ကိုယ်ဝန်ရှိနေပြီး ခွဲစိတ်ပြုပြင်မှုတွေလည်း လုပ်ထားတယ်လို့ထွက်နေတဲ့ ကောလဟာလတွေ ကိုတုံ့ပြန်ခဲ့တဲ့ Goo Hye Sun

Goo Hye Sun ရဲ့မကြာသေးခင်က ပရိတ်သတ်တွေရှေ့ရောက်လာတဲ့ ဓာတ်ပုံတွေဟာ အင်တာ
နက်မှာ ပလူပျံလို့ပေါ့။ အရင်တုန်းကအတိုင်းပဲ အနက်ရောင်ဝမ်းဆက်လေးနဲ့ လှနေဆဲပါ။ ဒါပေမယ့် အင်တာနက်အသုံးပြုသူတွေက သူမရဲ့အရင်နဲ့မတူတော့တဲ့ အရာတွေကို ထောက်ပြခဲ့ပါတယ်။  Goo Hye Sun ဟာ ခွဲစိတ်ပြုပြင်မှုတွေလုပ်ပြီး ကိုယ်ဝန်လည်းရနေပြီလို့ ကောလဟာလသတင်း တွေထွက်လာပါတယ်။

goo hye sun pregnancy surgery rumors 1

အင်တာနက်မှာ ဟိုပြောဒီပြော စကားတွေပျံလာတော့ Goo Hye Sun က ဒီကောလဟောလတွေ
အားလုံးကို ချေမှုန်းပစ်လိုက်ပါတယ်။ စားကောင်းနေလို့ သူမရဲ့အလေးချိန် ၁ဝကီလိုဂရမ် (၂၂ပေါင်) တက်လာတယ်လို့ ဆိုပါတယ်။

goo hye sun pregnancy surgery rumors 3

နောက်တော့ မျက်နှာမှာ ဘာမှမလိမ်းခြယ်ထားတဲ့ ပုံကို အင်စတာဂရမ်မှာတင်ထားခဲ့ပါတယ်။ သူမမျက်နှာဟာ အရင်တိုင်းပဲ.. ဘာမှမခွဲစိတ်ထားဘူးဆိုတာကို ပြတာပါ။ သူမ အေဂျင်စီကလည်း ဒီလိုကောလဟာလတွေထွက်နေတာကို ပြန်လည်ဖြေရှင်းပါတယ်။ သူမ ဝိတ်တက်နေတာလည်း လာမယ့် ပရောဂျက်အတွက် ပြင်ဆင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

https://www.instagram.com/p/BlJxV6hj7MT/

” ကိုယ်ဝန်ရှိနေတယ်..မျက်နှာခွဲစိတ်ထားတယ်ဆိုတဲ့ သတင်းတွေအားလုံး အမှားတွေပါ။ သူမစားလို့ကောင်း ၊ သောက်လို့ကောင်းပြီး ဝိတ်လည်းတက်လာပါတယ်။ ဒီလောက်ဝိတ်မျိုးရအောင် လုပ်ထားတယ်ဆိုတာ ရိုက်ကူးရေးတစ်ခုအတွက် ကြိုတင်ပြင်ဆင်နေတာဖြစ်တယ် ” လို့ အေဂျင်စီ
မှ ပြောသွားပါတယ်။

133 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.