယ္ဆုိသလို…

ဘ၀တစ္ေလ်ွာက္လံုးမွာ မထင္မွတ္ထားတာေတြအမ်ားၾကီးျဖစ္လာႏုိင္တယ္၊ၾကံဳလာႏုိင္တယ္ဆိုတာ ေမ့ထားလို႔မရပါဘူး။ကုိယ္မထင္မွတ္ထားတဲ႔အရာျဖစ္လာခဲ႔ရင္အေကာင္းဆံုးေျဖရွင္းႏုိင္စြမ္းရွိရမယ္ဆုိတာကုိ Rafael ဆုိတဲ႔အမ်ိဳးသားက လက္ေတြ႔သက္ေသျပသြားခဲ႔ပါတယ္။

ဘရာဇီးလူမ်ိဳးအႏုပညာရွင္တစ္ေယာက္ျဖစ္တဲ႔  Rafael Mantesso ဟာ ၂၀၁၄မွစျပီး သူ႔ရဲ႔ေခြးေလးကုိဓာတ္ပံုေတြရုိက္၊သရုပ္ေဖာ္ပံုေတြဆြဲရင္းအင္စတာဂရမ္မွာနာမည္ရလာသူျဖစ္ပါတယ္။သူက အရည္အခ်င္းရွိတဲ႔အႏုပညာရွင္တစ္ေယာက္ျဖစ္ရံုမက တစ္ျခားသူေတြကုိပါ အသည္းကြဲေ၀ဒနာကုိေက်ာ္လႊားႏုိင္ဖုိ႔လမ္းျပခဲ႔သူတစ္ေယာက္ဆုိလည္းမမွားပါဘူး။

သူ႔ရဲ႔ဇာတ္ေၾကာင္းကုိေျပာရမယ္ဆိုရင္ေတာ့ သူခ်စ္တဲ႔မိန္းကေလးနဲ႔လက္ထပ္ခဲ႔ေပမဲ႔ မထင္မွတ္ထားစြာနဲ႔ပဲ အဆင္မေျပမႈေတြ၊ရန္ျဖစ္စရာေတြေပၚလာခဲ႔ပါတယ္။မကြဲကြာဖုိ႔အေရး တတ္ႏုိင္သေလာက္ၾကိဳးစားခဲ႔ေပမဲ႔ သူ႔ကုိဇနီးျဖစ္သူက ထားပစ္ခဲ႔ပါတယ္။Rafael ရဲ ႔ဇနီးဟာ သူအသက္ ၃၀ျပည့္ေမြးေန႔ရက္မွာထားပစ္ခဲ႔ျပီး သူ႔ေခြးေလးကလြဲလုိ႔ က်န္တာအားလံုးယူသြားခဲ႔တာပါတဲ႔။Rafael ဟာ စိတ္ကုသေပးသူဆရာ၀န္ဆီေတာင္သြားျပခဲ႔ရျပီး သူ႔ဆီမွာတစ္ခုတည္းေသာသံေယာဇဥ္တြယ္စရာက ေခြးေလးပဲရွိခဲ႔တဲ႔ေနာက္ Rafael ဟာသူ႔ကုိယ္သူျပန္တည့္မတ္ဖို႔ၾကိဳးစားခဲ႔ပါတယ္။

သူက ေခြးေလး Jimmy Choo နဲ႔အတူရယ္စရာေပ်ာ္စရာဓာတ္ပံုေလးေတြအမ်ားၾကီးဖန္တီးခဲ႔ျပီးအင္စတာဂရမ္မွာတင္ခဲ႔ရာကေန အားလံုးက သူ႔ရဲ ႔ဖန္တီးမႈစြမ္းရည္ကိုသေဘာက်ကာအားေပးမႈေတြ
ရရွိလာခဲ႔တာျဖစ္ပါတယ္။Rafael ဟာ A Dog Named Jimmy ဆုိတဲ႔စာအုပ္ေလးတာင္ေရးသားထုတ္ေ၀ခဲ႔ပါေသးတယ္။အခုဆိုရင္ သူ႔ရဲ ႔အင္စတာဂရမ္မွာေဖာလုိး၀ါး ၆၀၀၀ ေက်ာ္နီးပါးရွိေနျပီး တစ္ေန႔တစ္ေန႔သူဘာစိတ္၀င္စားဖုိ႔ေကာင္းတာေတြတင္မလဲဆုိျပီး သူ႔ပရိသတ္ေတြက ေစာင့္ေမ်ွာ္အားေပးေနၾကတာပါ။ကဲ ဒါျဖင့္ရင္ သူ႔ေခြးေလးနဲ႔အတူဖန္တီးရိုက္ထားတဲ႔ ခ်စ္စရာပံုရိပ္ေလးေတြ ကုိၾကည့္လိုက္ပါဦး

