အျမဲတမ္းပင္ပန္းႏြမ္းနယ္ေနသလုိ ခံစားေနရတဲ႔အခါ ဒါေလးေတြလုပ္ၾကည့္ပါ

အသက္အရြယ္ရလာတာနဲ႔အမ်ွ ဟုိနားက နာခ်င္သလိုလုိ ဒီနားက ကုိက္ခ်င္လာသလိုလုိ ခံစားလာရတတ္ပါတယ္။ဒါ့အျပင္ ပင္ပင္ပန္းပန္းလုပ္ရတဲ႔အရာ၊မုိးရြာရြာေနပူပူ သြားလာရတဲ႔ေနရာေတြ၊လႈပ္ရွားရတာေတြလည္းမရွိပဲ ေန႔ရက္တိုင္း ပင္ပန္းေနသလုိခံစားရမယ္။ဒါမွမဟုတ္ ေန႔တုိင္းကြန္ပ်ဴတာၾကည့္ျပီးစာရိုက္ေနေပမဲ႔ အိမ္ျပန္ေရာက္တဲ႔အခါ ဘာမွမလုပ္ခ်င္မကုိင္ခ်င္ပဲ အိပ္ရာထဲပဲတိုးေခြမိတဲ႔ေန႔ရက္ေတြေရာက္ေနတာလား?လူကလႈပ္ရွားရတာမပင္ပန္းေပမဲ႔ဦးေႏွာက္နဲ႔စဥ္းစားရလို႔ စိတ္ပင္ပန္းတဲ႔အခါ ခႏၶာကုိယ္မွာလည္းသက္ေရာက္မႈသြားရွိေနပါတယ္။

ဒီလုိမ်ိဳးေန႔ရက္တိုင္း ပင္ပန္းႏြမ္းနယ္ေနသလုိ ခံစားေနရတာက သင့္ခႏၶာကုိယ္တြင္းက စြမ္းအင္ေတြဆံုးရွံဳးေနလို႔ပါ။ဒီစြမ္းအင္ေတြျပန္လည္ရရွိဖို႔အတြက္ ေျပာင္းလဲမႈအေသးေလးေတြေတာ့လုပ္ေပးရပါလိမ့္မယ္။သင့္ရဲ ႔ေန႔ရက္တိုင္းကုိ တက္ၾကြလန္းဆန္းလာေအာင္အားျဖည့္ေပးမယ့္အရာေလးေတြက ဘာေတြလဲဆိုတာၾကည့္လိုက္ရေအာင္

၁)မနက္ခင္းႏုိးလာတာနဲ႔ျပံဳးပါ

မနက္ခင္းႏုိးျပီဆုိတာနဲ႔ မ်က္ႏွာသစ္၊သြားတိုက္ေပါ့။အဲ႔ဒီအခ်ိန္မွာ ျပံဳးဖုိ႔မေမ့ပါနဲ႔။စိတ္ထဲကမပါပဲ ျပံဳးရင္ေတာင္ ဒီလုိျပဳံးလုိက္တဲ႔အတြက္ ဦးေႏွာက္ရဲ႔လုပ္ေဆာင္မႈေတြကုိလွည့္စားလိုက္ သလိုျဖစ္ပါတယ္။ရယ္ေမာတဲ႔အခါ စိတ္ထဲမွာေပ်ာ္ရႊင္လာသလိုပဲ ျပံဳးလုိက္တဲ႔အခါမွာလည္း သင့္ဦးေႏွာက္က သင္ေပ်ာ္ေနတယ္လို႔သတ္မွတ္ျပီးခႏၶာကုိယ္တြင္းကုိ စြမ္းအင္ေတြျဖည့္စြမ္းေပးပါတယ္။အဲ႔ဒါေၾကာင့္ ျပံဳးဖုိ႔မေမ့ပါနဲ႔

၂)မျဖစ္မေနေရမိုးခ်ိဳးပါ

တစ္ခါတစ္ေလအလုပ္ေနာက္က်မွာစုိးလို႔ ေရမခ်ိဳးပဲသြားျဖစ္တဲ႔ရက္ေတြရွိမယ္။အဲ႔ဒီရက္ေတြမွာဆုိ သင့္စိတ္ေတြေလးလံထုိင္းမႈိင္းေနတာသတိထားမိခဲ႔လား?မနက္ေစာေစာေရမိုးခ်ိဳးတာက လူကုိလန္းဆန္းေစသလုိ စိတ္ကုိပါလန္းဆန္းတက္ၾကြသြားေစပါတယ္။တစ္ေနကုန္ပင္ပန္းမႈေတြကုိ ၾကံ႔ၾကံ႔ခံႏုိင္ဖုိ႔ ဒါေတြက သင္ျပင္ဆင္ရမယ့္အခ်က္ေတြပါ။

