ဒရာမာဇာတ်ကားသစ်မှာ အဓိကဇာတ်ဆောင်တွေအဖြစ် သရုပ်ဆောင်သွားမယ့် Jun So Min နဲ့ Kim Ji Suk

tvN ဒရာမာဇာတ်ကားသစ်ဖြစ်တဲ့ ”Top Star Yoo Baek” မှာ Jun So Min နဲ့ Kim Ji Suk တို့ကအဓိက ဇာတ်ဆောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်သွားမယ်လို့ ၁ဝရက်နေ့က Soompi သတင်းမှာဖော်ပြထားပါတယ်။ Jun So Min ရဲ့ IAM အေဂျင်စီကရော၊ Kim Ji Suk ရဲ့ JSTARS အဂျင်စီကပါ ဇာတ်ကားသစ်အတွက် ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီလို့ သိရပါတယ်။

နာမည်ကြီး အနုပညာရှင်တစ်ယောက် ပြဿနာအကြီးကျယ်တက်ပြီး အဝေးသို့ ထွက်သွားရတဲ့
ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ Kim Ji Suk က Yoo Baek နေရာမှာ သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်အထင်ကြီးပြီး ယုံကြည်မှုလွန်ကဲနေတဲ့ သရုပ်ဆောင်တစ်ယောက် ၊ ဘာကိုမှ ဂရုမစိုက် အခြားလူတွေရဲ့ခံစားချက်ကိုလည်း မစဉ်းစား ၊ လိုချင်ရာ လိုတဲ့လူမျိုးပါ။

Jun So Min က Oh Kang Soon အဖြစ်သရုပ်ဆောင်မှာပါ။ စူပါမားကတ်တစ်ခုကို စီမံခန့်ခွဲတဲ့
လူတစ်ယောက်အဖြစ် တွေ့ရမှာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုကနေ ဘာတွေဆက်ဖြစ်
မလဲ၊ ဘယ်လိုဇာတ်လမ်း ဇာတ်အိမ်ကောင်းကောင်းနဲ့ ပရိတ်သတ်တွေကို ဆွဲဆောင်သွားမလဲဆို
တာ ဆက်လက်စောင့်ကြည့်ရအောင်နော်။ နိုဝင်ဘာလထဲမှာ ထွက်တော့မယ်လို့သိရပါတယ်။

55 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.