အခ်ိန္မေရြး ၊ ေနရာမေရြး မသိတဲ့လူတစ္ေယာက္နဲ႔ စကားတစ္ခြန္းဘယ္လိုအစခ်ီမလဲ ?

ကိုယ္နဲ႔မသိတဲ့ သူစိမ္းတစ္ေယာက္နဲ႔ စကားစေျပာရတာ ေဖာ္ေရြတဲ့လူေတြအတြက္ေတာ့ သိပ္
အခက္ခဲမျဖစ္ေပမယ့္ အေနေအးတဲ့လူ ၊ လူေတြနဲ႔ စကားေျပာနည္းတဲ့ သူေတြအတြက္ေတာ့ အခက္ေတြ႔ႏုိင္ပါတယ္။

ဘယ္လိုအေျခအေနမ်ဳိးျဖစ္ျဖစ္ သူစိမ္းေတြနဲ႔ဆက္ဆံတဲ့အခါ စမတ္တက်နဲ႔ အခ်က္က်က်စကား ေတြေျပာႏုိင္ဖုိ႔အတြက္ ဆက္ဆံေရး ကၽြမ္းက်င္ပညာ႐ွင္ေတြက အေျခခံနည္းလမ္းေတြ ေျပာျပ
ထားပါတယ္။

ေမးခြန္းေတြနဲ႔ အစျပဳပါ..
မသိတဲ့ လူတစ္ေယာက္နဲ႔ စကားေျပာေတာ့မယ္ဆုိရင္ ေမးခြန္းေလးနဲ႔ အျမဲအစျပဳပါတဲ့။ ဘာလို႔ဆို
ေမးခြန္းေတြက စကားအျပန္လွန္ေျပာဆိုမႈအတြက္ လမ္းဖြင့္ေပးရာေရာက္ျပီး ဒီလူအေပၚ သင့္ရဲ႕
စိတ္ဝင္စားမႈကို ေဖာ္ျပရာလည္း ေရာက္ပါတယ္။ ႏွစ္ေယာက္ၾကားဆက္ဆံေရးအစက ေနရထိုင္ရ
ခက္တာမ်ဳိးမျဖစ္ေစဘဲ ေအးေဆး တစ္ေယာက္ေျပာတာ တစ္ေယာက္က follow လိုက္႐ံုပါပဲ။ စကားေျပာရင္း အၾကိဳက္ခ်င္းတူတာေတြ ေတြ႔လာတဲ့အခါ စကားေျပာလုိ႔ေကာင္းတဲ့အေျခအေနတစ္ခုကိုဖန္တီးႏုိင္မွာပါ ။

ဘယ္လိုေမးခြန္းမ်ဳိး ေမးသင့္လဲ ?
အရင္ဆံုး စာဖတ္သူတို႔ အေတြးထဲေရာက္လာမွာ ” ငါဘယ္လိုေမးခြန္း ေမးရမွာလဲ ” ဆိုတာပါပဲ။
open-ended question မ်ဳိးသံုးပါ။ open-ended ေမးခြန္းဆိုတာ yes or no ေလာက္နဲ႔ အဆံုးသတ္သြားတာမ်ဳိးမဟုတ္ပဲ ကိုယ္ေမးလိုက္တဲ့ ေမးခြန္းေၾကာင့္ သူ႔ဘက္က စကားေတြအဆက္မျပတ္ျပန္လာေစမယ့္ ေမးခြန္းပံုစံပါ။ ႏိုင္ငံေရး ၊ ဘာသာေရးနဲ႔ မိသားစုေရးရာ ကိစၥေတြေတာ့ ေ႐ွာင္ေျပာေပါ့။ သူေရာ ၊ ကိုယ္ေရာေျပာခ်င္မယ့္ စကားဦးတည္ခ်က္တစ္ခုျဖစ္ဖို႔ အေရးၾကီးတယ္။