၃)မနက္ခင္းတိုင္းေလ့က်င့္ခန္းအေသးစားေလးေတြလုပ္ေပးပါ

ပင္ပန္းရတဲ႔ၾကားထဲ ဒါေတြလုပ္ရင္ပင္ပန္းမွာေပါ့လို႔မေတြးလုိက္ပါန႔ဲ။ေလ့က်င့္ခန္းလုပ္တာဟာ ေသြးလည္ပတ္မႈေကာင္းမြန္ေစတဲ႔အတြက္ေသြးေလးတာ၊အေၾကာတက္တာ၊ေညာင္းညာတာေတြမျဖစ္ေအာင္ကာကြယ္ေပးပါတယ္။အဲ႔ဒါေၾကာင့္ေရမခ်ိဳးခင္ ၁၅မိနစ္ေလာက္ အေၾကာေလ်ွာ့ေလက်င့္ခန္းေလးေတြလုပ္ေပးသင့္ပါတယ္။

၄)အသားေလ်ွာ့စားပါ

ေန႔တိုင္းပင္ပန္းႏြမ္းနယ္ေနသလိုခံစားေနရတာ အစားအေသာက္ေၾကာင့္လည္းပါပါတယ္။အာဟာရမ်ွတေအာင္စားတဲ႔အခါ ေသြးေလညီညြတ္လို႔ခႏၶာကုိယ္တြင္းကအဆိပ္အေတာက္ေတြဖယ္ရွားေပးႏုိင္ပါတယ္။ေန႔တိုင္းအသားဟင္းမစားပဲ အသီးအရြက္ေတြ၊အသီးအႏွံေတြမ်ားမ်ားေျပာင္းစားၾကည့္ပါ။အသားဟင္းနည္းနည္း၊ဟင္းသီးဟင္းရြက္မ်ားမ်ားစားပါ။အသားေလ်ွာ့စားျပီး အသီးအရြက္မ်ားမ်ားစားတဲ႔အခါ အသားအရည္ကအစ ၾကည္လင္ျပီး ခႏၶာကုိယ္မွာလည္းေပါ့ပါးလာတာကုိ
ခံစားရပါလိမ့္မယ္။ဗီတာမင္စီဓာတ္ပါတာမ်ားမ်ားစားေပးရင္ေတာ့ ပုိုျပီးေကာင္းပါတယ္။

၅)အိပ္ခ်ိန္မွန္ေအာင္အိပ္ပါ

တစ္ေန႔တာလုပ္ငန္းေဆာင္တာျပီးသြားလို႔အိမ္ျပန္ေရာက္တဲ႔အခါ ဖုန္းသံုးစြဲမႈကုိေလ်ွာ့ဖို႔လည္းမေမ့ပါနဲ႔။စိတ္အပန္းေျဖတာဆိုေပမဲ႔လည္း ဖုန္းၾကည့္တဲ႔အခါအျမင္အာရံုကုိ ထိခိုက္ႏုိင္ပါတယ္။မ်က္လံုးေညာင္းညာကုိက္ခဲတာေတြမျဖစ္ဖုိ႔ ဖုန္းသံုးတာကုိအရင္ကထက္ေလ်ွာ့ျပီး ေစာေစာအိပ္ဖုိ႔မေမ့ပါနဲ႔။အရင္က ၁၂ နာရီမွအိပ္ေနက်ဆိုရင္ ၁၁ နာရီေျပာင္းအိပ္ၾကည့္ပါ။၁၀နာရီေလာက္အိပ္ျပီး မနက္ ၆နာရီေလာက္ထရင္ တစ္ေန႔တာအိပ္စက္ခ်ိန္ ၈နာရီလံုေလာက္ေနပါျပီ။သင့္ရဲ႔အိပ္ခိ်န္ကုိ ၁၀ခြဲေလာက္သတ္မွတ္ျပီးအိပ္သင့္ပါတယ္။

