မေတ္တာဆိုတာအချစ်ထက်ပိုခိုင်မြဲပါတယ်
(၁) နားလည်နိုင်တယ်
(၂) သည်းခံနိုင်တယ်
(၃) စွန့်လွှတ်နိုင်တယ်
Unicode
လူတိုင်းဟာ တစ်စုံတစ်ယောက်ကိုချစ်တတ်ကြ ကြိုက်တတ်ကြပေမဲ့မေတ္တာထားတတ်ဖို့ကြတော့ခက်ခဲတတ်ကြပါတယ်။ ခက်ခဲတယ်ဆိုတာ ထက် မေတ္တာကိုမထားတတ်ကြသေးတာမျိုးပါ။
ဒီလိုအချစ်တွေထဲမှာ မေတ္တာပါရောပါလာဖို့ဆိုတာ ရှားပါးတတ်ကြပါတယ်။ ဒါပင်မဲ့မရှိဘူူးလို့တော့မထင်လိုက်ပါနဲ့ ။ တကယ်တော့မေတ္တာစစ်ဆိုတာ အချစ်ထက်ပိုပြီး ခိုင်မြဲပါတယ်။ ချစ်တယ်ဆိုတဲ့အရာတစ်ခုတည်းဆိုရင် သိပ်ကိုပူလောင်လှပါတယ်။ ဒီလိုပူလောင်လွန်းနဲ့အချစ်မှာ မေတ္တာဆိုတဲ့အရာပါ တွဲပါမှသာ စုံတွဲတစ်တွဲ၊ ချစ်သူနှစ်ဦး နောက်ဆုံးအိမ်ထောင်ရေးတစ်ခုဟာ အဆင်ပြေပြေနဲ့သာယာနိုင်မှာဖြစ်ပါတယ်။ဒါဆိုရင် လူတစ်ယောက်ကို မေတ္တာထားတတ်ဖို့ဘာတွေလိုအပ်လဲ…ဘယ်အရာတွေကို မေတ္တာလို့ခေါ်လဲဆိုတာ…
(၁) နားလည်နိုင်တယ်
လူတစ်ယောက်မှာ အားနည်းချက်ကိုယ်စီရှိကြစမြဲပါပဲ ။ ဒီလို ကောင်း၏ဆိုး၏တွေကို အပြစ်ရယ်မမြင်ပဲသူ့အတွက်ဆို အရာရာကိုနားလည်ပေးနိုင်နေတာဟာ ချစ်ရုံတင်မကဘူး မေတ္တာပါရှိနေလို့ဆိုတာသေချာပါပြီ။
(၂) သည်းခံနိုင်တယ်
လူတစ်ယောက်ကိုသည်းခံနိုင်ဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့အရာပါ။ ကိုယ့်ရဲ့အတ္တတွေမာနတွေကိုဖယ်ပြီးလူတစ်ယောက်ကိုသည်းခံနိုု်င်ဖို့အောက်ကျနိုင်ဖို့ ဟာ အင်မတန်ခက်ခဲပေမဲ့ ကိုယ်တကယ်မေတ္တာစစ်နဲ့ချစ်မိတဲ့သူနဲ့ကြတော့ ဒီအရာတွေကို ခက်ခဲတယ် အောက်ကျတယ်လို့ခံကိုမခံစားရမိတတ်ကြပါဘူး။
(၃) စွန့်လွှတ်နိုင်တယ်
လူတစ်ယောက်ကြောင့် အရင်ကကိုယ်လုပ်ခဲ့တဲ့အရာတွေ ကိုယ့်အတွက်အရေးကြီးပါတယ် အရေးပါပါတယ်ဆိုတဲ့အရာတွေကို စွန့်လွှတ်နိုင်ခဲ့တယ်ဆိုရင်တော့ သေချာပါပြီ ဒီလူအပေါ်သင်မေတ္တာ အရမ်းသက်ဝင်နေမိပါပြီ။
တကယ်တော့မေတ္တာတရားဆိုတာလုပ်ယူဖန်တီးယူလို့ရတဲ့အရာမဟုတ်ပါဘူး။ အပေါ်ကအချက်တွေလိုသင်လူတစ်ယောက်ပေါ်ခံစားမိနေပြီဆိုရင်တော့ သင်လူတစ်ယောက်ပေါ် မေတ္တာစစ်နဲ့ချစ်နေတယ်ဆိုတာ မလွဲဧကန်သေချာသွားပြီလို့သာမှတ်လိုက်ပါ။ ချစ်ခြင်းမုန်းခြင်းတွေကလွယ်လွယ်ဖြတ်တောက်လို့ရကောင်းရနိုင်ပေမဲ့ မေတ္တာတရားဆိုတာကတော့ လွယ်လွယ်နဲ့ပယ်ဖျက်ပစ်လို့မရသလိုလွယ်လွယ်နဲ့ရနိုင်တဲ့အရာမဟုတ်လို့လူတစ်ယောက်ဆီကမေတ္တာစစ်ပါ ပါတဲ့အချစ်မျိုး
ကိုသင်ရနေပြီဆိုရင်တော့ဒီလူကို လုံးဝလက်လွှတ်ဆုံးရှုံးမခံသင့်တော့ပါဘူး။ နောက်ပြီးကိုယ်တိုင်ကလည်းလူတစ်ယောက်ကိုချစ်မယ်လို့ဆုံးဖြတ်ထားရင် မေတ္တာပါပေးနိုင်တဲ့အချစ်မျိုးနဲ့ချစ်မှသာ အေးမြတဲ့ RS Life ကိုပိုင်ဆိုင်နိုင်မှာပါ။
1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.