လူသိရှင်ကြားတရားဝင်ချစ်သူတွေဖြစ်သွားကြပြီဆိုရင်ဒါမျိုးလေးတွေသိထားသင့်☺☺💛💛
(၁) တစ်ခြားမိန်းကလေးသူငယ်ချင်း(သို့)ယောင်္ကျားလေးသူငယ်ချင်းနဲ့အရမ်းအနေနီးတာမျိုး
Unicode
RS တစ်ခုဟာလူသိရှင်ကြားနဲ့တရားဝင်အတွဲတွေအဖြစ်အများရှေ့မှာကြေငြာပြီးသွားပြီဆိုရင်တော့ နှစ်ဦးနှစ်ဖက်လုံး စိတ်မညစ်စေဖို့ဒီလိုအရာမျိုးလေးတွေကို အတတ်နိုင်ဆုံးရှောင်ကြဉ်သင့်ပါတယ်…
(၁) တစ်ခြားမိန်းကလေးသူငယ်ချင်း(သို့)ယောကျင်္ားလေးသူငယ်ချင်းနဲ့အရမ်းအနေနီးတာမျိုး
တစ်ချို့သူတွေကဘာရယ်ညာရယ်မဟုတ်ဘူး ကိုယ့်ရဲ့အရမ်းရင်းနှီးတဲ့သူငယ်ချင်းပဲဆိုပြီး နီးနီးကပ်ကပ်နေလေ့ရှိတတ်ကြပါတယ်။ ဒါပင်မဲ့ တရားဝင်တွဲနေတဲ့ ချစ်သူတစ်ယောက်ရှိလာရင်တော့
ချုပ်ချယ်တယ်လို့မတွေးပဲလူမှုရေးအရလို့တွေးပြီးအနေထိုင်ဆင်ခြင်ပါ။ ကိုယ့်ချစ်သူကနားလည်ပေးရင်တောင်ပတ်ဝန်းကျင်က မင်းချစ်သူကို သနားစရာမျက်လုံးတွေနဲ့ကြည့်နေတတ်ပါတယ်။
(၂) တစ်ယောက်ရဲ့ပတ်ဝန်းကျင်ကို တစ်ယောက်ဝင်ရောက်ပါ
အတည်တွဲပြီးဆိုကတည်းကတစ်ယောက်ရဲ့ပတ်ဝန်းကျင်ကိုတစ်ယောက် အနည်းငယ်ပဲဖြစ်ဖြစ်ရင်းနှီးနေအောင်ဝင်ရောက်ထားဖို့လိုပါတယ်။ သူ့အပေါင်းသင်းကိုယ့်အပေါင်းသင်းသူ့ပတ်ဝန်းကျင်
ကိုယ့်ပတ်ဝန်းကျင် ရင်းနှီးအောင်နေတတ်ဖို့လိုပါတယ်။
(၃) Social Media ပေါ်မှာ အပြောဆိုဆင်ခြင်ပါ
ကိုယ်တင်လိုက်တဲ့ပိုစ့်ကိုယ်ရေးလိုက်တဲ့အကြောင်းအရာ ကိုယ် Share လို်က်မိတဲ့အကြောင်းအရာတွေက ကိုယ့်ချစ်သူရဲ့တန်ဖိုးတွေသိက္ခာတွေကိုယ်တွေနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေကို ညိုးငယ်သွားစေနိုင်တာမျိုးဆိုရင် လုံးဝမတင် မShareပါနဲ့။ ဘာမဟုတ်တဲ့ကိစ္စလေးကြောင့်စကားတွေအချေအတင်ပြောရင်းနားလည်မှုလွဲတာမကောင်းပါဘူး။
(၄) အသိပေးတတ်တဲ့အကျင့်လေးလုပ်ပါ
အိမ်ထောင်ကျတာမှမဟုတ်ပဲ ဒီလောက်လုပ်စရာမလိုဘူး မထင်ပါနဲ့တကယ်ချစ်ရင်လုပ်နိုင်ပါတယ်။ ကိုယ့်အတွက်အကြံညဏ်တွေသူ့ဆီကတောင်းပါ။ သူနဲ့ပတ်သတ်တဲ့ကောင်းကောင်းဆိုုးဆိုး ကိစ္စတွေကို ကိုယ်သိအောင် သူပြောပြလာအောင်ကြိုးစားပါ။ ဘာတွေသူ့အတွက် အကူညီရမလဲတွေးရင်းစေနာထားပါ။ ဘာလုပ်လုပ်အသိပေးတတ်တဲ့အကျင့်လေးလုပ်ခြင်းက တစ်ယောက်ပေါ်တစ်ယောက်ယုံကြည်မှုပိုတိုးစေနိုင်ပါတယ်။
(၅) လွယ်လွယ်နဲ့လမ်းမခွဲပါနဲ့
သေချာမှလူသိရှင်ကြားကြေငြာတာအကောင်းဆုံးပါ။ ဒါပင်မဲ့ ကံမကောင်းလို့ကွဲသွားလည်းမတတ်နိုင်ဘူးပေါ့လေ ၊ ဒီလို ကံမကောင်းတာမျိုးဖြစ်နိုင်ပင်မဲ့ တွဲနေတုန်းမှာတော့ အတတ်နိုင်ဆုံးတစ်ယောက်နဲ့တစ်ယောက်ညှိနှိုင်းပြီးအေးချမ်းအောင်ကြိုးစားကြည့်ပါ။ လူအများသိတဲ့ RS တစ်ခုကိုလွယ်လွယ်လေးနဲ့မပြတ်တောက်ပါနဲ့။
1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.