သရုပ္ေဆာင္ေကာင္းရံုတင္မက သူတို႔မွာဒီလုိ Talent ေတြလည္းရွိၾကေသးတယ္ဆုိပဲ 😎

ကုိရီးယားႏုိင္ငံရဲ ႔နာမည္ေက်ာ္ရုပ္ရွင္မင္းသား၊မင္းသမီးေတြက သရုပ္ေဆာင္ေကာင္းတယ္၊ရုပ္ရည္ေခ်ာေမာတယ္၊ၾကိဳးစားတယ္ဆုိတာသင္သိျပီးသားျဖစ္မွာပါ။ဒါေပမဲ႔ ပရိသတ္ေတြေရွ႔ကုိ ခ်မျပထားတဲ႔၊ခ်မျပတဲ႔ စြမ္းရည္ေတြလည္းရွိေနေသးတယ္ဆုိတာ သင္သိဦးမွာမဟုတ္ပါဘူး။ကုိယ္ေတြသေဘာက်ရတဲ႔နာမည္ေက်ာ္အႏုပညာရွင္ေတြမွာ ဒီလုိစေကးေတြရွိေနတယ္ဆုိတာ သိလုိက္ရေတာ့ ပုိျပီးေတာင္ သေဘာက်သြားမိ <3

So Ji Sub

Master’s Sun ရဲ ႔မင္းသား၊မိန္းကေလးေတြရဲ႔အခ်စ္ဦးတစ္ေယာက္ျဖစ္တဲ႔ So Ji Sub ဟာ သရုပ္ေဆာင္စြမ္းရည္ေကာင္းမြန္သလို သူက အဆိုဘက္မွာလည္းကြ်မ္းက်င္ပါတယ္တဲ႔။အဆုိမွာမွ ရက္ပ္ပါတစ္ေယာက္ပါတဲ႔ဗ်ာ။အယ္လ္ဘမ္၇ခုေတာင္ထုတ္ထားတာျဖစ္ျပီး စကၤာပူေဖ်ာ္ေျဖပြဲမွာ သူ႔ရဲ႔ရက္ပ္စေကးကုိလည္းျပသခ႔ဲဖူးပါတယ္။

Seo In Guk

Seo In Guk ဟာလည္း သရုပ္ေဆာင္ေကာင္းတစ္ေယာက္ျဖစ္သလို သရုပ္ေဆာင္ေလာကထဲမ၀င္ခင္ကတည္းက အဆုိေတာ္တစ္ေယာက္ပါ။ျပိဳင္ပြဲအစီအစဥ္တစ္ခုျဖစ္တဲ႔ Superstar K မွာလည္းဆုရရွိခဲ႔ဖူးပါတယ္။

Kim Min Suk

Kim Min Suk ဆုိတဲ႔ အႏုပညာရွင္ေလးကေတာ့ အခ်က္အျပဳတ္စြမ္းရည္ကြ်မ္းက်င္ပါတယ္တဲ႔။မင္းသားတစ္လက္အျဖစ္ပြဲမထုတ္ခင္ ဆူရွီစားေသာက္ဆိုင္မွာသူ႔ရဲ႔အရည္အခ်င္းကုိျပသခဲ႔ဖူးသလုိ ရသစံုရွိဳးတစ္ခုျဖစ္တဲ႔ Law of the Jungle မွာလည္းအခ်က္အျပဳတ္စြမ္းရည္ကုိျပသခဲ႔ဖူးပါတယ္။

Park Bo Gum

Park Bo Gum ဆိုတဲ႔ကေလးမ်က္ႏွာေလးနဲ႔အႏုပညာရွင္မင္းသားကေတာ့ သရုပ္ေဆာင္စြမ္းရည္အျပင္ စႏၵရားလည္းေကာင္းေကာင္းတီးတတ္ပါေသးတယ္။သီခ်င္းလည္းဆုိတတ္၊သီခ်င္းလည္းေရးတတ္နဲ႔ ပရိသတ္ေတြ႔ဆံုပြဲတိုင္းမွာသူ႔ရဲ ႔အရည္အခ်င္းေတြကုိ ျပသဖုိ႔မေမ့ေလ်ာ့သူတစ္ေယာက္ပါ။

