စနုိက္ေျကာ္တစ္ခ်ိဳ႕ရဲ႕အထာက်က်စနုိက္ေျကာ္နည္းေတြကိုသတိထားမိေစဖို႕

ကိုယ္႔ခ်စ္သူဘက္ကအေနမွန္ေနရင္ေတာင္ စနိုက္ခ်င္တဲ႔သူကေတာ႔ ဘယ္ေတာ႔ လုရင္ေကာင္းမလဲေစာင္႔ေနတတ္ျကတာမ်ိဳးရွိပါတယ္။ လူ႕စည္းကမ္းက်င္႔၀တ္ကို ေဖာက္ဖ်က္ျပီးပိုင္ရွင္ရွိျပီးသား၊ခ်စ္သူရွိျပီးသားလူကို လိုခ်င္ျကတဲ႔သူမ်ိဳးေတြအမ်ားျကီးရွိပါတယ္။မျကိုက္ရဘူး ၊ မခ်စ္ရဘူးမေျပာပင္မဲ႔သူမ်ားပိုင္ဆုိင္ထားျပီးသား တစ္ပါးသူနဲ႕ရည္ငံေနလ်က္ရွိေနတဲ႔သူကို လုယူဖို႕စိတ္ကူးေနတာ ပစ္မွားေနတာမ်ိဳးဟာ ငရဲလည္းျကီးသလုိ စိတ္ပ်က္စရာလည္းအင္မတန္ေကာင္းလွပါတယ္။ တစ္ခ်ိဳ႕ေတြက ေပၚတင္ျကီး အရွက္ကြဲခံစနုိက္ေျကာ္ျကေပမဲ႔ တစ္ခ်ိဳ႕ကေတာ႔မသိမသာနဲ႕ ကိုယ္ေတြ Relationship ကိုပ်က္စီးခ်င္ေနျကတာမ်ိဳးရွိပါတယ္။ ဆိုေတာ႔ စနုိက္ေက်ာ္ခ်င္တဲ႔သူတစ္ခ်ိဳ႕ရဲ႕ေယဘယ်စနုိက္ေျကာ္နည္းတစ္ခ်ိဳ႕ကိုအနီးစပ္ဆံုးေဖာ္ျပေပးလုိက္ပါတယ္။ ဒီအခ်က္ေတြနဲ႕ညီတုိင္း စနုိက္ေျကာ္လို႕မဆိုလိုပင္မဲ႔ စနုိက္ေျကာ္တုိင္းလိုလုိကေတာ႔ဒီအခ်က္ေလးေတြကို လုပ္တတ္တယ္ဆိုတာ ကို ေတာ႔သတိထားပါ…
(၁) သင္နဲ႕သင္႔ခ်စ္သူကို အားက်ေျကာင္းလိုတာထက္ပိုေျပာတာ
ဒါကေတာ႔တကယ္ကိုသတိထားျကည္႔ရမဲ႔အခ်က္ပါ။ တစ္ခ်ိဳ႕ကေတာ႔တကယ္ကိုသင္တုိ႕အတြဲကိုအားက်လို႕အားက်တယ္ဆိုေပမဲ႔ တစ္ခ်ိဳ႕တေလကေတာ႔စိတ္ထဲကမပါပဲ သက္သက္ attention ယူျပီး သင္တို႕ကိုအားက်ေျကာင္းလာလာေျပာေနတတ္ျကပါ။ သူ႕အေပၚသင္တုိ႕ယံုျကည္လာတာကိုလုိခ်င္လို႕သင္႔ခ်စ္သူနဲ႕ရင္းနွီးခ်င္တဲ႔စိတ္နဲ႕ အားက်ခ်င္ေယာင္ေဆာင္တတ္ျကပါတယ္။
တစ္ခ်ိဳ႕ျကေတာ႔လည္းတစ္ကယ္႔စိတ္ရင္းပါ ၊ ေသခ်ာေအာင္ေတာ႔ ေလ႔လာသင္႔တာေပါ႔။
(၂) သင္တုိ႕ေပ်ာ္ရႊင္ခ်ိန္ဆိုေပၚမလာပဲ သင္႔ခ်စ္သူFeel ေနခ်ိန္ဆုိေပၚေပၚလာတတ္တာ
