Won Bin ကုိ ရုပ္ရွင္ဇာတ္လမ္းတြဲေတြမွာ ၈ႏွစ္နီးပါးေလာက္ မေတြ႔ခဲ႔ရတဲ႔အေၾကာင္းရင္းက…

၈ႏွစ္ေက်ာ္နီးပါးရုပ္ရွင္ဇာတ္လမ္းတြဲေတြမွာ မေတြ႔ခဲ႔ရတဲ့သူကေတာ့ မိန္းကေလးအမ်ားစု သူတို႔ရဲ႔အခ်စ္ဦးလို႔တင္စားေနၾကတဲ႔ မင္းသားေခ်ာ Won Bin ပဲျဖစ္ပါတယ္။၂၀၁၀ တုန္းက The Man from Nowhere ဆုိတဲ႔ဇာတ္ကားအျပီး ရုပ္ရွင္ေလာကထဲမွာသူ႔ကုိမေတြ႔ျမင္ရေတာ့ပါဘူး။ဒီလုိမ်ိဳး ရုပ္ရွင္ေလာကနဲ႔အဆက္အသြယ္ျပတ္ေနေပမဲ႔ သူျပန္ေပၚလာတဲ႔အခါမွာလည္း မိန္းကေလးေတြရဲ႔ သည္းသည္းလႈပ္ျဖစ္ေနတုန္းပါပဲ။မၾကာေသးခင္က Won Bin ဟာ ဆုိးလ္ျမိဳ႔ရဲ ႔ပရိေဘာဂဆုိင္ေလးတစ္ဆုိင္မွာက်င္းပတဲ႔ ပရိသတ္ေတြနဲ႔ေတြ႔ဆံုလက္မွတ္ထိုးပြဲကုိတက္ေရာက္ခဲ႔ပါတယ္လုိ႔သိရပါတယ္။

မင္းသမီး Lee Na Young နဲ႔လက္ထပ္ျပီးကတည္းက ရုပ္ရွင္ဇာတ္လမ္းတြဲေတြမွာမေတြ႔ျမင္ခဲ႔ရတာပါ။ရုပ္ရွင္ေလာကနဲ႔အဆက္ျပတ္ေနသလားဆုိေတာ့အဆက္ျပတ္ေနတာေတာ့မဟုတ္ပါဘူး။နာမည္ၾကီးဘရန္းဒ္ေတြအတြက္ ေမာ္ဒယ္လ္အျဖစ္လုပ္ေပးျပီး မေရမတြက္ႏုိင္တဲ႔ ေၾကာ္ျငာေပါင္းမ်ားစြာရိုက္ကူးခဲ့တာျဖစ္ပါတယ္။

၂၀၁၀ကေန ဒီေန႔အခ်ိန္ထိရိုက္ကူးခဲ႔တဲ႔ ေၾက္ာျငာေပါင္း ၄၀နီးပါးရွိျပီး ေၾက္ာျငာတစ္ခုအတြက္ ၀င္ေငြဟာ ယူအက္စ္ဒီေဒၚလာ ၅၄၀၀၀၀ ကေန ေဒၚလာ၆၃၀၀၀၀ ၾကားရွိပါတယ္။ေၾက္ာျငာ ၄၀ဆုိရင္ပဲ အနည္းဆံုးယူအက္စ္ဒီေဒၚလာ ၂၁.၆ သန္းေတာင္ သူ႔ရဲ ႔၀င္ေငြကရွိပါတယ္။မၾကာေသးခင္က လည္း Cheongdam-dong နဲ႔အနီးတစ္၀ုိက္မွာ ဇိမ္ခံကြန္ဒိုအေဆာက္အဦးတစ္ခု၀ယ္ယူခဲ႔ေသးတယ္လုိ႔သိရပါတယ္။

ဇူလိုင္ ၄ရက္ေန႔က Sintong Bangtong ပရိုဂရမ္ရဲ ႔ေျပာေရးဆုိခြင့္ရွိသူတာ၀န္ရွိသူတစ္ေယာက္က “Won Bin က ေၾကာ္ျငာတစ္ခုစီအတြက္ $540,000-$630,000 USD ရပါတယ္။တစ္ခုအတြက္ ေဒၚလာ ၅၄၀၀၀၀ ရတယ္ဆုိရင္ေတာင္ USD ေဒၚလာ ၂၁.၆သန္းျဖစ္ေနပါျပီ”လုိ႔ေျပာခဲ႔ပါတယ္။ “Shin Tong Bang Tong” ပရိုဂရမ္ဟာဆုိရင္လည္း Won Bin ေၾကာင့္ၾကည့္ရႈသူေတြမ်ားျပားခဲ႔တဲ႔အစီအစဥ္တစ္ခုျဖစ္ပါတယ္။

