ဆံပင်ဟာ အလှတရားများကို ပြီးပြည့်စုံစေတဲ့အရာတစ်ခုပါ။ တစ်ကိုယ်လုံး ဆင်ယင်ခြယ်သပြီး ပေမယ့် ဆံပင်တစ်မျိုးကို ဘယ်လိုလုပ်ရမှန်း မသိဘဲ အမြဲတမ်းအကြံအိုက်နေရတဲ့ မမတွေအတွက် ပွဲတက်စတိုင် ဆံပင်ထုံးနည်းလေးတွေ ဖော်ပြပေးပါဦးမယ်။
မိတ်ကပ်ဆရာကို သွားအပူကပ်စရာမလိုဘဲ အိမ်မှာ ကိုယ်တိုင်လုပ်နိုင်ပြီး အဖော်တစ်ယောက်က ကူညီပေးရုံနဲ့ လှပသွားမယ့် နည်းလမ်းလေးတွေပါ။
(၁) Pretty Sideswept Bun
ဆံပင်အရှေ့ခြမ်းကို သုံးပိုင်းခွဲလိုက်ပါ။ ဘေးဘက်အခြမ်းကို များများချန်ထားပြီး အလည်ပိုင်းကို နောက်ကိုဆွဲယူလိုက်ပါ။ နောက်ကျန်တဲ့ဆံပင်နဲတွဲပြီး ပိုနီးတေးပုံစံ ဘေးဘက်လျော့လျော့လေး စည်းလိုက်ပါ။ မျက်နှာပုံစံကျစေဖို့ အရှေ့ခြမ်းကို ဘေးဘက်ဆွဲပြီး ခပ်လျော့လျော့ဖီးလိုက်ပါ။ အစအနတွေ ထွက်နေရင် ကလစ်နဲ့လိုက်ထိန်းပေးပါ။
(၂) Ribbon Braid
ဆံပင်ကိုအရင် ဆီလိမ်းလိုက်ပါ။ ဖဲကြိုးရှည်တစ်ကြိုးကိုသုံးပြီး ဦးခေါင်းပေါ်မှာ ပတ်လိုက်ပါ။ ပြီးရင် ကုတ်ပိုးနားမှာချည်လိုက်ပါ။ ကျန်တဲ့ဖဲကြိုးကိုတော့ ကျစ်ဆံမြီးကျစ်ရာမှာ လိုသလို ထည့်သွင်းပြီး ကျစ်လိုက်ပါ။
(၃) Sparkly Braided Headband
ဒီလို တလက်လက်တောက်ပတဲ့ အသွင် ရစေဖို့ အကြိုက်ဆုံး ဘီးကုပ်အသေးနှစ်ခုကို ယူလိုက်ပါ။ ဖွတ်မြီးကျစ်နည်းကတော့ မသိရင် video tutorial တွေမှာ ရှာကြည့်ပါ။
(၄) Mega Curls
ညအိပ်ချိန်မှာ ခေါင်းလျှော်ပြီးတော့ ဆံပင်ကိုခြောက်အောင်မှုတ်ပါ။ ပြီးရင် ဆံပင်ကို နှစ်လက်မဆီလောက်စီယူပြီး အတွင်းမှာ ဆံပင်ကောက်တဲ့ ကော်ချောင်းခံကာ အဖျားကနေ အရင်းထိ လိပ်လိုက်ပါ။ ပြီးရင်ညအိပ်လိုက်ပါ။ မနက်နိုးလာလို့ ဖြေလိုက်တဲ့အခါမှာ အခုလို အကောက်မျိုးလေး တွေကိုတွေ့ရမှာဖြစ်ပြီး ဘီးမဖီးဘဲ လက်နဲ့အသာလေး လိုက်ထိုးခွဲပေးပါ။ ပြီးရင်တော့ စပရေး (ဒါမှမဟုတ်) အဆီတစ်မျိုးမျိုးလိမ်းပြီး ဆံပင်ကို အနည်းငယ် အရောင်တောက်သွားအောင် ပြုလုပ်လိုက်ပါ။
(၅) Cute Hair Bow
ဆံပင်အစ အနည်းငယ်နှစ်ခုကို ယူလိုက်ပြီး ကွေးရလွယ်အောင် လိုးရှင်းနည်းနည်း လိမ်းလိုက်ပါ။ ပြီးရင်ခြောက်အောင်မှုတ်လိုက်ပြီး ဖဲပြားပုံချည်လိုက်ရင် ရပါပြီ။
(၆) Romantic Water Fall
ဆံပင်ကို အရင် moss လိမ်းပြီး ခြောက်အောင်လုပ်ပါ။ ဘေးတစ်ဖက်ကနေ ဖွတ်မြီးစကျစ်ပါ။ တစ်ခါကျစ်ပြီးတိုင်း ဆံပင်တစ်လိုင်းကိုလွှတ်ပြီး နောက်တစ်လိုင်းကိုထပ်ယူကာ ကျစ်သွားလိုက်ပါ။
Ref:Seventeen