Kim Soo Hyun

ျဂိဳလ္သားေလး Kim Soo Hyun ကေတာ့ သရုပ္ေဆာင္ေကာင္းရံုတင္မက သီခ်င္းဆိုတာ၊ဘုိးလင္းပစ္တာကိုလည္း၀ါသနာပါပါေသးတယ္။ဘိုးလင္းပစ္တဲ႔ေနရာမွာလည္း ကြ်မ္းက်င္သူအဆင့္ပါ။ပေရာ္ဖက္ရွင္နယ္ဘုိးလင္းပစ္ျပိဳင္ပြဲေတြမွာလည္းပါ၀င္ခဲ႔ဖူးပါတယ္။

Kang Ha Neul

ဒီမင္းသားေခ်ာကုိ သေဘာမက်တဲ႔သူဆုိတာ ရွားပါတယ္။Kang Ha Neul ဟာ သရုပ္ေဆာင္မျဖစ္ခင္ကတည္း အဆုိေတာ္ေလာကထဲကုိ၀င္ေရာက္ခ့ဲသူျဖစ္ပါတယ္။သီခ်င္းလည္းဆုိတတ္သလုိ Ukulele ဆုိတဲ႔ ဂီတတူရိယာတစ္မ်ိဳးကုိလည္းတီးခတ္တတ္ပါေသးတယ္။၂၀၁၄တုန္းက တူရိယာျပိဳင္ပြဲတစ္ခုမွာေဖ်ာ္ေျဖခဲ႔ဖူးပါတယ္။

Lee Jong Suk


Lee Jong Suk ကေတာ့ မင္းသားသစ္ေတြထဲမွာ အေအာင္ျမင္ဆံုးလို႔ေျပာရေလာက္ေအာင္ သရုပ္ေဆာင္ေကာင္းသူတစ္ေယာက္ပါ။သူက သရုပ္ေဆာင္ကြ်မ္းက်င္တာအျပင္ ဂစ္တာတီးလည္းကြ်မ္းက်င္ပါသတဲ႔။သူ႔အေဖက ငယ္ငယ္ေလးကတည္းက တူရိယာေတြတီးခတ္သင္ယူဖုိ႔အားေပးခဲ႔တာပါ။

Ha Ji Won

မင္းသမီးေခ်ာ Ha Ji Won ကလည္း ရုပ္ရည္ေခ်ာေမာျပီး သရုပ္ေဆာင္ပညာမွာလည္း၀ါရင့္သမားျဖစ္တဲ႔အျပင္ သူမရဲ ႔ေနာက္ထပ္ကြ်မ္းက်င္မႈေတြကေတာ့ျမင္းစီးကြ်မ္းက်င္တာနဲ႔ ကင္ဒိုဓားသုိင္းပါတဲ႔။တစ္ခါတစ္ေလ အက္ရွင္ဇာတ္၀င္ခန္းေတြမွာ သူမရဲ႔ အရည္အခ်င္းကိုျပသေလ့ရွိပါတယ္။ဒါ့အျပင္ ခ်ီးက်ဴးစရာကေတာ့တစ္ေန႔ကုိ ၈နာရီေလ့က်င့္ခန္းလုပ္ပါတယ္တဲ႔။ေရကူးတာ၊၀ိတ္မတာေတြက သူမရဲ ႔ပံုမွန္ေလ့က်င့္ခန္းေတြျဖစ္ပါတယ္။ရုပ္ပုိင္းဆုိင္ရာလွပသလို စိတ္ပုိင္းဆုိင္ရာလည္း
ၾကံ႔ခိုင္သန္မာတဲ့မင္းသမီးျဖစ္ပါတယ္။

Gu Hye Sun


F4 ဇာတ္ကားမင္းသမီးေခ်ာ Gu Hye Sun ဟာ အသက္ ၂၀အရြယ္တုန္းက အခ်စ္နဲ႔သက္ဆုိင္တဲ႔၀တၳဳတစ္အုပ္ကိုေရးသားထုတ္ေ၀ခဲ႔ပါတယ္။အဲ႔ဒီစာအုပ္ဟာပထမအပတ္ထဲမွာပဲ အုပ္ေရ ၃၀၀၀၀ ေရာင္းခ်ခဲ႔ရပါတယ္တဲ႔။အဲ႔ဒီေနာက္ The Story of the Making of Magic နဲ႔ Peach Tree ဆုိတဲ႔စာအုပ္ႏွစ္အုပ္ကုိထပ္ေရးသားခဲ႔ျပီး အဲ႔ဒီစာအုပ္ေတြဟာလည္းရုပ္ရွင္ျပန္ရုိက္ခဲ႔ဖူးတယ္လို႔သိရပါတယ္။

