စိတ်ဓာတ်ကျနေချိန် နားထောင်ပေးသင့်တဲ့ သီချင်းကောင်းများ

ဂီတသံစဉ်မှာ မမှန်းဆနိုင်တဲ့ ခွန်အားတွေများစွာပါပါတယ်။

ကိုယ်သွားတိုင်း စိတ်ပါဖို့ အများကြီးအရေးကြီိးပါတယ်။ စိတ်ဓာတ်တက်ကြွနေမှ စိန်ခေါ်ပွဲတွေကို ရင်ဆိုင်နိုင်မှာပါ။ အမှောင်ထဲကို အလင်းထိုးဖောက်နိုင်ဖို့ လိုအပ်နေတာက ဘာဖြစ်မလဲ…

ကိုယ်တွေသိထားတာထက် ပိုကောင်းတဲ့ သီချင်းတွေအပြင်မှာ အများကြီးရှိပါတယ်။ ကိုယ်ပိုင် ဘဝဖြစ်စဉ်တွေကို သံစဉ်တွေအဖြစ် ဖန်တီးထားကြတဲ့ သီချင်းတွေလည်းရှိပါတယ်။ အရှုံးမပေးဘူး။ ရှေ့ဆက်လျှောက်မယ် စတဲ့ စာသားလေးတွေကို စိတ်အားမြင့်စေတဲ့ သံစဉ်တွေနဲ့ပေါင်းစပ်လိုက်တဲ့အခါ တကယ်ရင်ထဲထိစေပါတယ်။

စိတ်တက်ကြွစေတဲ့ အကောင်းဆုံးသီချင်းလေးတွေ ဖော်ပြပေးလိုက်တယ်နော်…

“Not Afraid” by Eminem

Emine ရဲ့ “Not Afraid” သီချင်းဟာ ကိုယ့်ကိုကိုယ်ရပ်တည် ၊ စကားတွေအများကြီးမပြောနဲ့ ။
ယုံကြည်မှုသေးသေးလေးပဲရှိတယ်ဆိုရင်တောင် အရာအားလုံးကို ရင်ဆိုင်လိုက် ဆိုတဲ့ အကြောင်း
ကို သီဆိုထားတာဖြစ်ပါတယ်။

“Dream On” by Aerosmith

Aerosmith ရဲ့ ”Dream On” သီချင်းဟာ အိပ်မက်တွေ ဆက်မက်နေဖို့ ၊ ဘယ်တော့မှ
အလျော့မပေးဖို့ ၊ မျှော်လင့်ချက်တွေထားပြီး အံ့သြစရာကောင်းတဲ့ ရလဒ်တွေ ဖန်တီးကြမယ်လို့
ဆိုထားတာပါ။

Can’t Hold Us” by Macklemore & Ryan Lewis

စိတ်ခွန်အား အဖြစ်ဆုံးသီချင်းတွေထဲမှာ ”Can’t Hold Us” သီချင်းကိုလည်း မေ့ထားလို့မရပါဘူး။ နားထောင်ကြည့်လိုက်ပါ… အဓိပ္ပာယ်ကိုနားလည်ရင်တော့ ပိုကောင်းတာပေါ့။

 “It’s My Life” – Bon Jovi

တစ်ခုခုကိုလုပ်ဖို့ ဝေခွဲမရဖြစ်နေရင် သူများပြောတာတွေ နားမယောင်ပဲ ကိုယ့်ဘဝနဲ့ ကိုယ်၊
ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ဆက်လျှောက်ဆိုပြီး သံစဉ်အမြူးတွေနဲ့ တင်ဆက်ပြသွားတာဖြစ်ပါတယ်။

“Firework” – Katy Perry

Katy Perry ရဲ့ Firework သီချင်းလေးလည်း အရမ်းနားထောင်လို့ကောင်းတယ်နော်။
စိတ်ဓာတ်ကျနေချိန်တိုင်း နားထောင်ကြည့် … စိတ်ခွန်အားတွေ အများကြီးရစေတယ်။

356 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.