သင္တို႕ရဲ႕ေပ်ာ္ရႊင္စရာျကည္နူးစရာပံုေတြ sts ေတြတင္တဲ႔အခါေပၚမလာတတ္ပဲသင္႔ခ်စ္သူနဲ႕သင္ျပႆနာျဖစ္ထားတဲ႔အခ်ိန္လိုမ်ိဳးမွာ သင္႔ခ်စ္သူကို အားေပးသလုိ အားေျမွာက္သလုိ လာလာလုပ္တတ္ပါတယ္။လုိအပ္သေလာက္ေျပာတာမ်ိဳးမဟုတ္ပဲခ်စ္သူနွစ္ေယာက္ျကားေျပလည္ေအာင္မလုပ္ပဲ စိတ္ပင္ပန္းမႈေတြကို ပိုျကီးလာေအာင္ အားေပးသလုိနဲ႕သူ႕ဘက္ပါေအာင္ဆြဲေဆာင္သြားတတ္ျကပါတယ္။ဒါေျကာင္႔မေတာ္တဆစိတ္အခန္႕မသင္႔လုိရန္ျဖစ္ရင္ေတာင္နွစ္ဦးတည္းပဲသိပါေစ။
(၃) သင္နဲ႕သင္႔ခ်စ္သူျကား မျကခဏစိတ္ခုစရာစကားေတြေျပာတတ္တာ
သင္နဲ႕သင္႔ခ်စ္သူျကားမွာ စိတ္ခုစရာကိစၥေတြျဖစ္တဲ႔ သင္႔ရည္းစားေဟာင္းအေျကာင္းကို သင္႔ခ်စ္သူသိေအာင္လုပ္တာမ်ိဳး၊ သင္နဲ႕သင္႔ခ်စ္သူကို မလုိက္ဖက္ဘူး၊ မတြဲသင္႔ဘူး ဘာညာေသြးထိုးစကားေတြကို စည္းေက်ာ္ျပီးခင္လုိ႕ေျပာတာပါလို႕အေျကာင္းျပကာေျပာတတ္ျကပါတယ္။
(၄) သင္႔ခ်စ္သူကို မျကာခဏဆုိသလုိလူမႈေရးအကူညီေတြလာေတာင္းတာ
သင္႔ခ်စ္သူနဲ႕ဘယ္ေလာက္ပဲရင္းနွီးေနပါေစလုိတာထက္ပိုျပီး အေသးစိတ္ကအစအကူညီလာလာေတာင္းေနျပီဆုိရင္ေတာ႔သတိထားသင္႔ပါတယ္။ သူတုိ႕ရဲ႕ကိုယ္ေရးကိုယ္တာကိစၥကအစသင္႔ခ်စ္သူအျကံေပးမွသင္႔ခ်စ္သူကူညီမွ ဆုိတဲ႔သူမ်ိဳးေတြကို သတိေတာ႔ထားပါ။
(၅) သင္႔ခ်စ္သူကို လိုတာထက္ပိုစိုးရိမ္ျပတာ
ခ်စ္သူျဖစ္တဲ႔သင္႔ထက္ အျမဲလုိလုိဦးေအာင္ သင္႔ခ်စ္သူကို ဂရုစိုက္ျပ၊ စည္းေက်ာ္ျပီး ျကင္နာျပစုိးရိမ္ျပေနျပီဆိုရင္ေတာ႔သင္႔ေနရာကိုလုခ်င္ေနတာေသခ်ာပါျပီ။
ကိုယ္႔ခ်စ္သူဘက္ကအေနမွန္ရင္ေတာင္ တစ္ဖက္က သိပ္ကို လုခ်င္စိတ္မ်ားေနရင္ မျဖစ္သင္႔တာေတြျဖစ္လာနုိင္တာမလုိ႕ ဘယ္သူေတြကစနိုက္ေျကာ္ခ်င္ေနျပီလဲဆုိတာသတိထားျပီး ရန္လည္းမမ်ားပဲ အတတ္နုိင္ဆံုး ကိုယ္ေရာကိုယ္႔ခ်စ္သူေရာပါေ၀းေ၀းေရွာင္ျကတာအေကာင္းဆံုးပါပဲ…

Unicode