Unicode

ကိုရီးယားနိုင်ငံရဲ ့နာမည်ကျော်ရုပ်ရှင်မင်းသား၊မင်းသမီးတွေက သရုပ်ဆောင်ကောင်းတယ်၊ရုပ်ရည်ချောမောတယ်၊ကြိုးစားတယ်ဆိုတာသင်သိပြီးသားဖြစ်မှာပါ။ဒါပေမဲ့ ပရိသတ်တွေရှေ့ကို ချမပြထားတဲ့၊ချမပြတဲ့ စွမ်းရည်တွေလည်းရှိနေသေးတယ်ဆိုတာ သင်သိဦးမှာမဟုတ်ပါဘူး။ကိုယ်တွေသဘောကျရတဲ့နာမည်ကျော်အနုပညာရှင်တွေမှာ ဒီလိုစကေးတွေရှိနေတယ်ဆိုတာ သိလိုက်ရတော့ ပိုပြီးတောင် သဘောကျသွားမိ <3

So Ji Sub

Master’s Sun ရဲ ့မင်းသား၊မိန်းကလေးတွေရဲ့အချစ်ဦးတစ်ယောက်ဖြစ်တဲ့ So Ji Sub ဟာ သရုပ်ဆောင်စွမ်းရည်ကောင်းမွန်သလို သူက အဆိုဘက်မှာလည်းကျွမ်းကျင်ပါတယ်တဲ့။အဆိုမှာမှ ရက်ပ်ပါတစ်ယောက်ပါတဲ့ဗျာ။အယ်လ်ဘမ်ရခုတောင်ထုတ်ထားတာဖြစ်ပြီး စင်္ကာပူဖျော်ဖြေပွဲမှာ သူ့ရဲ့ရက်ပ်စကေးကိုလည်းပြသခဲ့ဖူးပါတယ်။

Seo In Guk

Seo In Guk ဟာလည်း သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်သလို သရုပ်ဆောင်လောကထဲမဝင်ခင်ကတည်းက အဆိုတော်တစ်ယောက်ပါ။ပြိုင်ပွဲအစီအစဉ်တစ်ခုဖြစ်တဲ့ Superstar K မှာလည်းဆုရရှိခဲ့ဖူးပါတယ်။

Kim Min Suk

Kim Min Suk ဆိုတဲ့ အနုပညာရှင်လေးကတော့ အချက်အပြုတ်စွမ်းရည်ကျွမ်းကျင်ပါတယ်တဲ့။မင်းသားတစ်လက်အဖြစ်ပွဲမထုတ်ခင် ဆူရှီစားသောက်ဆိုင်မှာသူ့ရဲ့အရည်အချင်းကိုပြသခဲ့ဖူးသလို ရသစုံရှိုးတစ်ခုဖြစ်တဲ့ Law of the Jungle မှာလည်းအချက်အပြုတ်စွမ်းရည်ကိုပြသခဲ့ဖူးပါတယ်။

Park Bo Gum

Park Bo Gum ဆိုတဲ့ကလေးမျက်နှာလေးနဲ့အနုပညာရှင်မင်းသားကတော့ သရုပ်ဆောင်စွမ်းရည်အပြင် စန္ဒရားလည်းကောင်းကောင်းတီးတတ်ပါသေးတယ်။သီချင်းလည်းဆိုတတ်၊သီချင်းလည်းရေးတတ်နဲ့ ပရိသတ်တွေ့ဆုံပွဲတိုင်းမှာသူ့ရဲ ့အရည်အချင်းတွေကို ပြသဖို့မမေ့လျော့သူတစ်ယောက်ပါ။

