26.7 million USD အကုန္အက်ခံရုိက္ကူးမယ့္ သူတုိ႔ႏွစ္ေယာက္ရဲ႔ဒရာမာဇာတ္လမ္းတြဲအသစ္

DOTS ထဲက ဒုတိယမင္းသားေခ်ာေလး Jin Goo နဲ႔ နာမည္ေက်ာ္မင္းသမီးေခ်ာေလး Ha Ji Won တို႔ႏွစ္ေယာက္ကုိ မၾကာခင္ဇာတ္ကားတစ္ကားတည္းမွာအတူျမင္ေတြ႔ရပါေတာ့မယ္။အဓိကေခါင္းေဆာင္မင္းသား၊မင္းသမီးေတြအျဖစ္ပါ၀င္ရိုက္ကူးမွာျဖစ္တယ္လို႔သိရပါတယ္။ဒါ့အျပင္ ဒီဒရာမာဇာတ္ကားအတြက္ စုိက္ထုတ္မယ့္ေငြဟာ 26.7 million USD ရွိတဲ႔အတြက္ ကုိရီးယားဇာတ္လမ္းတြဲေတြၾကားထဲမွာ ေငြကုန္ေၾကးက်အမ်ားဆံုးခံျပီးရိုက္ကူးမယ့္ ဇာတ္လမ္းတြဲတစ္ခုလည္းျဖစ္ပါေသးတယ္။

ဒီဒရာမာဇာတ္လမ္းတြဲရဲ ႔နာမည္ကေတာ့ “Prometheus” ျဖစ္ျပီး မင္းသား Jin Goo ဟာ ရုရွားႏုိင္ငံ၊ေမာ္စကုိျမိဳ႔က ေျမာက္ကုိရီးယားသံရံုး၀န္ထမ္းအဖြဲ႔၀င္ေဟာင္းတစ္ေယာက္အျဖစ္သရုပ္ေဆာင္ထားပါတယ္။မင္းသမီး Ha Ji Won ကေတာ့ ေတာင္ကုိရီးယားႏုိင္ငံမွာ တာ၀န္ထမ္းေဆာင္ေနတဲ႔ NIS Team 2 ရဲ ႔အရည္အခ်င္းရွိသူရဲအရာရွိတစ္ေယာက္အျဖစ္ပါ၀င္သရုပ္ေဆာင္ရမွာျဖစ္ပါတယ္။ဇာတ္လမ္းပံုစံကေတာ့ ေျမာက္ကိုရီးယားႏုိင္ငံရဲ ႔ထိပ္တန္းသိပၸံပညာရွင္ေတြေပ်ာက္ဆံုးသြားတာကုိ ႏုိင္ငံအသီးသီးကလည္း သူ႔ထက္ငါအရင္ေတြ႔ေအာင္ရွာေဖြတဲ႔ပံုစံေလးပါ။အဲ႔ဒီမွာေတာင္ကုိရီးယားက ရဲအရာရွိမင္းသမီးနဲ႔ေျမာက္ကိုရီးယားႏုိင္ငံမွကူးေျပာင္းလာသူမင္းသားက ပူးေပါင္းမိသြားျပီးလုိက္ရွာၾကတဲ႔ဇာတ္လမ္းေလးပါ။ပေဟဠိေတြ၊လွည့္ကြက္ေတြနဲ႔ဖန္တီးထားတာျဖစ္ပါတယ္။

ဒီ Prometheus: War of Fire ဇာတ္လမ္းတြဲကုိ ၂၀၁၈ အကုန္ေလာက္မွာ KBS ရုပ္သံဌာနက ထုတ္လႊင့္ျပသမွာျဖစ္ျပီးဇာတ္၀င္ခန္းေတြကုိလည္း ႏုိင္ငံ ၅ႏုိင္ငံမွာ လွည့္လည္ရိုက္ကူးမွာျဖစ္တယ္လို႔လည္းသိရပါတယ္။ဒီဇာတ္ကားကုိေငြေၾကးမ်ားစြာကုန္က်ခံျပီးရိုက္ကူးမယ့္ ပရိုဂ်ဴဆာကုမၸဏီက Iris ၊ Chuno နဲ႔ The Princess’ Man ဇာတ္ကားထုတ္လုပ္ေပးတဲ႔ကုမၸဏီပဲျဖစ္ပါတယ္။
ဇာတ္လမ္းတြဲေကာင္းေလးျဖစ္လုိ႔ ရင္ခုန္စြာနဲ႔ေစာင့္ေမ်ွာ္ေပးၾကဦးေနာ္။

