ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေအတွက်အသင့်ဖြစ်နေပြီလား Running Man ပရိသတ်ကြီး !

Mission Impossible မင်းသားတွေဖြစ်တဲ့ Tom Cruise ၊ Simon Pegg နဲ့ Henry Cavill တို့ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ရသစုံရှိုးအစီအစဉ်တစ်ခုဖြစ်တဲ့Running Man မှာ ဧည့်သည်အဖြစ်ပါဝင်သရုပ်ဆောင်သွားမယ်လို့ ပြည်ပမီဒီယာတစ်ခုရဲ့ဖော်ပြချက်အရသိရပါတယ်။




Unicode

Mission Impossible မင်းသားတွေဖြစ်တဲ့ Tom Cruise ၊ Simon Pegg နဲ့ Henry Cavill တို့ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ရသစုံရှိုးအစီအစဉ်တစ်ခုဖြစ်တဲ့
Running Man မှာ ဧည့်သည်အဖြစ်ပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြည်ပမီဒီယာတစ်ခုရဲ့ဖော်ပြချက်အရသိရပါတယ်။

Soompi မီဒီယာရဲ့ဖော်ပြချက်အရ ဇူလိုင် ၁၅ရက်နေ့က အတည်ပြုကြေညာခဲ့တာဖြစ်ပြီး Tom Cruise ၊ Simon Pegg နဲ့ Henry Cavill တို့က Special
episode မှာပါဝင်မှာပဲဖြစ်ပါတယ်။“Mission: Impossible – Fallout” နဲ့ “Running Man” တို့ဆုံတွေ့မယ့် အထူးအစီအစဉ်အတွက် အားလုံး အတည်ပြုလက်ခံပြီးသွားပါပြီ။အဲ့ဒါကြောင့်နိုင်ငံတကာက ပရိသတ်တွေကလည်းဝမ်းသာအားရနဲ့ကြည့်ရှုအားပေးဖို့ စောင့်မျှော်နေကြပါတယ်။

Tom Cruise ၊ Simon Pegg နဲ့ Henry Cavill တို့က ဇာတ်ကားသစ်”Mission Impossible: Fallout” အတွက် Press tour လုပ်ဖို့ ၂ညအိပ် ၃ရက်ခရီးအဖြစ် တောင်ကိုရီးယားနိုင်ငံကိုလာမှာဖြစ်ပြီး အဲ့ဒီအတောအတွင်း RM မှာ ဧည့်သည်အဖြစ်ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။RM ပရိသတ်တွေကတော့ Spartan (Kim Jong Kook) နဲ့ Superman (Henry Cavill) တို့တွေ့ဆုံယှဉ်ပြိုင်ပွဲကို ကြည့်ဖို့စိတ်တွေလှုပ်ရှားနေကြပါပြီ။

တောင်ကိုရီးယားနိုင်ငံဟာ Tom Cruise အတွက် ကိုးကြိမ်မြောက်အလည်ရောက်တာဖြစ်ပြီး Simon အတွက်က ဒုတိယအကြိမ်မြောက်ပါ။Henry Cavill
ကတော့ ပထမဆုံးအကြိမ်ရောက်ဖူးတာပဲဖြစ်ပါတယ်။သူတို့ပါဝင်မယ့် Running Man Special episode ကိုတော့ ဇူလိုင် ၂၂ရက်နေ့မှာထုတ်လွှင့်ပြသမှာပဲ
ဖြစ်ပါတယ်။ကဲ RM ပရိသတ်တွေ စိတ်လှုပ်ရှားရင်ခုန်ပေတော့ပဲ !

509 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.