Collar Bone လွလွေလးပုိင္ဆုိင္ခ်င္တယ္ဆုိရင္ ဒီေယာဂေလ့က်င့္ခန္းေလးေတြလုပ္ေပးသင့္

Collar Bone ဆုိတာ လွပျခင္းအမွတ္အသားတစ္ခုလိုပါပဲ။Collar Bone ရွိတဲ႔မိန္းကေလးေတြဆို off-shoulder ေလးေတြပဲ၀တ္မလား ၊ဖန္စီဆြဲၾကိဳးေလးေတြပဲ၀တ္မလား သူတုိ႔ကုိ ပုိျပီးလွပေအာင္ပံ႔ပုိးေပးေနသလုိပါပဲ။တကယ္ေတာ့ မိန္းကေလးတုိင္းမွာ Collar Bone ဆုိတာရွိပါတယ္။ဒါေပမဲ႔ ခႏၶာကုိယ္ပိန္သြယ္တဲ႔မိန္းကေလးေတြမွာေတာ့ ပုိျပီးေတ႔ြျမင္ရတာေပါ့။

တစ္ခ်ိဳ႔မွာ Collar Bone မေတြ႔ရဘူးဆုိတာ လည္ပင္းနဲ႔ပုခံုးတစ္၀ုိက္မွာအဆီပုိေတြရွိေနလို႔ပါတဲ႔။
Collar Bone ရွိတာက မိန္းကေလးတစ္ေယာက္ရဲ ႔ဆြဲေဆာင္မႈတစ္ခုပါပဲ။အဲ႔ဒါေၾကာင့္သင့္ရဲ႔မထင္မရွား ျဖစ္ေနတဲ႔ Collar Bone ကုိ ဒီေယာဂေလ့က်င့္ခန္းေလးေတြလုပ္ျပီး ထင္ရွားေပၚလြင္ေအာင္လုပ္ေပးသင့္ျပီေနာ္။ဒီရုိးရွင္းလြယ္ကူတဲ႔ေယာဂေလ့က်င့္ခန္းေလးေတြက သင့္အတြက္ လွပတဲ႔ Collar Bone ကုိယူေဆာင္လာေပးမွာပါ ❤

Peacock Pose

ဒီေယာဂေလ့က်င့္ခန္းေလးက သင့္ရဲ ႔ပုခံုးမွာရွိတဲ႔အဆီပုိေတြကုိဖယ္ရွားေပးပါလိမ့္မယ္။အဲ႔ဒီအေနအထားအတိုင္း ၁မိနစ္ေလာက္ေနပါ။စစခ်င္း ၁မိနစ္မရရင္လည္း အရမ္းၾကီးအားမစုိက္ပါနဲ႔။ေနာက္ေန႔ေတြမွာျဖည္းျဖည္းခ်င္း ၾကိဳးစားသြားပါ။

Plank Pose

ဒီလို Plank လုပ္တာနဲ႔တူတဲ႔ေယာဂေလ့က်င့္ခန္းဟာ သင့္ခႏၶာကုိယ္အေပၚပုိင္းအရိုးေတြကုိသန္မာေစပါတယ္။ျပီးေတာ့ လက္ေမာင္းနဲ႔ခႏၶာကုိယ္အေနအထားကုိထိန္းရတာျဖစ္လို႔ ပုခံုးနဲ႔လက္ေမာင္းၾကြက္သားကုိသန္မာေစပါတယ္။

Half Wheel Pose

ဒီလုိမ်ိဳးခႏၶာကုိယ္ကုိအေနာက္ကိုေကြးညြတ္ရတဲ႔ေလ့က်င့္ခန္းဟာ ပုခံုးနဲ႔လက္ေမာင္းၾကြက္သားေတြကုိသန္မာေစရံုသာမက ဗုိက္ၾကြက္သားေတြကုိပါက်စ္လစ္လာေစပါတယ္။ခႏၶာကုိယ္အေပၚဘက္ကအဆီေတြကုိဖယ္ရွားဖို႔အတြက္ အထိေရာက္ဆံုးေလ့က်င့္ခန္းတစ္ခုလို႔ေတာင္ေျပာလို႔ရပါတယ္။

Inverted Pose

ဒီလုိေယာဂေလ့က်င့္ခန္းကေတာ့ ရင္ဘတ္နဲ႔ပုခံုးၾကြက္သားေတြအတြက္အထိေရာက္ဆံဳးပါ။ရင္ဘတ္ၾကြက္သားေတြကုိဆြဲဆန္႔သန္မာေစျပီး ပုခံုးကအဆီေတြက်ေစပါတယ္။