ဒီအခ်က္ေလးေတြက သင္သိျပီးသားျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္။ဒါေပမဲ႔ တကယ္ေရာ လုိက္လုပ္ျဖစ္ရဲ႔လား? သိရံုသိျပီးလိုက္မလုပ္ဘူးဆုိရင္ေတာ့ ဒီအက်ိဳးရလဒ္ေတြကုိခံစားရမွာမဟုတ္ပါဘူး။ ေသးေသးေလးေတြအစေျပာင္းလဲမွ အက်ိဳးရလဒ္ကုိခံစားရမွာပါ။ေန႔ရက္တိုင္းပင္ပန္းႏြမ္းနယ္သလုိခံစားေနရတယ္ဆုိရင္ ဒီလုိေျပာင္းလဲမႈေသးေသးေလးေတြက စလုပ္တာအက်ိဳးအရွိဆံုးပါပဲ 🍀

Unicode

အသက်အရွယ်ရလာတာနဲ့အမျှ ဟိုနားက နာချင်သလိုလို ဒီနားက ကိုက်ချင်လာသလိုလို ခံစားလာရတတ်ပါတယ်။ဒါ့အပြင် ပင်ပင်ပန်းပန်းလုပ်ရတဲ့အရာ၊မိုးရွာရွာနေပူပူ သွားလာရတဲ့နေရာတွေ၊လှုပ်ရှားရတာတွေလည်းမရှိပဲ နေ့ရက်တိုင်း ပင်ပန်းနေသလိုခံစားရမယ်။ဒါမှမဟုတ် နေ့တိုင်းကွန်ပျူတာကြည့်ပြီးစာရိုက်နေပေမဲ့ အိမ်ပြန်ရောက်တဲ့အခါ ဘာမှမလုပ်ချင်မကိုင်ချင်ပဲ အိပ်ရာထဲပဲတိုးခွေမိတဲ့နေ့ရက်တွေရောက်နေတာလား?လူကလှုပ်ရှားရတာမပင်ပန်းပေမဲ့ဦးနှောက်နဲ့စဉ်းစားရလို့ စိတ်ပင်ပန်းတဲ့အခါ ခန္ဓာကိုယ်မှာလည်းသက်ရောက်မှုသွားရှိနေပါတယ်။

ဒီလိုမျိုးနေ့ရက်တိုင်း ပင်ပန်းနွမ်းနယ်နေသလို ခံစားနေရတာက သင့်ခန္ဓာကိုယ်တွင်းက စွမ်းအင်တွေဆုံးရှုံးနေလို့ပါ။ဒီစွမ်းအင်တွေပြန်လည်ရရှိဖို့အတွက် ပြောင်းလဲမှုအသေးလေးတွေတော့လုပ်ပေးရပါလိမ့်မယ်။သင့်ရဲ ့နေ့ရက်တိုင်းကို တက်ကြွလန်းဆန်းလာအောင်အားဖြည့်ပေးမယ့်အရာလေးတွေက ဘာတွေလဲဆိုတာကြည့်လိုက်ရအောင်

၁)မနက်ခင်းနိုးလာတာနဲ့ပြုံးပါ
မနက်ခင်းနိုးပြီဆိုတာနဲ့ မျက်နှာသစ်၊သွားတိုက်ပေါ့။အဲ့ဒီအချိန်မှာ ပြုံးဖို့မမေ့ပါနဲ့။စိတ်ထဲကမပါပဲ ပြုံးရင်တောင် ဒီလိုပြုံးလိုက်တဲ့အတွက် ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကိုလှည့်စားလိုက် သလိုဖြစ်ပါတယ်။ရယ်မောတဲ့အခါ စိတ်ထဲမှာပျော်ရွှင်လာသလိုပဲ ပြုံးလိုက်တဲ့အခါမှာလည်း သင့်ဦးနှောက်က သင်ပျော်နေတယ်လို့သတ်မှတ်ပြီးခန္ဓာကိုယ်တွင်းကို စွမ်းအင်တွေဖြည့်စွမ်းပေးပါတယ်။အဲ့ဒါကြောင့် ပြုံးဖို့မမေ့ပါနဲ့

၂)မဖြစ်မနေရေမိုးချိုးပါ
တစ်ခါတစ်လေအလုပ်နောက်ကျမှာစိုးလို့ ရေမချိုးပဲသွားဖြစ်တဲ့ရက်တွေရှိမယ်။အဲ့ဒီရက်တွေမှာဆို သင့်စိတ်တွေလေးလံထိုင်းမှိုင်းနေတာသတိထားမိခဲ့လား?မနက်စောစောရေမိုးချိုးတာက လူကိုလန်းဆန်းစေသလို စိတ်ကိုပါလန်းဆန်းတက်ကြွသွားစေပါတယ်။တစ်နေကုန်ပင်ပန်းမှုတွေကို ကြံ့ကြံ့ခံနိုင်ဖို့ ဒါတွေက သင်ပြင်ဆင်ရမယ့်အချက်တွေပါ။

