“ဘာတွေလုပ်လိုက်လို့ ဒီလောက်အသားအရည်လှလာတာလဲ”အမေးခံရစေမယ့်သဘာဝနည်းလမ်းကောင်း
ပထမတစ်ဆင့်ကတော့…
လိုအပ်တဲ့ပစ္စည်း
*နွားနို့အစိမ်း
*သံပုရာရည်
ဒုတိယအဆင့်
လိုအပ်တဲ့ပစ္စည်း
Unicode
ဒီနေ့ခေတ်ကြီးထဲမှာ အသားဖြူဆေးတွေ၊အသားဖြူကရင်မ်တွေလည်းအလျှိုလျှိုပေါ်နေပါတယ်။ထိရောက်တဲ့ကရင်မ်တွေ၊ဆေးတွေရှိသလို အဲ့ဒီဆေးတွေမသောက်ရဲဘူး။ဒါပေမဲ့ အသားဖြူချင်တယ်ဆိုတဲ့မိန်းကလေးတွေလည်းရှိကြတယ်ဟုတ်! အခု Trend ပရိသတ်ကြီးကို ပြောပြမယ့်နည်းလေးကတော့ သဘာဝနည်းလမ်းလေးဖြစ်လို့ လုပ်ကြည့်ရင် အရှုံးမရှိပါဘူးနော်။ပြီးတော့ မိန်းကလေးတွေတင်မကပဲ အသားအရည်လှချင်တဲ့ယောကျ်ားလေးတွေအတွက်လည်း ဒီနည်းလေးကအသုံးဝင်စေမှာပါ။
အသားညိုတဲ့သူတွေအတွက်လည်း ဒီနည်းလေးကိုသေချာလုပ်ပေးမယ်ဆိုရင် ညိုနေရင်တောင် အသားအရည်က ညိုညိုစိုစိုလေးဖြစ်နေစေမှာပါတဲ့။ပြီးတော့ အသားဖြူဆွတ်သွားတာထက် ဒီနည်းလေးကို သေချာလုပ်ကြည့်မယ်ဆိုရင် အရင်ကထက် အသားအရည်က ကြည်လင်နေပြီး
ဝင်းဝင်းလေးဖြစ်နေတာကိုမြင်တွေ့ရပါလိမ့်မယ်။
အသားအရည်ကြည်လင်ပြီးဝင်းဝင်းလေးဖြစ်စေမယ့်နည်းလမ်းကတော့…နွားနို့အစိမ်းကိုအဓိကသုံးတာပါပဲ။အဆင့် ၂ဆင့်ကိုတော့ လုပ်ပေးရပါလိမ့်မယ်။အဲ့ဒါမှ ကိုယ်လိုချင်တဲ့အသားအရည်အတိုင်းရမှာမဟုတ်လား။
ပထမတစ်ဆင့်ကတော့…
လိုအပ်တဲ့ပစ္စည်း
*နွားနို့အစိမ်း
*သံပုရာရည်
နွားနို့အစိမ်းအနည်းငယ်နဲ့သံပုရာရည် နွားနို့စိမ်းတစ်ဝက်အချိုးအစားကို ရောလိုက်ပါ။ပြီးရင် သင့်ရဲ ့အသားအရည်ပေါ်မှာ လိမ်းပြီး ၁၅မိနစ်လောက်ထားပါ။၁၅မိနစ်ပြည့်ရင်ရေဆေးချလိုက်ပါ။
ဒုတိယအဆင့်
လိုအပ်တဲ့ပစ္စည်း
*ဆန်မှုန့်/ဂျုံမှုန့် စားပွဲတင်ဇွန်း နှစ်ဇွန်း
*နှင်းဆီရည် စားပွဲတင်ဇွန်း ၁ဇွန်း
*ပျားရည် စားပွဲတင်ဇွန်း ၁ဇွန်း
*နွားနို့အစိမ်း စားပွဲတင်ဇွန်း ၂ဇွန်း
ဘယ်လိုလုပ်ရမလဲဆိုတော့…ပထမဆုံး ဂျုံ့မှုန့်ဖြစ်စေ ဆန်မှုန့်ဖြစ်စေ ပန်းကန်လုံးထဲထည့်လိုက်ပါ။ပြီးရင် နှင်းဆီရည်ထည့်ပါ။ပြီးရင် ပျားရည်နဲ့နွားနို့ထပ်ထည့်ပြီးမွှေပါ။အားလုံးပြီးရင်တော့ အရေပြားပေါ်မှာလိမ်းလိုက်ပြီးညင်သာစွာနှိပ်နယ်ပေးပါ။မိနစ် ၂ဝလောက်ထားပြီးတဲ့အခါ ရေနဲ့သန့်စင်ပါ။
ဒီနည်းလေးက အရမ်းကိုအကျိုးသက်ရောက်မှုရှိတယ်လို့ဖော်ပြထားတာကြောင့်တစ်ပတ်ကို ၂ကြိမ်၊၃ကြိမ်လုပ်ပေးမယ်ဆိုရင် တစ်လလောက်နဲ့သိသာတဲ့အကျိုးရလဒ်ကိုမြင်တွေ့ရမှာပါ။ကဲ ဒီတော့ သဘာဝနည်းလမ်းလေးနဲ့အသားအရည်ကြည်လင်ဝင်းပအောင် လုပ်လိုက်ကြရအောင်။
197 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.