ေသခ်ာနားေထာင္ပါ
ဒါဟာ စကားအျပန္လွန္ေျပာျခင္းရဲ႕ အေရးၾကီးဆံုးအခ်က္ပါ။ လူအမ်ားစုဟာ ဒီအခ်က္ကို မလိုက္နာ
ႏုိင္ၾကပါဘူး။ နားေထာင္ရတာဟာ တစ္ခ်ဳိ ႔အတြက္ေတာ့ ပ်င္းစရာေကာင္းတတ္တယ္။ စကားအရမ္းမ်ားတဲ့လူေတြကို နားေထာင္ခိုင္းၾကည့္ပါ။ သူတို႔တကယ္ နားမေထာင္ႏုိင္ပါဘူး။ စိတ္ထဲမွာ
ဒါျပီးရင္ေတာ့ ငါဘာေတြေျပာရင္ေကာင္းမလဲဆိုျပီး စဥ္းစားေနတတ္ၾကပါတယ္။ တစ္ဖက္လူေျပာစကားကို ေသခ်ာနားေထာင္ေပးတတ္္တဲ့အက်င့္က တစ္ဖက္လူရဲ႕စိတ္ေနသေဘာထား ၊ အေတြးအျမင္ ၊ ကိုယ္မထင္ထားတဲ့ အခ်က္လက္ေကာင္းေတြ ရႏုိင္ပါတယ္။ ဒါေၾကာင့္ မ်ားမ်ားနားေထာင္ၾကည့္ပါ။ လူေတြနဲ႔ ဆက္ဆံရာမွာ အေျခအေနတိုးတက္လာပါလိမ့္မယ္။

ဆက္စပ္တဲ့ အေၾကာင္းရာ
ေကာင္းမြန္တဲ့ စကားအျပန္အလွန္ေျပာဆိုမႈျဖစ္ဖို႔အတြက္ ေမးခြန္းနဲ႔ အေျဖေတြ ညီမွ်ေနဖို႔ လိုပါတယ္။ လူေတြနဲ႔ စကားေျပာပါမ်ားရင္ သူ႔အလိုလိုျဖစ္လာမွာပါ။ ကိုယ့္ကိုကိုယ္လည္း ျပန္ဆန္းစစ္။ ဘယ္ေနရာမွာ ငါေျပာတာေတြလုိအပ္ေနလဲ ၊ ဘယ္ေနရာေတြမွာ သတိထားသင့္တယ္ဆုိတာ သံုးသပ္ပါ။

ေနာက္ဆံုးအေနနဲ႔ စကားေျပာေကာင္းတတ္ခ်င္တယ္ဆိုရင္ေတာ့ လူေတြနဲ႔မ်ားမ်ား ေတြ႔ပါ။ မေၾကာက္ရံြ ႔ပဲ ႏႈတ္ဆက္စကား စေျပာပါ။ အျပံဳးခ်ဳိခ်ဳိထားပါ။ လူခ်စ္ လူခင္ေပါမ်ားတဲ့ စကားေျပာေကာင္းသူတစ္ေယာက္ျဖစ္ပါေစ ….

(Unicode)

ကိုယ်နဲ့မသိတဲ့ သူစိမ်းတစ်ယောက်နဲ့ စကားစပြောရတာ ဖော်ရွေတဲ့လူတွေအတွက်တော့ သိပ်
အခက်ခဲမဖြစ်ပေမယ့် အနေအေးတဲ့လူ ၊ လူတွေနဲ့ စကားပြောနည်းတဲ့ သူတွေအတွက်တော့
အခက်တွေ့နိုင်ပါတယ်။

ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် သူစိမ်းတွေနဲ့ဆက်ဆံတဲ့အခါ စမတ်တကျနဲ့ အချက်ကျကျစကား
တွေပြောနိုင်ဖို့အတွက် ဆက်ဆံရေး ကျွမ်းကျင်ပညာရှင်တွေက အခြေခံနည်းလမ်းတွေ ပြောပြ
ထားပါတယ်။

မေးခွန်းတွေနဲ့ အစပြုပါ..
မသိတဲ့ လူတစ်ယောက်နဲ့ စကားပြောတော့မယ်ဆိုရင် မေးခွန်းလေးနဲ့ အမြဲအစပြုပါတဲ့။ ဘာလို့ဆို
မေးခွန်းတွေက စကားအပြန်လှန်ပြောဆိုမှုအတွက် လမ်းဖွင့်ပေးရာရောက်ပြီး ဒီလူအပေါ် သင့်ရဲ့
စိတ်ဝင်စားမှုကို ဖော်ပြရာလည်း ရောက်ပါတယ်။ နှစ်ယောက်ကြားဆက်ဆံရေးအစက နေရထိုင်ရ
ခက်တာမျိုးမဖြစ်စေဘဲ အေးဆေး တစ်ယောက်ပြောတာ တစ်ယောက်က follow လိုက်ရုံပါပဲ။
စကားပြောရင်း အကြိုက်ချင်းတူတာတွေ တွေ့လာတဲ့အခါ စကားပြောလို့ကောင်းတဲ့အခြေအနေ
တစ်ခုကိုဖန်တီးနိုင်မှာပါ ။

