ေစ့စပ္ျပီးျပီမို႔လို႔ ဒီတက္တူးမရွိသင့္ေတာ့ဘူးဆိုျပီး ေ၀ဖန္မႈေတြအလူးအလဲခံေနရတဲ႔ Justin Bieber

အခုတေလာ ဂယက္ထေနတာကေတာ့ Justin Bieber နဲ႔ပတ္သက္တဲ႔သတင္းေတြခ်ည္းပါပဲ။မၾကာေသးခင္က Hailey Baldwin နဲ႔ေစ့စပ္ခဲ႔တယ္လို႔သိရျပီး ပရိသတ္ေတြက Justin Bieber ဟာ Selena Gomez ေနရာမွာအစားထုိးဖုိ႔ၾကိဳးစားေနတာပဲဆုိတဲ႔သတင္းေတြလည္း ပ်ံ႔ႏွံ႔ေနပါတယ္။တကယ္ဟုတ္မဟုတ္ဆုိတာကေတာ့ Justin Bieber ရဲ ႔ရင္ထဲေဖာက္ျမင္မွပဲသိႏုိင္မွာပါ။အခုလည္း ေစ့စပ္ျပီးသြားတာေတာင္ Justin ရဲ ႔လက္မွာ Selena ရဲ ႔တက္တူးပံုရိွေနေသးတယ္ဆုိျပီး မီဒီယာေတြကေဖာ္ျပလာပါတယ္။

Related image

ျပတ္လုိက္ျပန္တြဲလိုက္နဲ႔သံသရာလည္ေနတဲ႔ၾကားကေတာင္ Justin ဟာ Selena Gomez ရဲ႔ မ်က္ႏွာပံုကုိ သူ႔ရဲ ႔ဘယ္ဘက္လက္ေကာက္၀တ္မွာထုိးထားခဲ႔တဲ႔အထိ Selena တစ္ေယာက္တည္းကိုပဲရင္ထဲထည့္ထားခဲ႔တာပါ။ဘယ္ေလာက္ပဲ ပရိသတ္ေတြကေ၀ဖန္ေ၀ဖန္ Justin ဟာ Selena ကုိပဲတကယ္ခ်စ္ခဲ႔တယ္ဆုိတာ လက္မခံလို႔မရပါဘူး။Selena ဟာလည္း Justin Bieber နဲ႔ဆုိ သူမရဲ ႔ေပ်ာ္ရႊင္မႈကမဖံုးဖိႏိုင္ပါဘူး။ဒီလုိမ်ိဳး ၈ႏွစ္ၾကာသံေယာဇဥ္ကမထင္မွတ္ထားတဲ႔ျပႆနာေတြ၊အထင္လြဲမွားမႈေတြေၾကာင့္ ျပတ္စဲသြားၾကတယ္ဆုိေပမဲ႔လည္း သံေယာဇဥ္ၾကိဳးဆုိတာ ပါးစပ္က ျပတ္တယ္ဆုိတုိင္းလြယ္လြယ္န႔ဲေတာ့ ျဖတ္လို႔မရပါဘူး။

ေနာက္ဆံုးတစ္ေခါက္လမ္းခြဲျပတ္စဲၾကျပီးေနာက္ပုိင္းမွာ Justin ဟာ သူ႔အေပၚအႏြံတာခံျပီးခ်စ္ျမတ္နုိးတဲ႔၊ဘယ္အခ်ိန္ပဲျဖစ္ျဖစ္လက္ကမ္းၾကိဳဆုိေပးတဲ႔သူငယ္ခ်င္းမေလး Hailey Baldwin နဲ႔ ခ်စ္ၾကိဳးသြယ္ခဲ႔ပါတယ္။သူ႔အေပၚခ်စ္သေလာက္ သူ႔ကုိလည္းယံုၾကည္ျမတ္ႏုိးတဲ႔ Hailey အတြက္ သံေယာဇဥ္အခ်စ္ဆုိတာလည္းJustin မွာရွိမယ္ဆုိတာေသခ်ာပါတယ္။ဒါေၾကာင့္ပဲ သူ႔အေပၚခ်စ္ျမတ္ႏုိးျပီး သူကလည္း ခ်စ္ျမတ္ႏိုးတဲ႔ Hailey နဲ႔ေစ့စပ္ခဲ႔ျပီးတည္ျငိမ္တဲ႔မိသားစုဘ၀ေလးကုိတည္ေထာင္ဖုိ႔ ၾကိဳးစားေနတာပါ။ပရိသတ္ေတြက Hailey ကုိ Selena ေနရာမွာအစားထုိးဖုိ႔ၾကိဳးစားေနတာ၊အရြဲ႔တိုက္ေနတာဆုိတဲ႔သတင္းေတြကလည္းအမ်ိဳးမ်ိဳးအဖံုဖံုရွိေနေပမဲ႔ Justin ကုိ Hailey နဲ႔ပဲ တည္ျငိမ္ေစခ်င္တဲ႔ပရိသတ္ေတြကလည္းအမ်ားၾကီးပါ။

