သ၀န်တိုတတ်လွန်းတဲ့မိန်းကလေးတွေကိုကြင်နာပါ… 😋😋
(၅) ပိုချစ်ပေးပါ
Unicode
မိန်းမဆိုတာသဝန်တိုတတ်တဲ့အမျိုးဆိုပင်မဲ့ တစ်ချို့ကပိုလို့ကိုသဝန်တိုတတ်ကြပါတယ်။ ကိုယ့်ချစ်သူကိုယ့်အမျိုးသားနဲ့ပတ်သတ်ရင် အရမ်းကိုသဝန်တိုတတ်ကြတာပါ။တစ်ခါတစ်ရံဒီလိုသဝန်တိုမှုတွေကို ယောကျင်္ားလေးတွေဘက်ကစိတ်ရှုပ်တာမျိုး အာရုံနောက်တာမျိုးဖြစ်လာတတ်ကြပါတယ်။ ဒီလိုကိုယ့်ကောင်မလေးရဲ့သဝန်တိုမှုတွေကြောင့်စိတ်ညစ်ရတဲ့အခါဒီစာလေးကိုဖတ်ကြည့်ပါ…
(၁) သူတို့သင့်ကိုသိပ်ချစ်ကြတယ်ဆိုတာယုံပါ
သဝန်တိုတတ်လွန်းတဲ့ချစ်သူကောင်မလေးတွေဟာသင့်ကိုသိပ်ချစ်တတ်ကြတယ်ဆိုတာယုံပါ။ သူတို့ရဲ့ပိုကဲလွန်းတဲ့အချစ်တွေကြောင့်လည်းအခုလိုသဝန်တိုတဲ့စိတ်တွေဖြစ်ပေါ်လာကြတာပါ။
ဒါကြောင့်သင့်ကိုအရမ်းချစ်လို့ဖြစ်တဲ့သဝန်တိုမှုလေးတွေကိုမြတ်နိုးတတ်ပါစေ။
(၂) လွယ်လွယ်နဲ့သစ္စာမဖောက်တတ်ဖူးဆိုတာသဘောပေါက်ပါ
ဒီလိုသဝန်အတိုလွယ်တဲ့ကောင်မလေးတွေဟာသင့်ကိုဘယ်တော့မှလွယ်လွယ်နဲ့ပစ်ခွာမသွားတတ်ကြပါဘူး။ သူတို့စိတ်ထဲမှာ နှစ်ယောက်မရှိသောချစ်ခြင်းတွေနဲ့သင့်ကိုချစ်မြတ်နိုးလို့ဆိုတာ
ကို နားလည်သဘောပေါက်ပါစေ။
(၃) သူတို့ရဲ့သဝန်တိုမှုဟာသင့်ကိုမယုံခြင်းမဟုတ်ဘူးဆိုတာကိုအမှန်တကယ်နားလည်နိုင်ပါစေ
သူတို့ရဲ့သဝန်တိုမှုဟာ သင့်ကို မယုံကြည်လို့မဟုတ်ဘူးဆိုတာကိုတော့နားလည်ပါ။ သင်ကအမှားမလုပ်ပဲသူ့တစ်ယောက်တည်းကိုချစ်ရင်တောင်မှပေါက်ပန်းလေးဆယ် လျှောက်တွေးပြီး သင့်ဘေးနားက တစ်ခြား အမျိုးသမီးတွေကိုစိတ်မချနဲ့အကြည့်နဲ့ကြည့်တတ်ကြတာ သူတို့ရဲ့ရောဂါတစ်ခုပါ။ ဒါကြောင့်မင်းငါ့ကို မယုံဘူးလားလို့မမေးပဲ ..ကို့ကို အရမ်းတွေချစ်နေတာလား ..လို့သာမေးလိုက်ပါ 😛
(၄) သူတို့ရဲ့စိတ်ပင်ပန်းမှုကို နားလည်ပါ
ကိုယ်မဟုတ်တဲ့တစ်ခြားသူတစ်ယောက်ကို လိုက်ပြီးစိတ်ပူသဝန်တိုရတာဟာသိပ်ပင်ပန်းလှပါတယ်။ သူချစ်တဲ့သင့်ကိုလက်လွှတ်ဆုံးရှုံးရမှာကြောက်လွန်းအားကြီးလို့ဖြစ်ပေါ်လာတဲ့ Psycho တွေ၊ အတွေးထဲဝင်လာတဲ့သံသယတွေကို တွန်းထုတ်ရင်း နေနေကြရတာပါ။ ပင်ပန်းရင်မတိုပါနဲ့လား လို့တော့မဆိုလိုက်လေနဲ့သင်တို့ထက်တောင်ပိုလို့မတိုပဲနေချင်ပါသေးတယ်။ ဒါမဲ့မရဘူးလေ ချစ်တဲ့စိတ်ကြောင့်ဖြစ်လာတဲ့ သဝန်တိုမှုကိုဘယ်အရာမှမတားဆီးနိုင်ပါဘူး။
(၅) ပိုချစ်ပေးပါ
သင့်အပေါ်သဝန်တိုလာတဲ့ချစ်သူလေးကို ပိုချစ်ပေးပါ။သူတို့စိတ်ထဲမှာသင်ဟာ အရမ်းကို အရေးပါနေတာမလို့ဒီလိုလေးတွေဖြစ်တယ်ဆိုတာကိုခံစားသိရှိပြီးသူတို့အချစ်လေးကိုတန်ဖိုးထားအသိမှတ်ပြုကာ ပိုလို့ချစ်ပေးပါ။
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.