ဘယ်လိုမေးခွန်းမျိုး မေးသင့်လဲ ?
အရင်ဆုံး စာဖတ်သူတို့ အတွေးထဲရောက်လာမှာ ” ငါဘယ်လိုမေးခွန်း မေးရမှာလဲ ” ဆိုတာပါပဲ။
open-ended question မျိုးသုံးပါ။ open-ended မေးခွန်းဆိုတာ yes or no လောက်နဲ့ အဆုံးသတ်
သွားတာမျိုးမဟုတ်ပဲ ကိုယ်မေးလိုက်တဲ့ မေးခွန်းကြောင့် သူ့ဘက်က စကားတွေအဆက်မပြတ်ပြန်
လာစေမယ့် မေးခွန်းပုံစံပါ။ နိုင်ငံရေး ၊ ဘာသာရေးနဲ့ မိသားစုရေးရာ ကိစ္စတွေတော့ ရှောင်ပြော
ပေါ့။ သူရော ၊ ကိုယ်ရောပြောချင်မယ့် စကားဦးတည်ချက်တစ်ခုဖြစ်ဖို့ အရေးကြီးတယ်။

သေချာနားထောင်ပါ
ဒါဟာ စကားအပြန်လှန်ပြောခြင်းရဲ့ အရေးကြီးဆုံးအချက်ပါ။ လူအများစုဟာ ဒီအချက်ကို မလိုက်နာ
နိုင်ကြပါဘူး။ နားထောင်ရတာဟာ တစ်ချို ့အတွက်တော့ ပျင်းစရာကောင်းတတ်တယ်။ စကား
အရမ်းများတဲ့လူတွေကို နားထောင်ခိုင်းကြည့်ပါ။ သူတို့တကယ် နားမထောင်နိုင်ပါဘူး။ စိတ်ထဲမှာ
ဒါပြီးရင်တော့ ငါဘာတွေပြောရင်ကောင်းမလဲဆိုပြီး စဉ်းစားနေတတ်ကြပါတယ်။
တစ်ဖက်လူပြောစကားကို သေချာနားထောင်ပေးတတ််တဲ့အကျင့်က တစ်ဖက်လူရဲ့စိတ်နေ
သဘောထား ၊ အတွေးအမြင် ၊ ကိုယ်မထင်ထားတဲ့ အချက်လက်ကောင်းတွေ ရနိုင်ပါတယ်။
ဒါကြောင့် များများနားထောင်ကြည့်ပါ။ လူတွေနဲ့ ဆက်ဆံရာမှာ အခြေအနေတိုးတက်လာပါလိမ့်
မယ်။

ဆက်စပ်တဲ့ အကြောင်းရာ
ကောင်းမွန်တဲ့ စကားအပြန်အလှန်ပြောဆိုမှုဖြစ်ဖို့အတွက် မေးခွန်းနဲ့ အဖြေတွေ ညီမျှနေဖို့ လိုပါ
တယ်။ လူတွေနဲ့ စကားပြောပါများရင် သူ့အလိုလိုဖြစ်လာမှာပါ။ ကိုယ့်ကိုကိုယ်လည်း ပြန်ဆန်းစစ်။
ဘယ်နေရာမှာ ငါပြောတာတွေလိုအပ်နေလဲ ၊ ဘယ်နေရာတွေမှာ သတိထားသင့်တယ်ဆိုတာ
သုံးသပ်ပါ။

နောက်ဆုံးအနေနဲ့ စကားပြောကောင်းတတ်ချင်တယ်ဆိုရင်တော့ လူတွေနဲ့များများ တွေ့ပါ။
မကြောက်ရွံ ့ပဲ နှုတ်ဆက်စကား စပြောပါ။ အပြုံးချိုချိုထားပါ။ လူချစ် လူခင်ပေါများတဲ့
စကားပြောကောင်းသူတစ်ယောက်ဖြစ်ပါစေ ….

366 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.