ဒါေပမဲ့ ဇူလုိင္လ ၁၀ရက္ေန႔က နယူးေယာ့ခ္မွာသူတို႔စံုတြဲကုိေတ႔ြခဲ႔ျပီး Justin ရဲ ႔လက္ေကာက္၀တ္မွာ Selena ရဲ ႔ပံုရွိေနေသးတာကုိ ပရိသတ္ေတြကသေဘာမက်ၾကပါဘူး။”ခုဖ်က္ခုရတဲ႔ေခတ္ကာလၾကီးမွာဒီလုိမ်ိဳး Selena ရဲ႔တက္တူးရွိေနေသးတာက မျဖစ္သင့္ဘူး”တို႔၊”အခုခ်ိန္ထိခ်စ္ေနဆဲပဲလား”တုိ႔၊”Hailey သနားပါတယ္၊တစ္ျခားမိန္းကေလးတစ္ေယာက္ကုိရင္ထဲထည့္ထားျပီး အျပင္မွာေတာ့ သူ႔ကိုခ်စ္တဲ႔သူကုိေရြးခ်ယ္လိုက္တာမျဖစ္သင့္ဘူး”တို႔စတဲ႔ ေကာမန္႔္ေတြအမ်ားၾကီးနဲ႔ေ၀ဖန္မႈေတြရွိေနခဲ႔ပါတယ္။ဘယ္အခ်ိန္ျပန္ျပီး Selena ဆီျပန္သြားမလဲဆိုတာကုိလည္း ပရိသတ္ေတြကေစာင့္ၾကည့္ေနၾကပါတယ္။ဘယ္လိုပဲျဖစ္ျဖစ္ ဒီအေျခအေနကုိ Justin Bieber တစ္ေယာက္ ေသခ်ာကုိင္တြယ္ႏုိင္မယ္လို႔ပဲ ေမ်ွာ္လင့္ပါတယ္။

Unicode

အခုတလော ဂယက်ထနေတာကတော့ Justin Bieber နဲ့ပတ်သက်တဲ့သတင်းတွေချည်းပါပဲ။မကြာသေးခင်က Hailey Baldwin နဲ့စေ့စပ်ခဲ့တယ်လို့သိရပြီး ပရိသတ်တွေက Justin Bieber ဟာ Selena Gomez နေရာမှာအစားထိုးဖို့ကြိုးစားနေတာပဲဆိုတဲ့သတင်းတွေလည်း ပျံ့နှံ့နေပါတယ်။တကယ်ဟုတ်မဟုတ်ဆိုတာကတော့ Justin Bieber ရဲ ့ရင်ထဲဖောက်မြင်မှပဲသိနိုင်မှာပါ။အခုလည်း စေ့စပ်ပြီးသွားတာတောင် Justin ရဲ ့လက်မှာ Selena ရဲ ့တက်တူးပုံရှိနေသေးတယ်ဆိုပြီး မီဒီယာတွေကဖော်ပြလာပါတယ်။