Won Bin က ရုပ္ရွင္ဇာတ္လမ္းတြဲေတြမရိုက္ပဲ အခုလိုေၾကာ္ျငာရိုက္ကူးရံုနဲ႔တင္ ကုိရီးယားႏုိင္ငံသားေတြမ်က္လံုးျပဴးရေလာက္တဲ႔၀င္ေငြကုိရရွိေနတာပဲျဖစ္ပါတယ္။အဲ႔ဒါေၾကာင့္ကုိရီးယားႏုိင္ငံပရိသတ္ေတြက Won Bin တစ္ေယာက္ ဘာလို႔ရုပ္ရွင္ဇာတ္လမ္းတြဲေတြမွာေတြ႔ရခဲတာလည္းဆုိတဲ႔အေၾကာင္းရင္းတစ္ခုကုိသိသြားၾကပါျပီ။ဒါေပမဲ႔ တစ္ခ်ိဳ႔ပရိသတ္ေတြကေတာ့ အနုပညာေလာကထဲမွာေအာင္ျမင္ေနတ႔ဲမင္းသားတစ္လက္ျဖစ္ျပီး ဘာလို႔ လြန္ခ႔ဲတဲ႔ ၈ႏွစ္လံုးလံုး
ရုပ္ရွင္တစ္ကားေတာင္ မရိုက္ခဲ႔တာလဲ ဆုိတာကုိ နည္းနည္းေတာ့ေ၀ဖန္ေနၾကပါတယ္။

ဘယ္ေလာက္ပဲပရိသတ္ေတြၾကားမွာ အျငင္းပြားမႈေတြျဖစ္ျဖစ္ ေၾက္ာျငာေတြရိုက္ကူးရံုနဲ႔ဒီေလာက္၀င္ေငြမ်ိဳးရရွိတာ Won Bin က ဒီ၀င္ေငြနဲ႔ထုိက္တန္တဲ႔မင္းသားတစ္လက္ျဖစ္လို႔ပါပဲ။ဒီလိုထုိက္တန္လုိ႔ပဲ ဘယ္အခ်ိန္ပဲ ပရိသတ္ေရွ႔ကိုျပန္ေရာက္လာလာ ပရိသတ္ေတြက လိႈက္လိႈက္လွဲလွဲၾကိဳဆုိေနၾကတာပါ <3

Unicode

၈နှစ်ကျော်နီးပါးရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာ မတွေ့ခဲ့ရတဲ့သူကတော့ မိန်းကလေးအများစု သူတို့ရဲ့အချစ်ဦးလို့တင်စားနေကြတဲ့ မင်းသားချော Won Bin ပဲဖြစ်ပါတယ်။၂၀၁၀ တုန်းက The Man from Nowhere ဆိုတဲ့ဇာတ်ကားအပြီး ရုပ်ရှင်လောကထဲမှာသူ့ကိုမတွေ့မြင်ရတော့ပါဘူး။ဒီလိုမျိုး ရုပ်ရှင်လောကနဲ့အဆက်အသွယ်ပြတ်နေပေမဲ့ သူပြန်ပေါ်လာတဲ့အခါမှာလည်း မိန်းကလေးတွေရဲ့ သည်းသည်းလှုပ်ဖြစ်နေတုန်းပါပဲ။မကြာသေးခင်က Won Bin ဟာ ဆိုးလ်မြို့ရဲ ့ပရိဘောဂဆိုင်လေးတစ်ဆိုင်မှာ ပရိသတ်တွေနဲ့တွေ့ဆုံလက်မှတ်ထိုးပွဲကျင်းပခဲ့ပါတယ်။

