အသည်းကွဲပေမယ့် သူမအလုပ်ကိုတော့ ဘယ်တော့မှအပြတ်မခံဘူးဆိုတဲ့ အဆိုတော် Pink

အခုချိန်မှာတော့ ချစ်စရာသမီးလေးတစ်ယောက် ပိုင်ဆိုင်ထားပြီဖြစ်တဲ့ ကမ္ဘာကျော်အဆိုတော် Pink ရဲ့ အောင်မြင်မှုမရရှိသေးခင် သာမန်ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်ခဲတွေကို ဘယ်လိုကျော်ဖြတ်ခဲ့ရလဲဆိုတာ …

Image result for Pink

ကလေးဘဝမှာ သေစေနိုင်လောက်တဲ့ ပုံမှန်မဟုတ်သော အသက်ရှုပြဿနာ အခြေအနေကို ရင်ဆိုင်ခဲ့ရပါတယ်။ သိပ်မကြာခင်မှာပဲ သူမအမေနဲ့ အဖေကွာရှင်းခဲ့ပါတယ်။ အရမ်းဝမ်းနည်းလွန်းလို့ သူမခံစားချက်တွေကို ဖွင့်ထုတ်ဖို့ ကဗျာတွေရေးခဲ့တယ်။

တစ်နေ့မှာ ဒေသခံ နိုက်ကလပ်တစ်ခုက သောကြာညဆို သီချင်းဆိုဖျော်ဖြေလို့ရတဲ့ စတိတ်စင်မှာ
စိတ်သက်သာရာရအောင် သွားဆိုဖြစ်ခဲ့တယ်။ R&B အဖွဲ့တစ်ခုမှာ join ပြီး သီချင်းတွေသွင်းခဲ့ပေ
မယ့် အဲ့ဒီ band က သူမကိုလူသိအောင် မလုပ်ပေးနိုင်ခဲ့ဘူး။

နာမည်ကြီး music producer တွေရှိတဲ့ အခြား R&B အဖွဲ့နဲ့ သူမသွားပူးပေါင်းခဲ့ပါတယ်။ အသံတွေသွင်း အမ်ဘယ်ထုတ်ခဲ့ပေမယ့် ပရိတ်သတ်ရင်ထဲ မထည့်ပေးနိုင်ခဲ့ဘူး။ သူမ ကျရှုံးခဲ့တယ်။ သူမရဲ့အသံက အရမ်းကောင်းပေမယ့် လူတွေမသိတာ ဘာကြောင့်လဲ စဉ်းစားတယ်။

ခရစ်မတ် ပါတီတစ်ခုမှာ ပရိုဂျုဆာတစ်ယောက်က သူမဆီလာပြီး ရာဇသံပေးတယ်။ သီိချင်းဆိုမလား.. အိမ်ပြန်မလား တဲ့။ သူမ ကိုယ်ပိုင်နာမည်တစ်ခုဖန်တီးပြီး နောက်ဆုံး စတူဒီယိုမှာ သီချင်းတစ်ပုဒ် ဖန်တီးခဲ့တယ်။

Related image

အရင်ကလိုမဟုတ် သူမကိုယ်တိုင်ကြားချင်တဲ့ သံစဉ်တွေ ၊ လူတွေမမျှော်လင့်ထားတဲ့ သီချင်းကို ဖန်တီးခဲ့တယ်။ သူမရဲ့ ပထမဆုံး အမ်ဘယ် ” Can’t Take Me Home” ဟာ အကြီးကျယ်ကို အောင်မြင်သွားခဲ့ပါတယ်။

သူမဟာ အရင်တည်းက ယောက်ျားလေးတစ်ယောက်လို နေလာတာပါ။ ဒါပေမယ့် ယောကျာ်းစိတ်
ပေါက်နေတာတော့မဟုတ်ဘူး။ Lifestyle ကိုက ယောက်ျားလေးတွေလို နေတတ်တာ။ အများစုက သူမကို ယောက်ျားလေးနဲ့တူတယ်ပြောတယ်။ တကယ်လည်း ဟုတ်ပါတယ်။ သူမခန္ဓာကိုယ်ဟာ သန်မာတယ်။ သူမရဲ့ယောက်ျားဆန်မှုတွေဟာ လူတွေအတွက် အနှောင့်ယှက်မှမဖြစ်စေတာ။ ဒီတော့ မကောင်းမြင်သူတွေရဲ့စကားကို နားမထောင်ပဲ သူမအလုပ် ဆက်လုပ်နေခဲ့တယ်။

ငယ်စဉ်က သူမမိဘတွေကွာရှင်းခဲ့တာနဲ့ ပတ်သတ်ပြီးတော့လည်း သီချင်းတွေဆိုခဲ့ပါတယ်။
သူမရဲ့သီချင်းတွေဟာ ကမ္ဘာတစ်ဝန်းက ပရိတ်သတ်တွေဆီကို ပဲ့တင်ရိုက်ခဲ့တယ်။ နောက်တော့ Christina Aguilera နဲ့ အတူတူ ” Lady Marmalado ” ဆိုတဲ့ သီချင်း ဗီဒီယိုကို ရိုက်ကူးခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ Video of the Year ဆုကို ပိုင်ဆိုင်ခဲ့တယ်။

Image result for Pink

အတိုင်းတာတစ်ခုထိ အောင်မြင်မှုတစ်ခုကိုရရှိပြီးနောက် Pink က သူမချစ်သူကို ပြိုင်ပွဲတစ်ခုမှာ
propose လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ၂နှစ်ကြာပြီးနောက်မှာ သူတို့ကွာရှင်းလိုက်ကြတယ်။ ကလေးဘဝတုန်းကလိုပဲ နာကျင်မှုတွေကို သီချင်းတွေနဲ့သာ ဖြေဖျောက်ခဲ့တယ်။ သူမအချစ်ရေးကြောင့်တော့ အလုပ်ကိုမထိခိုက်စေခဲ့ပါဘူး။ လုပ်စရာရှိတာတော့ ဆက်လုပ်နေတာပါပဲ။

” အချစ်ဆိုတာ အချိန်တန်ရင် ကိုယ်နဲ့ထိုက်တန်မယ့်လူတစ်ယောက်ကို တွေ့ရမှာပါ.. အလုပ်ကို
ပိုကြိုးစားပြီး လုပ်မယ်ဆိုရင်တော့ ဒီထက်ပိုကောင်းတဲ့ရလဒ်တွေ ရလာလိမ့်မယ် ” – Pink

သူမရဲ့အချစ်ရေးကြောင်း ဖွင့်ထုတ်ပြီးနောက်ပိုင်းမှာ အရင်အဆက်ဟောင်းနဲ့ပြန်လည်သင့်မြတ်
မှုရခဲ့တယ်။ သူမလည်း ချစ်နေတုန်းပါပဲ။ သူမအသည်းတော့ ကွဲနေပေမယ့် လုပ်စရာရှိတာတွေ ဆက်လုပ်ခဲ့တယ်။ အခုတော့ အချစ်က သူမအနားကို ပြန်ရောက်ရှိလာပြီလေ။

109 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.