၃)မနက်ခင်းတိုင်းလေ့ကျင့်ခန်းအသေးစားလေးတွေလုပ်ပေးပါ
ပင်ပန်းရတဲ့ကြားထဲ ဒါတွေလုပ်ရင်ပင်ပန်းမှာပေါ့လို့မတွေးလိုက်ပါနဲ့။လေ့ကျင့်ခန်းလုပ်တာဟာ သွေးလည်ပတ်မှုကောင်းမွန်စေတဲ့အတွက်သွေးလေးတာ၊အကြောတက်တာ၊ညောင်းညာတာတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။အဲ့ဒါကြောင့်ရေမချိုးခင် ၁၅မိနစ်လောက် အကြောလျှော့လေကျင့်ခန်းလေးတွေလုပ်ပေးသင့်ပါတယ်။

၄)အသားလျှော့စားပါ
နေ့တိုင်းပင်ပန်းနွမ်းနယ်နေသလိုခံစားနေရတာ အစားအသောက်ကြောင့်လည်းပါပါတယ်။အာဟာရမျှတအောင်စားတဲ့အခါ သွေးလေညီညွတ်လို့ခန္ဓာကိုယ်တွင်းကအဆိပ်အတောက်တွေဖယ်ရှားပေးနိုင်ပါတယ်။နေ့တိုင်းအသားဟင်းမစားပဲ အသီးအရွက်တွေ၊အသီးအနှံတွေများများပြောင်းစားကြည့်ပါ။အသားဟင်းနည်းနည်း၊ဟင်းသီးဟင်းရွက်များများစားပါ။အသားလျှော့စားပြီး အသီးအရွက်များများစားတဲ့အခါ အသားအရည်ကအစ ကြည်လင်ပြီး ခန္ဓာကိုယ်မှာလည်းပေါ့ပါးလာတာကို
ခံစားရပါလိမ့်မယ်။ဗီတာမင်စီဓာတ်ပါတာများများစားပေးရင်တော့ ပိုုပြီးကောင်းပါတယ်။

၅)အိပ်ချိန်မှန်အောင်အိပ်ပါ
တစ်နေ့တာလုပ်ငန်းဆောင်တာပြီးသွားလို့အိမ်ပြန်ရောက်တဲ့အခါ ဖုန်းသုံးစွဲမှုကိုလျှော့ဖို့လည်းမမေ့ပါနဲ့။စိတ်အပန်းဖြေတာဆိုပေမဲ့လည်း ဖုန်းကြည့်တဲ့အခါအမြင်အာရုံကို ထိခိုက်နိုင်ပါတယ်။မျက်လုံးညောင်းညာကိုက်ခဲတာတွေမဖြစ်ဖို့ ဖုန်းသုံးတာကိုအရင်ကထက်လျှော့ပြီး စောစောအိပ်ဖို့မမေ့ပါနဲ့။အရင်က ၁၂ နာရီမှအိပ်နေကျဆိုရင် ၁၁ နာရီပြောင်းအိပ်ကြည့်ပါ။၁ဝနာရီလောက်အိပ်ပြီး မနက် ၆နာရီလောက်ထရင် တစ်နေ့တာအိပ်စက်ချိန် ၈နာရီလုံလောက်နေပါပြီ။သင့်ရဲ့အိပ်ချိန်ကို ၁ဝခွဲလောက်သတ်မှတ်ပြီးအိပ်သင့်ပါတယ်။

ဒီအချက်လေးတွေက သင်သိပြီးသားဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ တကယ်ရော လိုက်လုပ်ဖြစ်ရဲ့လား? သိရုံသိပြီးလိုက်မလုပ်ဘူးဆိုရင်တော့ ဒီအကျိုးရလဒ်တွေကိုခံစားရမှာမဟုတ်ပါဘူး။ သေးသေးလေးတွေအစပြောင်းလဲမှ အကျိုးရလဒ်ကိုခံစားရမှာပါ။နေ့ရက်တိုင်းပင်ပန်းနွမ်းနယ်သလိုခံစားနေရတယ်ဆိုရင် ဒီလိုပြောင်းလဲမှုသေးသေးလေးတွေက စလုပ်တာအကျိုးအရှိဆုံးပါပဲ

107 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.