တစ်ချို့ ဖြေရှင်းရခက်တဲ့ ကိစ္စလေးတွေမှာ ဖြတ်လမ်းလေးတွေရှိပါတယ်။ နည်းမသိတော့ ခက်တယ်။နည်းသိတော့ အလွယ်လေးရယ်ဆိုတာမျိုးပေါ့။ ကဲ ခက်နေတဲ့ကိစ္စလေးတွေကို ဒီလိုလေးတွေ
ဖြေရှင်းကြည့်ရအောင်.. .
CD / DVDမှာ ခြစ်ရာတွေ ၊ ပွန်းပဲ့ရာတွေနဲ့ အခွေကြည့်မရဖြစ်နေရင် ငှက်ပျောသီးလေးကို သတိရ
လိုက်ပါ။ ငှက်ပျောသီးနဲ့ ပွန်းခြစ်ရာတွေအပေါ်သုတ်ပြီး အဝတ်သန့်နဲ့သုတ်လိုက် ။ အခွေသစ်တိုင်း ပြန်ဖြစ်သွားလိမ့်မယ်။
ဆိုဒါဖောက်တံနဲ့ ဓာတ်ပုံလေးတွေချိတ်ဆွဲလို့ရတယ်ဆိုတာ သင်သိပါသလား
ထောပတ်ပျော့ပျော့လေး လိုချင်တယ်။ ဒါပေမယ့် အရည်ပျော်သွားတဲ့ထိ မလိုချင်ဘူးဆိုရင် ရေနွေးကို ဖန်ခွက်ထဲထည့် ၊ အပူဓာတ်ရသွားတဲ့ ဖန်ခွက်နဲ့ ပုံပါအတိုင်း ထောပတ်ကို အပေါ်ကနေအုပ်ထားပေးပါ။ မိနစ်အနည်းငယ်ကြာတဲ့အခါ ထောပတ်ပျော့ပျော့လေးဖြစ်နေတာကို မြင်ရပါလိမ့်မယ်။
တံစို့နဲ့ အသားကင်မယ်ဆိုရင် ထိုးတံနှစ်ခုသုံးပေးပါ။ ထိုးတံနှစ်ခုနဲ့ဆိုရင် ဟိုဘက် ဒီဘက် လှည့်ပေး
စရာမလိုပါဘူး။
ခရီးသွားတဲ့အခါ ခေါင်လျှော်ရည်ဘူး ယူသွားချင်ပေမယ့် ဘူးက ယိုစိမ့်တတ်ရင် ပလတ်စတစ်အသုံးပြုပြီး အဖုံးကိုကြပ်နေအောင် ပိတ်သွားလိုက်ပါ။
ဘတ်ထရီတုံးက တိုနေရင် သံဖြူသတ္တုလွှာလေးတွေ ညှပ်ထိုးပြီး အသုံးပြုနိုင်ပါတယ်။
သစ်သီးတွေပေါ်မှာ ယင်ကောင်တွေလာလာနားနေရင် ပန်းကန်လုံးတစ်ခုထဲ ရှာလကာရည် နဲ့ ဆပ်ပြာရည်အနည်းငယ်ကိုရောမွှေထည့်ထားလိုက်ပါ။ ရှိသမျှ ယင်ကောင်တွေ ထိုပန်းကန်လုံးထဲရောက်လာပါလိမ့်မယ်။
မုတ်ဆိတ်မွှေးရိတ်တော့မယ်ဆိုရင် အမွှေးတွေပြန့်ကျဲမနေအောင် ဒီလိုကြိုတင်ပြင်ဆင်သင့်
ခရီးသွားရင် ကိုယ့်အိတ် သူ့အိတ်မှားတတ်ပါတယ်။ ကိုယ်အိတ်ဆိုတာကို သေချာပြောနိုင်အောင် အမှတ်သားတစ်ခုခုလုပ်ပြီး ကပ်ထားပါ။