ကိုယ့်ချစ်သူဘက်ကအနေမှန်နေရင်တောင် စနိုက်ချင်တဲ့သူကတော့ ဘယ်တော့ လုရင်ကောင်းမလဲစောင့်နေတတ်ကြတာမျိုးရှိပါတယ်။ လူ့စည်းကမ်းကျင့်ဝတ်ကို ဖောက်ဖျက်ပြီးပိုင်ရှင်ရှိပြီးသား၊ချစ်သူရှိပြီးသားလူကို လိုချင်ကြတဲ့သူမျိုးတွေအများကြီးရှိပါတယ်။မကြိုက်ရဘူး ၊ မချစ်ရဘူးမပြောပင်မဲ့သူများပိုင်ဆိုင်ထားပြီးသား တစ်ပါးသူနဲ့ရည်ငံနေလျက်ရှိနေတဲ့သူကို လုယူဖို့စိတ်ကူးနေတာ ပစ်မှားနေတာမျိုးဟာ ငရဲလည်းကြီးသလို စိတ်ပျက်စရာလည်းအင်မတန်ကောင်းလှပါတယ်။ တစ်ချို့တွေက ပေါ်တင်ကြီး အရှက်ကွဲခံစနိုက်ကြော်ကြပေမဲ့ တစ်ချို့ကတော့မသိမသာနဲ့ ကိုယ်တွေ Relationship ကိုပျက်စီးချင်နေကြတာမျိုးရှိပါတယ်။ ဆိုတော့ စနိုက်ကျော်ချင်တဲ့သူတစ်ချို့ရဲ့ယေဘယျစနိုက်ကြော်နည်းတစ်ချို့ကိုအနီးစပ်ဆုံးဖော်ပြပေးလိုက်ပါတယ်။ ဒီအချက်တွေနဲ့ညီတိုင်း စနိုက်ကြော်လို့မဆိုလိုပင်မဲ့ စနိုက်ကြော်တိုင်းလိုလိုကတော့ဒီအချက်လေးတွေကို လုပ်တတ်တယ်ဆိုတာ ကို တော့သတိထားပါ…
(၁) သင်နဲ့သင့်ချစ်သူကို အားကျကြောင်းလိုတာထက်ပိုပြောတာ
ဒါကတော့တကယ်ကိုသတိထားကြည့်ရမဲ့အချက်ပါ။ တစ်ချို့ကတော့တကယ်ကိုသင်တို့အတွဲကိုအားကျလို့အားကျတယ်ဆိုပေမဲ့ တစ်ချို့တလေကတော့စိတ်ထဲကမပါပဲ သက်သက် attention ယူပြီး သင်တို့ကိုအားကျကြောင်းလာလာပြောနေတတ်ကြပါ။ သူ့အပေါ်သင်တို့ယုံကြည်လာတာကိုလိုချင်လို့သင့်ချစ်သူနဲ့ရင်းနှီးချင်တဲ့စိတ်နဲ့ အားကျချင်ယောင်ဆောင်တတ်ကြပါတယ်။
တစ်ချို့ကြတော့လည်းတစ်ကယ့်စိတ်ရင်းပါ ၊ သေချာအောင်တော့ လေ့လာသင့်တာပေါ့။
(၂) သင်တို့ပျော်ရွှင်ချိန်ဆိုပေါ်မလာပဲ သင့်ချစ်သူFeel နေချိန်ဆိုပေါ်ပေါ်လာတတ်တာ