Kim Soo Hyun

ဂြိုလ်သားလေး Kim Soo Hyun ကတော့ သရုပ်ဆောင်ကောင်းရုံတင်မက သီချင်းဆိုတာ၊ဘိုးလင်းပစ်တာကိုလည်းဝါသနာပါပါသေးတယ်။ဘိုးလင်းပစ်တဲ့နေရာမှာလည်း ကျွမ်းကျင်သူအဆင့်ပါ။ပရော်ဖက်ရှင်နယ်ဘိုးလင်းပစ်ပြိုင်ပွဲတွေမှာလည်းပါဝင်ခဲ့ဖူးပါတယ်။

Kang Ha Neul

ဒီမင်းသားချောကို သဘောမကျတဲ့သူဆိုတာ ရှားပါတယ်။Kang Ha Neul ဟာ သရုပ်ဆောင်မဖြစ်ခင်ကတည်း အဆိုတော်လောကထဲကိုဝင်ရောက်ခဲ့သူဖြစ်ပါတယ်။သီချင်းလည်းဆိုတတ်သလို Ukulele ဆိုတဲ့ ဂီတတူရိယာတစ်မျိုးကိုလည်းတီးခတ်တတ်ပါသေးတယ်။၂၀၁၄တုန်းက တူရိယာပြိုင်ပွဲတစ်ခုမှာဖျော်ဖြေခဲ့ဖူးပါတယ်။

Lee Jong Suk

Lee Jong Suk ကတော့ မင်းသားသစ်တွေထဲမှာ အအောင်မြင်ဆုံးလို့ပြောရလောက်အောင် သရုပ်ဆောင်ကောင်းသူတစ်ယောက်ပါ။သူက သရုပ်ဆောင်ကျွမ်းကျင်တာအပြင် ဂစ်တာတီးလည်းကျွမ်းကျင်ပါသတဲ့။သူ့အဖေက ငယ်ငယ်လေးကတည်းက တူရိယာတွေတီးခတ်သင်ယူဖို့အားပေးခဲ့တာပါ။

Ha Ji Won

မင်းသမီးချော Ha Ji Won ကလည်း ရုပ်ရည်ချောမောပြီး သရုပ်ဆောင်ပညာမှာလည်းဝါရင့်သမားဖြစ်တဲ့အပြင် သူမရဲ ့နောက်ထပ်ကျွမ်းကျင်မှုတွေကတော့မြင်းစီးကျွမ်းကျင်တာနဲ့ ကင်ဒိုဓားသိုင်းပါတဲ့။တစ်ခါတစ်လေ အက်ရှင်ဇာတ်ဝင်ခန်းတွေမှာ သူမရဲ့ အရည်အချင်းကိုပြသလေ့ရှိပါတယ်။ဒါ့အပြင် ချီးကျူးစရာကတော့တစ်နေ့ကို ၈နာရီလေ့ကျင့်ခန်းလုပ်ပါတယ်တဲ့။ရေကူးတာ၊၀ိတ်မတာတွေက သူမရဲ ့ပုံမှန်လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။ရုပ်ပိုင်းဆိုင်ရာလှပသလို စိတ်ပိုင်းဆိုင်ရာလည်းကြံ့ခိုင်သန်မာတဲ့မင်းသမီးဖြစ်ပါတယ်။

Gu Hye Sun

F4 ဇာတ်ကားမင်းသမီးချော Gu Hye Sun ဟာ အသက် ၂ဝအရွယ်တုန်းက အချစ်နဲ့သက်ဆိုင်တဲ့ဝတ္ထုတစ်အုပ်ကိုရေးသားထုတ်ဝေခဲ့ပါတယ်။အဲ့ဒီစာအုပ်ဟာပထမအပတ်ထဲမှာပဲ အုပ်ရေ ၃၀၀၀၀ ရောင်းချခဲ့ရပါတယ်တဲ့။အဲ့ဒီနောက် The Story of the Making of Magic နဲ့ Peach Tree ဆိုတဲ့စာအုပ်နှစ်အုပ်ကိုထပ်ရေးသားခဲ့ပြီး အဲ့ဒီစာအုပ်တွေဟာလည်းရုပ်ရှင်ပြန်ရိုက်ခဲ့ဖူးတယ်လို့သိရပါတယ်။

743 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.