မင်းသမီး Lee Na Young နဲ့လက်ထပ်ပြီးကတည်းက ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာမတွေ့မြင်ခဲ့ရတာပါ။ရုပ်ရှင်လောကနဲ့အဆက်ပြတ်နေသလားဆိုတော့အဆက်ပြတ်နေတာတော့မဟုတ်ပါဘူး။နာမည်ကြီးဘရန်းဒ်တွေအတွက် မော်ဒယ်လ်အဖြစ်လုပ်ပေးပြီး မရေမတွက်နိုင်တဲ့ ကြော်ငြာပေါင်းများစွာရိုက်ကူးခဲ့တာဖြစ်ပါတယ်။

၂၀၁ဝကနေ ဒီနေ့အချိန်ထိရိုက်ကူးခဲ့တဲ့ ကြေ်ာငြာပေါင်း ၄ဝနီးပါးရှိပြီး ကြေ်ာငြာတစ်ခုအတွက် ဝင်ငွေဟာ ယူအက်စ်ဒီဒေါ်လာ ၅၄၀၀၀၀ ကနေ ဒေါ်လာ၆၃၀၀၀၀ ကြားရှိပါတယ်။ကြေ်ာငြာ ၄ဝဆိုရင်ပဲ အနည်းဆုံးယူအက်စ်ဒီဒေါ်လာ ၂၁.၆ သန်းတောင် သူ့ရဲ ့ဝင်ငွေကရှိပါတယ်။မကြာသေးခင်က လည်း Cheongdam-dong နဲ့အနီးတစ်ဝိုက်မှာ ဇိမ်ခံကွန်ဒိုအဆောက်အဦးတစ်ခုဝယ်ယူခဲ့သေးတယ်လို့သိရပါတယ်။

ဇူလိုင် ၄ရက်နေ့က Sintong Bangtong ပရိုဂရမ်ရဲ ့ပြောရေးဆိုခွင့်ရှိသူတာဝန်ရှိသူတစ်ယောက်က “Won Bin က ကြော်ငြာတစ်ခုစီအတွက် $540,000-$630,000 USD ရပါတယ်။တစ်ခုအတွက် ဒေါ်လာ ၅၄၀၀၀၀ ရတယ်ဆိုရင်တောင် USD ဒေါ်လာ ၂၁.၆သန်းဖြစ်နေပါပြီ”လို့ပြောခဲ့ပါတယ်။ “Shin Tong Bang Tong” ပရိုဂရမ်ဟာဆိုရင်လည်း Won Bin ကြောင့်ကြည့်ရှုသူတွေများပြားခဲ့တဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်။

Won Bin က ရုပ်ရှင်ဇာတ်လမ်းတွဲတွေမရိုက်ပဲ အခုလိုကြော်ငြာရိုက်ကူးရုံနဲ့တင် ကိုရီးယားနိုင်ငံသားတွေမျက်လုံးပြူးရလောက်တဲ့ဝင်ငွေကိုရရှိနေတာပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်ကိုရီးယားနိုင်ငံပရိသတ်တွေက Won Bin တစ်ယောက် ဘာလို့ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာတွေ့ရခဲတာလည်းဆိုတဲ့အကြောင်းရင်းတစ်ခုကိုသိသွားကြပါပြီ။ဒါပေမဲ့ တစ်ချို့ပရိသတ်တွေကတော့ အနုပညာလောကထဲမှာအောင်မြင်နေတဲ့မင်းသားတစ်လက်ဖြစ်ပြီးဘာလို့ လွန်ခဲ့တဲ့ ၈နှစ်လုံးလုံး
ရုပ်ရှင်တစ်ကားတောင် မရိုက်ခဲ့တာလဲ ဆိုတာကို နည်းနည်းတော့ဝေဖန်နေကြပါတယ်။

ဘယ်လောက်ပဲပရိသတ်တွေကြားမှာ အငြင်းပွားမှုတွေဖြစ်ဖြစ် ကြေ်ာငြာတွေရိုက်ကူးရုံနဲ့ဒီလောက်ဝင်ငွေမျိုးရရှိတာ Won Bin က ဒီဝင်ငွေနဲ့ထိုက်တန်တဲ့မင်းသားတစ်လက်ဖြစ်လို့ပါပဲ။ဒီလိုထိုက်တန်လို့ပဲ ဘယ်အချိန်ပဲ ပရိသတ်ရှေ့ကိုပြန်ရောက်လာလာ ပရိသတ်တွေက လှိုက်လှိုက်လှဲလှဲကြိုဆိုနေကြတာပါ <3

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.