ပြတ်လိုက်ပြန်တွဲလိုက်နဲ့သံသရာလည်နေတဲ့ကြားကတောင် Justin ဟာ Selena Gomez ရဲ့ မျက်နှာပုံကို သူ့ရဲ ့ဘယ်ဘက်လက်ကောက်ဝတ်မှာထိုးထားခဲ့တဲ့အထိ Selena တစ်ယောက်တည်းကိုပဲရင်ထဲထည့်ထားခဲ့တာပါ။ဘယ်လောက်ပဲ ပရိသတ်တွေကဝေဖန်ဝေဖန် Justin ဟာ Selena ကိုပဲတကယ်ချစ်ခဲ့တယ်ဆိုတာ လက်မခံလို့မရပါဘူး။Selena ဟာလည်း Justin Bieber နဲ့ဆို သူမရဲ ့ပျော်ရွှင်မှုကမဖုံးဖိနိုင်ပါဘူး။ဒီလိုမျိုး ၈နှစ်ကြာသံယောဇဉ်ကမထင်မှတ်ထားတဲ့ပြဿနာတွေ၊အထင်လွဲမှားမှုတွေကြောင့် ပြတ်စဲသွားကြတယ်ဆိုပေမဲ့လည်း သံယောဇဉ်ကြိုးဆိုတာ ပါးစပ်က ပြတ်တယ်ဆိုတိုင်းလွယ်လွယ်နဲ့တော့ ဖြတ်လို့မရပါဘူး။

နောက်ဆုံးတစ်ခေါက်လမ်းခွဲပြတ်စဲကြပြီးနောက်ပိုင်းမှာ Justin ဟာ သူ့အပေါ်အနွံတာခံပြီးချစ်မြတ်နိုးတဲ့၊ဘယ်အချိန်ပဲဖြစ်ဖြစ်လက်ကမ်းကြိုဆိုပေးတဲ့သူငယ်ချင်းမလေး Hailey Baldwin နဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်။သူ့အပေါ်ချစ်သလောက် သူ့ကိုလည်းယုံကြည်မြတ်နိုးတဲ့ Hailey အတွက် သံယောဇဉ်အချစ်ဆိုတာလည်းJustin မှာရှိမယ်ဆိုတာသေချာပါတယ်။ဒါကြောင့်ပဲ သူ့အပေါ်ချစ်မြတ်နိုးပြီး သူကလည်း ချစ်မြတ်နိုးတဲ့ Hailey နဲ့စေ့စပ်ခဲ့ပြီးတည်ငြိမ်တဲ့မိသားစုဘဝလေးကိုတည်ထောင်ဖို့ ကြိုးစားနေတာပါ။ပရိသတ်တွေက Hailey ကို Selena နေရာမှာအစားထိုးဖို့ကြိုးစားနေတာ၊အရွဲ့တိုက်နေတာဆိုတဲ့သတင်းတွေကလည်းအမျိုးမျိုးအဖုံဖုံရှိနေပေမဲ့ Justin ကို Hailey နဲ့ပဲ တည်ငြိမ်စေချင်တဲ့ပရိသတ်တွေကလည်းအများကြီးပါ။

ဒါပေမဲ့ ဇူလိုင်လ ၁ဝရက်နေ့က နယူးယော့ခ်မှာသူတို့စုံတွဲကိုတွေ့ခဲ့ပြီး Justin ရဲ ့လက်ကောက်ဝတ်မှာ Selena ရဲ ့ပုံရှိနေသေးတာကို ပရိသတ်တွေကသဘောမကျကြပါဘူး။”ခုဖျက်ခုရတဲ့ခေတ်ကာလကြီးမှာဒီလိုမျိုး Selena ရဲ့တက်တူးရှိနေသေးတာက မဖြစ်သင့်ဘူး”တို့၊”အခုချိန်ထိချစ်နေဆဲပဲလား”တို့၊”Hailey သနားပါတယ်၊တစ်ခြားမိန်းကလေးတစ်ယောက်ကိုရင်ထဲထည့်ထားပြီး အပြင်မှာတော့ သူ့ကိုချစ်တဲ့သူကိုရွေးချယ်လိုက်တာမဖြစ်သင့်ဘူး”တို့စတဲ့ ကောမန့််တွေအများကြီးနဲ့ဝေဖန်မှုတွေရှိနေခဲ့ပါတယ်။ဘယ်အချိန်ပြန်ပြီး Selena ဆီပြန်သွားမလဲဆိုတာကိုလည်း ပရိသတ်တွေကစောင့်ကြည့်နေကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ဒီအခြေအနေကို Justin Bieber တစ်ယောက် သေချာကိုင်တွယ်နိုင်မယ်လို့ပဲ မျှော်လင့်ပါတယ်။

740 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.