တကယ့်အေးချမ်းမှုဆိုတာ တင်းတိမ်ရောင့်ရဲလာတဲ့တစ်နေ့ပါ…💓💓

လူတိုင်းလူတိုင်းပြောလေ့ရှိတတ်ကြတယ် ၊ အေးချမ်းတာလေးပဲလိုချင်တယ်တဲ့ ။ ဒါပင်မဲ့ဒီလိုပြောတိုင်းသူတို့အေးချမ်းအောင် မဖန်တီးနိုင်ကြသေးပါဘူး။ တကယ်တော့ လူရောစိတ်ကော အေးချမ်းမှုကို ခံစားနိုင်ဖို့ဆိုရင်စွန့်လွှတ်ရမှာ တွေနားလည်ရမှာတွေသိပ်ကိုများလွန်းလှပါတယ်။ အဲ့တော့မေးကြတော့မယ် အေးချမ်းဖို့ဆိုတာ ခက်ခဲလာပေါ့…တကယ်တော့စိတ်အေးလူအေး နဲ့ကိုယ်ပိုင်ဆိုင်ထားတဲ့ဘ၀ကိုအေးအေးလူလူဖြတ်သန်းနိုင်ဖို့ဆိုတာ မလွယ်ပင်မဲ့ခက်တော့ခက်ခဲတဲ့အရာလည်းမဟုတ်ပါဘူး။ လူတိုင်းမှာ မလိုဒေါသတွေ၊ ရယူပိုင်ဆိုင်လိုတဲ့အတ္တတွေအနည်းနဲ့အများတော့ရှိတတ်ကြတာကြီးပါပဲ။ ဒီလို ပူလောင်တဲ့အရာတွေကို စွန့်ခွာနိုင် ပစ်ပယ်နိုင်မှုငြိမ်းချမ်းမှုဆိုတာ
ကိုခံစားမိမှာပါ။ ဒီလိုပြောလို့ ချက်ချင်း သာသနာ့ဘောင်ဝင်လိုက်ရမှာလားဆိုတော့ အဲ့လိုဆိုလိုတာရယ်မဟုတ်ပါဘူး။ နေ့စဉ်ရှင်သန်နေထိုင်လည်ပတ်နေရင်းနဲ့ပဲအေးအေးချမ်းချမ်းနေ့ရက်တိုင်းကို ဖြတ်သန်းနိုင်အောင် ဒီလိုနေထိုင်သင့်တယ်လို့ အကြံပြုတာမျိုးပါ။ တစ်ခါတစ်ရံမှာ လူတွေဟာကိုယ်လိုချင်တာမရရင်ပူလောင်တတ်ကြတယ်၊တစ်ခါတစ်ကျပြန်ရင်တော့လိုချင်တာရပင်မဲ့ လိုသလောက်မရလို့ဝမ်းနည်းတတ်ကြတယ်၊ ဟော တစ်ချို့ကြပြန်တော့လည်း ရချင်တာတွေရသလောက်ရပြီး ပိုင်ဆိုင်နေရတော့ ဒါတွေဘယ်အချိန်များပျောက်သွားမလဲဆိုပြီးစိုးရိမ်တတ်ကြပါတယ်၊ နောက်ဆုံးပိုင်ဆိုင်ထားတဲ့အရာတွေမတော်လို့ပျောက်ဆုံးသွားတာ၊ ကိုယ့်နားကထွက်သွားတာမျိုးလည်းဖြစ်ရော မရှိတော့ရမလားဆိုပြီးနာကျင်ရတတ်ကြပြန်ပါတယ်။ တကယ်တော့ လူတွေတော်တော်များများလိုချင်နေတဲ့အေးချမ်းမှုဆိုတာ ဒါတွေနဲ့ဆန့်ကျင်ဘက်ရှိနေတဲ့သီးခြားအရာလေးတစ်ခုပါ။ ကိုယ့်မှာလက်ရှိလက်ဝယ်ပိုင်ဆိုင်ထားတဲ့အရာတွေနဲ့ပျော်အောင်နေတတ်တာ အေးချမ်းမှု၊ ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေကိုအကောင်းဆုံးစောင့်ရှောက်ရင်းနဲ့ကံမကောင်းလို့ကိုယ့်နားမှာမရှိတော့ရင်တောင် လက်ခံနိုင်တာအေးချမ်းမှု၊ကိုယ်လိုချင်တဲ့အရာကိုကြိုးစားပင်မဲ့ရဖို့ကံမပါလို့လွဲခဲ့တာကိုလက်ခံနိုင်တာအေးချမ်းမှုပါ။ ဒါကြောင့် အေးချမ်းမှုအစစ်မှန်ကို လိုချင်တယ်ဆိုရင်တော့ ရောင့်ရဲတင်းတိမ်ခြင်း အနုပညာကိုတတ်မြောက်ပါစေ…အရာရာကို အေးအေးလုပ်ရင်းနုံချာချာလူတစ်ယောက်လိုနေခိုင်းတာမဟုတ်ပဲ ကြိုးစားရင်းဖြစ်မလာတဲ့အရာတွေ ၊ ကိုယ်မပိုင်နိုင်တဲ့အရာတွေကိုပူဆွေးမနေပဲ ရောင့်ရဲတင်းတိမ်စွာနေထိုင်ရင်း အေးချမ်းမှုရဲ့အနှစ်သာရကိုခံစားတတ်ကြပါစေ….💓

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.