Unicode

ဘဝတစ်လျှောက်လုံးမှာ မထင်မှတ်ထားတာတွေအများကြီးဖြစ်လာနိုင်တယ်၊ကြုံလာနိုင်တယ်ဆိုတာ မေ့ထားလို့မရပါဘူး။ကိုယ်မထင်မှတ်ထားတဲ့အရာဖြစ်လာခဲ့ရင်အကောင်းဆုံးဖြေရှင်းနိုင်စွမ်းရှိရမယ်ဆိုတာကို Rafael ဆိုတဲ့အမျိုးသားက လက်တွေ့သက်သေပြသွားခဲ့ပါတယ်။

ဘရာဇီးလူမျိုးအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Rafael ဟာ ၂၀၁၄မှစပြီး သူ့ရဲ့ခွေးလေးကိုဓာတ်ပုံတွေရိုက်၊သရုပ်ဖော်ပုံတွေဆွဲရင်းအင်စတာဂရမ်မှာနာမည်ရလာသူဖြစ်ပါတယ်။သူက အရည်အချင်းရှိတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ရုံမက တစ်ခြားသူတွေကိုပါ အသည်းကွဲဝေဒနာကိုကျော်လွှားနိုင်ဖို့လမ်းပြခဲ့သူတစ်ယောက်ဆိုလည်းမမှားပါဘူး။

သူ့ရဲ့ဇာတ်ကြောင်းကိုပြောရမယ်ဆိုရင်တော့ သူချစ်တဲ့မိန်းကလေးနဲ့လက်ထပ်ခဲ့ပေမဲ့ မထင်မှတ်ထားစွာနဲ့ပဲ အဆင်မပြေမှုတွေ၊ရန်ဖြစ်စရာတွေပေါ်လာခဲ့ပါတယ်။မကွဲကွာဖို့အရေး တတ်နိုင်သလောက်ကြိုးစားခဲ့ပေမဲ့ သူ့ကိုဇနီးဖြစ်သူက ထားပစ်ခဲ့ပါတယ်။Rafael ရဲ ့ဇနီးဟာ သူအသက် ၃ဝပြည့်မွေးနေ့ရက်မှာထားပစ်ခဲ့ပြီး သူ့ခွေးလေးကလွဲလို့ ကျန်တာအားလုံးယူသွားခဲ့တာပါတဲ့။Rafael ဟာ စိတ်ကုသပေးသူဆရာဝန်ဆီတောင်သွားပြခဲ့ရပြီး သူ့ဆီမှာတစ်ခုတည်းသောသံယောဇဉ်တွယ်စရာက ခွေးလေးပဲရှိခဲ့တဲ့နောက် Rafael ဟာသူ့ကိုယ်သူပြန်တည့်မတ်ဖို့ကြိုးစားခဲ့ပါတယ်။

သူက ခွေးလေး Jimmy Choo နဲ့အတူရယ်စရာပျော်စရာဓာတ်ပုံလေးတွေအများကြီးဖန်တီးခဲ့ပြီးအင်စတာဂရမ်မှာတင်ခဲ့ရာကနေ အားလုံးက သူ့ရဲ ့ဖန်တီးမှုစွမ်းရည်ကိုသဘောကျကာအားပေးမှုတွေ
ရရှိလာခဲ့တာဖြစ်ပါတယ်။Rafael ဟာ A Dog Named Jimmy ဆိုတဲ့စာအုပ်လေးတာင်ရေးသားထုတ်ဝေခဲ့ပါသေးတယ်။အခုဆိုရင် သူ့ရဲ ့အင်စတာဂရမ်မှာဖောလိုးဝါး ၆၀၀၀ ကျော်နီးပါးရှိနေပြီး တစ်နေ့တစ်နေ့သူဘာစိတ်ဝင်စားဖို့ကောင်းတာတွေတင်မလဲဆိုပြီး သူ့ပရိသတ်တွေက စောင့်မျှော်အားပေးနေကြတာပါ။ကဲ ဒါဖြင့်ရင် သူ့ခွေးလေးနဲ့အတူဖန်တီးရိုက်ထားတဲ့ ချစ်စရာပုံရိပ်လေးတွေ ကိုကြည့်လိုက်ပါဦး

46 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.