ကိုယ့်ချစ်သူကိုယ့်ကိုလက်မလွှတ်နိုင်ပဲတန်းတန်းစွဲဖြစ်အောင်ဒီလိုလေးတွေချစ်တတ်ပါစေ…အဲ့လဲ့ :-P
ဝန်မလေးပါနဲ့။
(၃) နားလည်ပေးပါ
(၄) သည်းခံပေးပါ
(၅) ညှိနှိုင်းပြီးမှလုပ်တတ်တဲ့အကျင့်လေးလုပ်ပါ
Unicode
အဲ့လဲ့ … ချစ်သူရှိတဲ့သူတိုင်းကိုယ်ချစ်ရတဲ့သူကိုယ့်ကိုသိပ်ချစ်တာကိုလိုချင်တပ်မက်တတ်ကြတာကြီးပါပဲ။ ဆိုတော့ ကိုယ်ချစ်တဲ့ ကိုယ့်ချစ်သူကကိုယ့်ကိုတစ်နေ့တစ်ခြား အချစ်တွေတိုးလာအောင်
ဘယ်လိုလေးတွေကြိုးစားချစ်သင့်သလဲဆိုတာ… 😛
(၁) ချစ်တဲ့အကြောင်းပြောဖို့ဝန်မလေးပါနဲ့
ကိုယ့်ချစ်သူကို ကိုယ်ဘက်ကချစ်ကြောင်းပြောဖို့မတွန့်တိုပါနဲ့ဝန်မလေးပါနဲ့။ အောက်ကျတယ်လို့လည်းမခံစားပါနဲ့။ ပေါ့ပေါ့ပါးပါးနဲ့ကိုုယ်ချစ်တယ်ဆိုတဲ့အကြောင်းကို ပြောပြနိုင်ပါစေ။ ဒါမှလည်းကိုယ်သူ့အပေါ်မှာစိတ်မကုန်ဘူး မငြီးငွေ့ဘူးဆိုတာသူသိလာမှာပါ။
(၂) သူလျော့ကိုယ်တင်း ကိုယ်တင်းသူလျော့စနစ်နားလည်ပါ
ချစ်သူစုံတွဲတွေရန်ဖြစ်ကြတဲ့အခါ နှစ်ဖက်လုံးတင်းရင်းနဲ့ရန်တွေဖြစ်စကားတွေပိုများတတ်ကြပါတယ်။ ဒါကြောင့်သူ့ဘက်ကတင်းလာရင် ကိုယ့်ဘက်ကလျော့ပေးပြီးညှိနှိုင်းပြေလည်အောင်လုပ်ဖို့
ဝန်မလေးပါနဲ့။
(၃) နားလည်ပေးပါ
နားလည်ပေးပါ။ ကိုယ့်ချစ်သူရဲ့အားနည်းချက်တွေ တစ်ချို့သောစိတ်ခံစားမှုတွေကို ဘယ်သူတွေမှနားမလည်ပေးနိုင်ရင်တောင် ကိုယ်ကအပြည့်အဝနားလည်ပေးပါ။ကိုယ့်ချစ်သူကို ကိုယ်တိုင်မေတ္တာစစ်ပေးမှသာ ကိုယ့်မေတ္တာကိုနားလည်ပြီးကိုယ့်ကိုပိုတန်ဖိုုးထားနေတတ်ကြမှာ မဟုတ်လေဘူးလား။
(၄) သည်းခံပေးပါ
တတ်နိုင်သလောက်သည်းခံပါ။ သည်းခံတယ်ဆိုတာ အတိုင်းတာတစ်ခုထိတော့ ကောင်းမွန်တဲ့အောင်မြင်မှုတစ်ခုပါပဲ။ သည်းခံနေရတဲ့အချိန်မှာသာခက်ခဲနိုင်ပေမဲ့ ကိုယ့်ရဲ့သည်းခံမှုကို တစ်ပါးသူ
ခံစားမိလာတဲ့အခါသင်ဟာသူ့အတွက်သိပ်အဓိပ္ပါယ်ရှိနေပါလိမ့်မယ်။
(၅) ညှိနှိုုင်းပြီးမှလုပ်တတ်တဲ့အကျင့်လေးလုပ်ပါ
တစ်ယောက်နဲ့တစ်ယောက်ညှိနှိုုင်းပြီးလုပ်တတ်တဲ့အကျင့်လေးကို လုပ်ပါ။ ချစ်သူရည်းစားပဲပိုင်သေးတာမှမဟုတ်တာ မတိုင်ပင်လည်းရတယ်ဆိုတာမျိုးစိတ်မထားပဲ ကိုယ့်ချစ်သူနဲ့ကိစ္စတော်တော်များများကို တိုင်ပင်တဲ့အကျင့်လေးလုပ်ပါ။ သူကသင့်အတွက်အရေးပါတယ်ဆိုတာကိုသိလာပြီးသင့်ကိုပိုချစ်လာပါလိမ့်မယ်။
(၆) တွေ့ဆုံချိန်တိုင်းကြည်နူးသာယာစွာနဲ့ပဲကုန်ဆုံးပါ
အတတ်နိုင်ဆုံးတွေ့ဆုံချိန်တိုင်းမှာ တည့်အောင်နေပါ။ ချစ်လို့သဝန်တိုပြီးစိတ်ကောက်တာမျိုး ၊ စိတ်ဆိုးတာမျိုးကခဏပဲကောင်းပါတယ်။ ဖြစ်နိုင်ရင်ရန်အကြီးကျယ်ဖြစ်တာမျိုး တစ်ယောက်ရင်ထဲတစ်ယောက်ခံစားရအောင်ပြောတာမျိုး၊မျက်ရည်ကျအောင်လုပ်တာမျိုးတွေမလုပ်ပဲ တွေ့ဆုံချိန်တိုင်းကို အကောင်းဆုံးအမှတ်တရတွေနဲ့သာအဆုံးသတ်ပါ။
1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.