သင်တို့ရဲ့ပျော်ရွှင်စရာကြည်နူးစရာပုံတွေ sts တွေတင်တဲ့အခါပေါ်မလာတတ်ပဲသင့်ချစ်သူနဲ့သင်ပြဿနာဖြစ်ထားတဲ့အချိန်လိုမျိုးမှာ သင့်ချစ်သူကို အားပေးသလို အားမြှောက်သလို လာလာလုပ်တတ်ပါတယ်။လိုအပ်သလောက်ပြောတာမျိုးမဟုတ်ပဲချစ်သူနှစ်ယောက်ကြားပြေလည်အောင်မလုပ်ပဲ စိတ်ပင်ပန်းမှုတွေကို ပိုကြီးလာအောင် အားပေးသလိုနဲ့သူ့ဘက်ပါအောင်ဆွဲဆောင်သွားတတ်ကြပါတယ်။ဒါကြောင့်မတော်တဆစိတ်အခန့်မသင့်လိုရန်ဖြစ်ရင်တောင်နှစ်ဦးတည်းပဲသိပါစေ။
(၃) သင်နဲ့သင့်ချစ်သူကြား မကြခဏစိတ်ခုစရာစကားတွေပြောတတ်တာ
သင်နဲ့သင့်ချစ်သူကြားမှာ စိတ်ခုစရာကိစ္စတွေဖြစ်တဲ့ သင့်ရည်းစားဟောင်းအကြောင်းကို သင့်ချစ်သူသိအောင်လုပ်တာမျိုး၊ သင်နဲ့သင့်ချစ်သူကို မလိုက်ဖက်ဘူး၊ မတွဲသင့်ဘူး ဘာညာသွေးထိုးစကားတွေကို စည်းကျော်ပြီးခင်လို့ပြောတာပါလို့အကြောင်းပြကာပြောတတ်ကြပါတယ်။
(၄) သင့်ချစ်သူကို မကြာခဏဆိုသလိုလူမှုရေးအကူညီတွေလာတောင်းတာ
သင့်ချစ်သူနဲ့ဘယ်လောက်ပဲရင်းနှီးနေပါစေလိုတာထက်ပိုပြီး အသေးစိတ်ကအစအကူညီလာလာတောင်းနေပြီဆိုရင်တော့သတိထားသင့်ပါတယ်။ သူတို့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စကအစသင့်ချစ်သူအကြံပေးမှသင့်ချစ်သူကူညီမှ ဆိုတဲ့သူမျိုးတွေကို သတိတော့ထားပါ။
(၅) သင့်ချစ်သူကို လိုတာထက်ပိုစိုးရိမ်ပြတာ
ချစ်သူဖြစ်တဲ့သင့်ထက် အမြဲလိုလိုဦးအောင် သင့်ချစ်သူကို ဂရုစိုက်ပြ၊ စည်းကျော်ပြီး ကြင်နာပြစိုးရိမ်ပြနေပြီဆိုရင်တော့သင့်နေရာကိုလုချင်နေတာသေချာပါပြီ။
ကိုယ့်ချစ်သူဘက်ကအနေမှန်ရင်တောင် တစ်ဖက်က သိပ်ကို လုချင်စိတ်များနေရင် မဖြစ်သင့်တာတွေဖြစ်လာနိုင်တာမလို့ ဘယ်သူတွေကစနိုက်ကြော်ချင်နေပြီလဲဆိုတာသတိထားပြီး ရန်လည်းမများပဲ အတတ်နိုင်ဆုံး ကိုယ်ရောကိုယ့်ချစ်သူရောပါဝေးဝေးရှောင်ကြတာအကောင်းဆုံးပါပဲ…

277 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.