ဒီရိုးစင်းတဲ့အချက်လေးတွေကပဲ ဆွဲဆောင်မှုရှိတဲ့မိန်းကလေးအသွင်ပြောင်းလဲသွားစေတာ 💋
*အနီရောင်ဝတ်ပါ
*သပ်သပ်ရပ်ရပ်နေပါ
Unicode
ဆွဲဆောင်မှုရှိတယ်ဆိုတဲ့စကားက ရုပ်ရည်ချောမောမှုတစ်ခုတည်းကိုပဲ ရည်ညွှန်းတာမဟုတ်ဘူးနော်။အားနည်းသူတစ်ယောက်ရဲ့ ရှေ့မှာ အပြည့်အဝကာကွယ်ရပ်တည်ပေးတာကလည်း ဆွဲဆောင်မှုရှိတာပါပဲ။အနေအထိုင်အပြုအမူတစ်ခုချင်းစီပေါ်မှာမူတည်ပြီး ဆွဲဆောင်မှုရှိလိုက်တာဆိုတဲ့စကားထွက်ပေါ်လာစေတာပါ။အဲ့ဒီစကားကို မိန်းကလေးတိုင်းကြားချင်ကြမယ်ဆိုတာလည်းသေချာပါတယ်။ဒီတော့ Trend ပရိသတ်ကြီးကို အခုထက်ပိုပြီးဆွဲဆောင်မှုရှိတဲ့ပျိုမေတစ်ယောက်အဖြစ် ဘယ်လိုတွေပြောင်းလဲရမယ်ဆိုတဲ့အကြောင်းအရာလေးမျှဝေပေးချင်ပါတယ်။တကယ်ကိုရိုးရှင်းတဲ့အချက်လေးတွေပါ…
*တစ်ခြားသူတွေကိုကူညီပါ
တစ်ခြားသူတွေလိုအပ်တဲ့အကူအညီပေးတာက ရုပ်ရည်ကြည့်ကောင်းတာထက် ပိုပြီးဆွဲဆောင်မှုရှိတယ်ဆိုတာယုံပါ။လေ့လာချက်တွေအရ ရုပ်ရည်သင့်တင့်တဲ့မိန်းကလေးတစ်ယောက် ငွေကြေးချို့တဲ့သူကို ကူညီပေးနေတာက ရုပ်ရည်ချောမောတဲ့မိန်းကလေးတစ်ယောက်ဘေးကဖြတ်လျှောက်သွားတာထက်ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့သိထားရပါတယ်။
*ခပ်ရဲရဲစိုက်ကြည့်ပြီး ပြုံးပါ
ဘယ်သူတစ်ဦးတစ်ယောက်နဲ့ဖြစ်စေ မကြည့်ရဲသလိုလို မဝံ့သလိုလိုမလုပ်ပဲ မျက်လုံးကိုတည့်တည့်စိုက်ကြည့်ပြီး ပြုံးပြတာက ပိုပြီးဆွဲဆောင်မှုရှိပါတယ်။သိပ္ပံတွေ့ရှိချက်အရ ကိုယ်သဘောကျနေတဲ့လူတစ်ယောက်ကို မျက်လုံးချင်းဆုံကြည့်ပြီးပြုံးပြတာက အကျိုးသက်ရောက်မှုအရှိဆုံးကျီစယ်ဆွဲဆောင်မှုတစ်ခုလို့သိရပါတယ်။ဒါက တစ်ခြားသူကိုဆွဲဆောင်တာဖြစ်သလို သင်ကိုယ်တိုင်လည်းဆွဲဆောင်မှုရှိနေပါလိမ့်မယ်။
*အနီရောင်ဝတ်ပါ
အနီရောင်ဝတ်ဆင်ထားတဲ့အမျိုးသား၊အမျိုးသမီးတွေဟာ တစ်ခြားအရောင်ဝတ်ဆင်ထားတဲ့အမျိုးသား၊အမျိုးသမီးတွေထက်ပိုပြီးဆွဲဆောင်မှုရှိနေတာကိုလေ့လာဆန်းစစ်ချက်တွေအရ သိရပါတယ်။အနီရောင်ဝတ်ဆင်ထားတာက ပိုပြီးဆွဲဆောင်မှုရှိရှိလှပစေလို့ အရေးကြီးပွဲတွေ၊ပါတီပွဲတွေ၊သူငယ်ချင်းတွေနဲ့တွေ့ဆုံပွဲတွေသွားတဲ့အခါ ဝတ်ဆင့်သင့်ပါတယ်။
*ဆွဲဆောင်မှုရှိတဲ့အပြုအမူ၊အမူအရာတစ်ခုမွေးစားလိုက်ပါ
ရုပ်ရှင်ထဲမှာဖြစ်စေ၊သွားလာလှုပ်ရှားတဲ့အခါဖြစ်စေ ဆွဲဆောင်မှုရှိလိုက်တာ၊စမတ်ကျလိုက်တာလို့စိတ်ထဲကထင်မြင်မိတဲ့အပြုအမူ၊အမူအရာတစ်ခုကိုမြင်မိမှာသေချာပါတယ်။အဲ့ဒီလိုမျိုး လိုက်ပြီးလုပ်ကြည့်ပါ။လေ့ကျင့်ပါများရင် နောက်ဆိုစွဲမြဲသွားပါလိမ့်မယ်။
*သပ်သပ်ရပ်ရပ်နေပါ
မိန်းကလေးတစ်ယောက်အတွက် သပ်သပ်ရပ်ရပ်နေတတ်ဖို့ကလည်းအရေးကြီးပါတယ်။ရုပ်ရည်ဘယ်လောက်ပဲလှလှ အဝတ်အစားသပ်သပ်ရပ်ရပ်မရှိတာ၊ဖိုသီဖတ်သီဖြစ်နေတာမျိုးဆို ကြည့်တဲ့သူတွေမျက်စိထဲမှာလည်း မျက်စိနောက်စရာဖြစ်နေတတ်ပါတယ်။အဲ့ဒါကြောင့်စျေးကြီးတဲ့အဝတ်အစားဖြစ်စေ၊စျေးသက်သာတဲ့အဝတ်အစားဖြစ်စေ သပ်သပ်ရပ်ရပ်ဝတ်စားတတ်မယ်ဆိုရင် မြင်ရတဲ့လူရဲ့မျက်စိထဲမှာ ဆွဲဆောင်မှုရှိနေပါလိမ့်မယ်။
1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.