ပတ်ဝန်းကျင်မှာ ဒီလိုလူအတုယောင်တွေရှိနေတတ်သတဲ့.. သတိထားကြကုန်

ဘယ်ကိုပဲသွားသွား ၊ ဘာပဲလုပ်လုပ် ကိုယ်ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်မှာ ဂြိုလ်မွှေတဲ့လူမျိုးဆိုတာ အမြဲရှိနေတတ်ပါတယ်။ အဲ့တော့ ကိုယ့်ခေါင်းပေါ် တက်မနင်းသွားအောင်သတိထားပြီတော့သာ ရှောင်ပါလေ။ ကိုယ်နဲ့အနီိးကပ်ပေါင်းနေပြီး နောက်ကျောထိုးနဲ့ ထိုးမယ့်လူလား ၊ ဒီလူဟာ တစ်သက်လုံး ပေါင်းသင်းထိုက်တဲ့လူလားဆိုတာ ခွဲခြားသိမြင်နိုင်မယ့် နည်းလေးတွေ ပြောပြပေးလိုက်တယ်နော်။

လူကောင်း

Image result for genius people
– ကောင်းမွန်တဲ့ စိတ်ဓာတ်ရှိသူဟာ လူသားတိုင်းအပေါ် လေးစားမှုပေးပါတယ်။
– အခြားလူတွေကို ချီးကျုးစကားပြော ၊ နှစ်သိမ့်အားပေးတတ်
– ကတိတစ်လုံးကို တည်နိုင်ဖို့ အကောင်းဆုံး အမြဲတမ်းကြိုးစားတယ်
– ပွင့်လင်းစွာနဲ့ ကိုယ်ပိုင်အမြင်ကို ပြောဆို
– ချိုသာတယ် ၊ အချိန်မရွေး အမြဲကူညီဖို့ အသင့်
– ကြွားဝါမပြောဆိုဘူး
– လူအများရဲ့ အာရုံစိုက်မှုကို မလိုချင်
– လူတွေ သူ့ကို သဘောကျအောင် အတင်းမလုပ်ဘူး

အတုယောင်လူမျိုး

Related image
– ပိုက်ဆံ ၊ အာဏာရှိတဲ့သူတွေအပေါ်သာ လေးစားမှုပေး
– ကိုယ့်ကိုကိုယ် အမွှန်းတင်ဖို့ သူများကိုနှိမ့်ချပြောဆိုတတ်
– လွယ်လွယ်နဲ့ ကတိပေးတတ်သလို ၊ လွယ်လွယ်လေးနဲ့ ပြန်ဖျက်တတ်
– နောက်ကွယ် အတင်းတုတ်
– သူတို့လိုချင်တာရှိမှ ကူညီပေးတတ်
– တစ်ချိန်လုံး ရှိကြောင်း ကြွားနေ
– အမြဲတမ်း အာရုံစိုက်ခြင်းခံရတာကို သဘောကျ
– လူတွေသဘောကျလာအောင် အတင်းလုပ်ယူ

ပြောပြသွားတဲ့ အပေါ်နဲ့ အောက် အချက်လေးတွေကို ယှဉ်ပြီး ကိုယ့်ပတ်ဝန်းကျင်မှ စစ်မှန်တဲ့လူ
တွေများနေလား .. အတုယောင်တွေပဲ ပေါနေလားဆိုတာ သေချာချိန်ကိုက်ကြည့်ပါ။

137 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.