Upward plank Pose

ဒါကေတာ့ Plank လုပ္သလိုမ်ိဳးပဲ။ဒါေပမဲ႔ ပံုစံေတာ့မတူပါဘူး။ဒီေလ့က်င့္ခန္းဟာ ပုခံုးၾကြက္သားေတြကုိသန္မာေစျပီးအေနာက္ဘက္လက္ေမာင္းၾကြက္သားေတြကုိသန္မာက်စ္လစ္ေစပါတယ္။ခါးအနီးတစ္၀ိုက္ၾကြက္သားေတြကုိ က်စ္လစ္ေအာင္ကူညီေပးႏုိင္တဲ႔ေလ့က်င့္ခန္းတစ္ခုပါ။

Bridge pose

ဒါကေတာ့ collar Bone အတြက္ေနာက္ဆံုးေလ့က်င့္ခန္းတစ္ခုပါ။ဒီလုိေယာဂေလ့က်င့္ခန္းက ေနာက္ေက်ာဘက္ၾကြက္သား၊ပုခံုး၊လက္ေမာင္းၾကြက္သား၊ရင္ဘတ္ၾကြက္သားေတြကုိ သန္မာေစတဲ႔ထိေရာက္တဲ႔ေလ့က်င့္ခန္းတစ္ခုပါ။ခႏၶာကိုယ္ကိုပါေပ်ာ့ေပ်ာင္းေစတဲ႔ေလ့က်င့္ခန္းတစ္ခုလို႔
ေျပာရင္လည္းမမွားပါဘူး။

ဒီေယာဂေလ့က်င့္ခန္းေလးေတြကုိေန႔တိုင္းျဖစ္ေစ၊တစ္ပတ္ကုိ ၅ရက္ေလာက္ျဖစ္ေစ လုပ္ေပးပါ။ေယာဂေလ့က်င့္ခန္းတစ္ခုစီကုိ တစ္မိနစ္ကေန ၂မိနစ္ေလာက္ထိထိန္းႏုိင္လာမယ္ဆုိရင္ မၾကာခင္မွာ Collar Bone လွလွေလးထင္ရွားေပၚလြင္လာမွာမလြဲပါဘူးေနာ္။ကဲ Collar Bone လွလွေလးပုိင္ဆုိင္ဖုိ႔အတြက္  ၾကိဳးစားလုိက္ရေအာင္ ဖုိက္တင္း !!! ❤

unicode

Collar Bone ဆိုတာ လှပခြင်းအမှတ်အသားတစ်ခုလိုပါပဲ။Collar Bone ရှိတဲ့မိန်းကလေးတွေဆို off-shoulder လေးတွေပဲဝတ်မလား ၊ဖန်စီဆွဲကြိုးလေးတွေပဲဝတ်မလား သူတို့ကို ပိုပြီးလှပအောင်ပံ့ပိုးပေးနေသလိုပါပဲ။တကယ်တော့ မိန်းကလေးတိုင်းမှာ Collar Bone ဆိုတာရှိပါတယ်။ဒါပေမဲ့ ခန္ဓာကိုယ်ပိန်သွယ်တဲ့မိန်းကလေးတွေမှာတော့ ပိုပြီးတွေ့မြင်ရတာပေါ့။

တစ်ချို့မှာ Collar Bone မတွေ့ရဘူးဆိုတာ လည်ပင်းနဲ့ပုခုံးတစ်ဝိုက်မှာအဆီပိုတွေရှိနေလို့ပါတဲ့။
Collar Bone ရှိတာက မိန်းကလေးတစ်ယောက်ရဲ ့ဆွဲဆောင်မှုတစ်ခုပါပဲ။အဲ့ဒါကြောင့်သင့်ရဲ့မထင်မရှား ဖြစ်နေတဲ့ Collar Bone ကို ဒီယောဂလေ့ကျင့်ခန်းလေးတွေလုပ်ပြီး ထင်ရှားပေါ်လွင်အောင်လုပ်ပေးသင့်ပြီနော်။ဒီရိုးရှင်းလွယ်ကူတဲ့ယောဂလေ့ကျင့်ခန်းလေးတွေက သင့်အတွက် လှပတဲ့ Collar Bone ကိုယူဆောင်လာပေးမှာပါ

