“အပြည်ပြည်ဆိုင်ရာအသည်းကွဲသောနေ့”အကြောင်း တစေ့တစောင်း 💔
Unicode
ချစ်သူများနေ့ကျ ရှိတယ်။အသည်းကွဲသမားတွေနေ့ဆိုတာမရှိဘူးလိုု့ အော်နေလို့မရတော့ပါဘူး Google ကြီးကိုအားကိုးပြီး International Heratbroken day ဆိုတာ တကယ်ရှိလားလို့သိချင်စိတ်နဲ့ရှာကြည့်လိုက်တဲ့အခါမှာတော့ တကယ်ကြီးကိုရှိနေတာတွေ့လိုက်ရပါတယ်။အပြည်ပြည်ဆိုင်ရာအသည်းကွဲသောနေ့ဆိုတာ သီချင်းပဲကြားဖူးခဲ့တာ။ဒီလို နေ့ရက်သတ်မှတ်ထားတာမျိုးရှိမယ်လို့မသိခဲ့ရိုးအမှန်။အမှန်ဆို ရှိလည်းရှိသင့်ပါတယ်။ချစ်သူများနေ့ကျရှိပြီး အသည်းကွဲသောနေ့ဆိုတာမရှိရင် မတရားဘူးလေနော်  ချစ်သူအသစ်မရှာသေးပဲ အသည်းကွဲနေတုန်းဆိုသူတွေအတွက် အသညး်ကွဲသောနေ့ဆိုတာ ရှိပေးသင့်ပါတယ်နော်
ဒီတော့ National Heartbroken Day နေ့နဲ့ပတ်သက်ပြီးလေ့လာကြည့်တဲ့အခါမှာ မတ်လ ၂၅ရက်နဲ့ ၂၉ရက်နေ့က အားလုံးလက်ခံထားကြတဲ့အပြည်ပြည်ဆိုင်ရာအသည်းကွဲသောနေ့ပါတဲ့။ပထမဆုံး National Heartbroken Day ဟာ ၂၀၁၅ ၊မတ်လ ၂၅ရက်နေ့ကစတင်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနေ့မှာဆိုရင်အသည်းကွဲသမားတွေရဲ့ ခံစားချက်တွေကို တွစ်စ်တာတွေ၊အင်စတာဂရမ်တွေ၊ဖေ့ဘွတ်ခ်တွေမှာ မြင်တွေ့ရပါတယ်။မတ်လ ၂၅ရက်နေ့က National Heartbroken Day ဖြစ်သလိုတစ်ခြားအထိမ်းအမှတ်တွေလည်းရှိကြတာကိုလေ့လာတွေ့ရှိခဲ့ရပါသေးတယ်။
တစ်နှစ်ကိုတစ်ရက် ပြောင်းလဲတာမျိုးရောရှိလားဆိုရင်တော့ ရှိနိုင်ပါတယ်။လေ့လာချက်တွေအရ လူအယောက်ရာချီခန့်က ဧပြီလအစောပိုင်းလောက်မှာ Heartbroken Day အကြောင်းခံစားချက်တွေတင်တာ၊တွစ်စ်လုပ်တာတွေရှိပြီး ထောင်ဂဏန်းခန့်က မေလထဲမှာ Heartbroken Day ကျင်းပကြပါတယ်။မေလ ၂၉ရက်နေ့မှာတော့ တွစ်စ်တာမှာ အသည်းကွဲတဲ့အကြောင်းတွေ၊ခံစားချက်တွေတင်ထားတာများတယ်လို့သိရပါတယ်။
Heartbroken day နဲ့ပတ်သက်ပြီး အတိအလင်းကျင်းပဖို့၊ရက်သတ်မှတ်ဖို့တော့ အခုချိန်ထိအစီအစဉ်ဆွဲထားတာမျိုးမရှိသေးဘူးလို့လည်းတွေ့ရှိရပါတယ်။အတိအလင်းမသတ်မှတ်ရသေးတဲ့အတွက် အားလုံးကတော့ မတ်လအတွင်းလို့ပဲသတ်မှတ်ထားကြတာပါ။”National Heartbroken day” နဲ့ပတ်သက်ပြီး လူမှုဆိုရှယ်မီဒီယာတွေကနေတစ်ဆင့်သာ လူသိလာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့အကြောင်း လူသိနည်းနေသေးတာပါလို့ Trend ပရိသတ်ကြီးကို လေလ့ာမိသလောက် ပြန်ပြီးမျှဝေလိုက်ပါတယ်။
46 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.