Unicode

DOTS ထဲက ဒုတိယမင်းသားချောလေး Jin Goo နဲ့ နာမည်ကျော်မင်းသမီးချောလေး Ha Ji Won တို့နှစ်ယောက်ကို မကြာခင်ဇာတ်ကားတစ်ကားတည်းမှာအတူမြင်တွေ့ရပါတော့မယ်။အဓိကခေါင်းဆောင်မင်းသား၊မင်းသမီးတွေအဖြစ်ပါဝင်ရိုက်ကူးမှာဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင် ဒီဒရာမာဇာတ်ကားအတွက် စိုက်ထုတ်မယ့်ငွေဟာ 26.7 million USD ရှိတဲ့အတွက် ကိုရီးယားဇာတ်လမ်းတွဲတွေကြားထဲမှာ ငွေကုန်ကြေးကျအများဆုံးခံပြီးရိုက်ကူးမယ့် ဇာတ်လမ်းတွဲတစ်ခုလည်းဖြစ်ပါသေးတယ်။

ဒီဒရာမာဇာတ်လမ်းတွဲရဲ ့နာမည်ကတော့ “Prometheus” ဖြစ်ပြီး မင်းသား Jin Goo ဟာ ရုရှားနိုင်ငံ၊မော်စကိုမြို့က မြောက်ကိုရီးယားသံရုံးဝန်ထမ်းအဖွဲ့ဝင်ဟောင်းတစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။မင်းသမီး Ha Ji Won ကတော့ တောင်ကိုရီးယားနိုင်ငံမှာ တာဝန်ထမ်းဆောင်နေတဲ့ NIS Team 2 ရဲ ့အရည်အချင်းရှိသူရဲအရာရှိတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ဇာတ်လမ်းပုံစံကတော့ မြောက်ကိုရီးယားနိုင်ငံရဲ ့ထိပ်တန်းသိပ္ပံပညာရှင်တွေပျောက်ဆုံးသွားတာကို နိုင်ငံအသီးသီးကလည်း သူ့ထက်ငါအရင်တွေ့အောင်ရှာဖွေတဲ့ပုံစံလေးပါ။အဲ့ဒီမှာတောင်ကိုရီးယားက ရဲအရာရှိမင်းသမီးနဲ့မြောက်ကိုရီးယားနိုင်ငံမှကူးပြောင်းလာသူမင်းသားက ပူးပေါင်းမိသွားပြီးလိုက်ရှာကြတဲ့ဇာတ်လမ်းလေးပါ။ပဟေဠိတွေ၊လှည့်ကွက်တွေနဲ့ဖန်တီးထားတာဖြစ်ပါတယ်။

ဒီ Prometheus: War of Fire ဇာတ်လမ်းတွဲကို ၂၀၁၈ အကုန်လောက်မှာ KBS ရုပ်သံဌာနက ထုတ်လွှင့်ပြသမှာဖြစ်ပြီးဇာတ်ဝင်ခန်းတွေကိုလည်း နိုင်ငံ ၅နိုင်ငံမှာ လှည့်လည်ရိုက်ကူးမှာဖြစ်တယ်လို့လည်းသိရပါတယ်။ဒီဇာတ်ကားကိုငွေကြေးများစွာကုန်ကျခံပြီးရိုက်ကူးမယ့် ပရိုဂျူဆာကုမ္ပဏီက Iris ၊ Chuno နဲ့ The Princess’ Man ဇာတ်ကားထုတ်လုပ်ပေးတဲ့ကုမ္ပဏီပဲဖြစ်ပါတယ်။
ဇာတ်လမ်းတွဲကောင်းလေးဖြစ်လို့ ရင်ခုန်စွာနဲ့စောင့်မျှော်ပေးကြဦးနော်။

265 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.