ပရိတ်သတ်တွေကြား ဂယက်ထသွားစေတဲ့ Blackpink ပေါ် Nancy ရဲ့အကြည့်တွေ

Blackpink အပေါ် လေးစားမှုမရှိတဲ့ သူမရဲ့အကြည့်တွေကို ပရိတ်သတ်တွေ တော်တော်ကြက်သီးထသွားပုံရ …

https://twitter.com/svnfairy/status/1015704164037472256?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1016198586558627840&ref_url=https%3A%2F%2Fwww.koreaboo.com%2Fnews%2Fmomolands-nancy-didnt-smile-looking-blackpink-upsets-fans%2F

စတိတ်စင်ပေါ်မှာ Blackpink အဖွဲ့နဲ့အတူရပ်နေတဲ့အချိန် Momoland အဖွဲ့ဝင် Nancy ရဲ့အကြည့်တွေက တကယ်ကို အားလုံးရဲ့ပါးစပ်ဖျားမှာ ပြောစရာဖြစ်ခဲ့ရတယ်။ Music Core မှာ ကျေးဇူးတင်စကားပြောနေတဲ့ Blackpink အဖွဲ့ကို အနောက်ကနေ စိုက်ကြည့်နေတဲ့ ဗီဒီယိုကို တွစ်တာသုံးစွဲသူတစ်ချို့ က တင်ထားခဲ့တာဖြစ်ပါတယ်။

တစ်ချို့ ပရိတ်သတ်တွေကလည်း သူမဘက်ကနေ ကာပြီးပြောပေးကြတယ်။ မကောင်းတဲ့စိတ်နဲ့ ဒီလိုစိုက်ကြည့်တာမဟုတ်ကြောင်း ၊ သူမမျက်နှာကိုက တည်တာကြောင့် မတော်တဆဖြစ်သွားတာ
ပါလို့ ပြောကြတယ်။

tired

Nancy ပင်ပန်းနေတာဖြစ်မယ် ။ စင်ပေါ်မှာ ဒီလိုရိုင်းပျရလောက်အောင် သူမ ရုပ်ပေါက်အောင်နေမှာမဟုတ်ပါဘူး။ ဒီလိုမျက်နှာဖြစ်နေတာကို သူမကိုယ်တိုင်တောင် သတိမထားမိတာလည်းဖြစ်နိုင်တယ်လို့ တစ်ချို့ က ပြန်ပြောထားကြတယ်။ သူမက ရယ်နေတဲ့အချိန်သာလျှင် မျက်နှာလေးက
ချိုလာတာ။ ဒီတိုင်း ခပ်တည်တည်နေရင် မျက်နှာကြောတင်းသလို ပုံစံပေါက်တယ်လို့ ပရိတ်သတ်တွေက ရုပ်တည်နေတဲ့ပုံလေးနဲ့ တကွ စာတွေရေးတင်ထားကြပါတယ်။

nancy

အောက်မှာ ဗီဒီယိုအပြည့်စုံဖော်ပြလိုက်ပါတယ်။

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.