Peacock Pose

ဒီယောဂလေ့ကျင့်ခန်းလေးက သင့်ရဲ ့ပုခုံးမှာရှိတဲ့အဆီပိုတွေကိုဖယ်ရှားပေးပါလိမ့်မယ်။အဲ့ဒီအနေအထားအတိုင်း ၁မိနစ်လောက်နေပါ။စစချင်း ၁မိနစ်မရရင်လည်း အရမ်းကြီးအားမစိုက်ပါနဲ့။နောက်နေ့တွေမှာဖြည်းဖြည်းချင်း ကြိုးစားသွားပါ။

Plank Pose

ဒီလို Plank လုပ်တာနဲ့တူတဲ့ယောဂလေ့ကျင့်ခန်းဟာ သင့်ခန္ဓာကိုယ်အပေါ်ပိုင်းအရိုးတွေကိုသန်မာစေပါတယ်။ပြီးတော့ လက်မောင်းနဲ့ခန္ဓာကိုယ်အနေအထားကိုထိန်းရတာဖြစ်လို့ ပုခုံးနဲ့လက်မောင်းကြွက်သားကိုသန်မာစေပါတယ်။

Half Wheel Pose

ဒီလိုမျိုးခန္ဓာကိုယ်ကိုအနောက်ကိုကွေးညွတ်ရတဲ့လေ့ကျင့်ခန်းဟာ ပုခုံးနဲ့လက်မောင်းကြွက်သားတွေကိုသန်မာစေရုံသာမက ဗိုက်ကြွက်သားတွေကိုပါကျစ်လစ်လာစေပါတယ်။ခန္ဓာကိုယ်အပေါ်ဘက်ကအဆီတွေကိုဖယ်ရှားဖို့အတွက် အထိရောက်ဆုံးလေ့ကျင့်ခန်းတစ်ခုလို့တောင်ပြောလို့ရပါတယ်။

Inverted Pose

ဒီလိုယောဂလေ့ကျင့်ခန်းကတော့ ရင်ဘတ်နဲ့ပုခုံးကြွက်သားတွေအတွက်အထိရောက်ဆုံးပါ။ရင်ဘတ်ကြွက်သားတွေကိုဆွဲဆန့်သန်မာစေပြီး ပုခုံးကအဆီတွေကျစေပါတယ်။

Upward plank Pose

ဒါကတော့ Plank လုပ်သလိုမျိုးပဲ။ဒါပေမဲ့ ပုံစံတော့မတူပါဘူး။ဒီလေ့ကျင့်ခန်းဟာ ပုခုံးကြွက်သားတွေကိုသန်မာစေပြီးအနောက်ဘက်လက်မောင်းကြွက်သားတွေကိုသန်မာကျစ်လစ်စေပါတယ်။ခါးအနီးတစ်ဝိုက်ကြွက်သားတွေကို ကျစ်လစ်အောင်ကူညီပေးနိုင်တဲ့လေ့ကျင့်ခန်းတစ်ခုပါ။

Bridge pose

ဒါကတော့ collar Bone အတွက်နောက်ဆုံးလေ့ကျင့်ခန်းတစ်ခုပါ။ဒီလိုယောဂလေ့ကျင့်ခန်းက နောက်ကျောဘက်ကြွက်သား၊ပုခုံး၊လက်မောင်းကြွက်သား၊ရင်ဘတ်ကြွက်သားတွေကို သန်မာစေတဲ့ထိရောက်တဲ့လေ့ကျင့်ခန်းတစ်ခုပါ။ခန္ဓာကိုယ်ကိုပါပျော့ပျောင်းစေတဲ့လေ့ကျင့်ခန်းတစ်ခုလို့
ပြောရင်လည်းမမှားပါဘူး။

ဒီယောဂလေ့ကျင့်ခန်းလေးတွေကိုနေ့တိုင်းဖြစ်စေ၊တစ်ပတ်ကို ၅ရက်လောက်ဖြစ်စေ လုပ်ပေးပါ။ယောဂလေ့ကျင့်ခန်းတစ်ခုစီကို တစ်မိနစ်ကနေ ၂မိနစ်လောက်ထိထိန်းနိုင်လာမယ်ဆိုရင် မကြာခင်မှာ Collar Bone လှလှလေးထင်ရှားပေါ်လွင်လာမှာမလွဲပါဘူးနော်။ကဲ Collar Bone လှလှလေးပိုင်ဆိုင်ဖို့အတွက်  ကြိုးစားလိုက်ရအောင် ဖိုက်တင်း !!!

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.