တစ္ျခားသူေတြရဲ႔အျမင္အယူအဆေတြကုိ တေလးတစားလက္ခံေပးတတ္ျခင္းအႏုပညာ

တစ္ျခားသူေတြရဲ ႔အျမင္ေတြ၊အယူအဆေတြကုိလက္ခံေပးတာကလည္း လွပတဲ႔စိတ္ထားတစ္ခုပါ။အဲ႔ဒါေၾကာင့္ အႏုပညာတစ္ခုနဲ႔တင္စားေခၚေ၀ၚမယ္ဆိုရင္လည္းမလြန္ပါဘူးေနာ္။ဒီကမာၻေလာကၾကီးမွာ လူအမ်ိဳးမ်ိဳးအေထြေထြရွိတဲ႔အေလ်ာက္ တစ္ေယာက္နဲ႔တစ္ေယာက္အျမင္ခ်င္းမတူမွာကုိ ျငင္းဖုိ႔မရွိပါဘူး။ဒီလုိအျမင္ခ်င္းမတူဘူးဆုိတာနဲ႔ပဲ တစ္ျခားသူေတြရဲ႔အျမင္ေတြ၊အယူအဆေတြကုိ ေဘးဖယ္ထားလို႔မရပါဘူး။သူ႔အျမင္ ကုိယ့္အျမင္ဖလွယ္ၾကမယ္ဆုိရင္ ပိုျပီးတိုးတက္ဖုိ႔သာရွိတယ္ မဟုတ္လား။အျမင္ခ်င္းမတူ ရန္သူပဲဆုိျပီးရန္လိုေနမယ္ဆိုရင္ေတာ့ ဒါက မရင့္က်က္ေသးတာလို႔ပဲျမင္ရမွာပါပဲ။ဘာလို႔တစ္ျခားသူေတြရဲ ႔အျမင္ေတြ၊အယူအဆေတြကုိ တေလးတစားလက္ခံေပးသင့္တယ္၊နားေထာင္ေပးသင့္တာလဲဆုိတဲ႔အေၾကာင္းေတြလည္းရွိပါေသးတယ္။

၁)လူတိုင္းမွာ မတူညီတဲ႔ရႈေထာင့္အျမင္ေတြရွိၾကတယ္
သင္က ဒီဘက္က ျမင္တဲ႔အတုိင္းေျပာသလို တစ္ျခားသူကလည္းသူ႔ဘက္က ျမင္တဲ႔အတုိင္းေျပာမွာပါ။ဒါကုိျငင္းခုန္ေနမယ့္အစား၊သူ႔အျမင္ကုိယ့္အျမင္ ခြဲျခားေနမယ့္အစား ႏွစ္ေယာက္ေပါင္းျမင္တဲ႔အတိုင္း ခ်ျပလိုက္တဲ႔အခါ ပုိျပီးသက္ေရာက္မႈရွိသြားပါတယ္။စီးပြားေရးလုပ္ငန္းမွာျဖစ္ေစ၊တစ္ျခားလုပ္ငန္ကိစၥေတြမွာျဖစ္ေစ ကုိယ့္အေတြးထက္ သူ႔အေတြးက ပုိျပီးေကာင္းမြန္တာရွိသလုိ ကုိယ့္အေတြးက သူ႔အေတြးထက္ပုိျပီးေကာင္းမြန္ႏုိင္ပါတယ္။တစ္ျခားသူရဲ ႔အေတြးအျမင္က ကုိယ့္အတြက္အကူအညီေသးေသးေလးတစ္ခုေပးရင္ေတာင္ ဒါက ေက်းဇူးတင္စရာပဲမဟုတ္လား။

၂)ေခါင္းေဆာင္ေကာင္းတစ္ေယာက္ဆုိတာ နားေထာင္ေပးဖုိ႔လည္းလိုအပ္သလို တစ္ျခားသူေတြရဲ ႔အၾကံဥာဏ္ေတြလည္းလိုအပ္ပါတယ္

ဘယ္သူမဆုိ ေနာက္လိုက္ထက္ ေခါင္းေဆာင္တစ္ေယာက္ပဲျဖစ္ခ်င္ၾကတယ္ဟုတ္!ဒါဆုိ ေခါင္းေဆာင္ေကာင္းေတြမွာရွိသင့္တဲ႔၊ဦးေဆာင္သူေတြမွာရွိသင့္တဲ႔အရည္အခ်င္းေတြအျပည့္ရွိေနဖုိ႔လိုပါတယ္။ကုိယ္ကေခါင္းေဆာင္ပဲ ကုိယ့္အျမင္ကိုပဲအားလံုးလိုက္လုပ္ရမယ္ဆုိတာမ်ိဳးထက္ တစ္ျခားအဖြဲ႔သားေတြရဲ ႔အၾကံဥာဏ္ေတြနဲ႔စုေပါင္းျပီးအဖြဲ႔တစ္ခုလံုးေကာင္းက်ိဳးရဖုိ႔လုပ္တဲ႔ေခါင္းေဆာင္က ပုိျပီးေရရွည္တည္ျမဲပါတယ္။

Related image

၃)တစ္ျခားသူေတြရဲ ႔အျမင္ေတြ၊အယူအဆေတြက သင့္ထက္ပုိေကာင္းႏုိင္တယ္
ဒါကုိေမ့ထားလို႔မရပါဘူး။သင့္မွာလည္းသင့္အယူအဆ၊သင့္အၾကံဥာဏ္ရွိတာမွန္ေပမဲ႔ တစ္ျခားတစ္ေယာက္ေပးတဲ႔အယူအဆအၾကံဥာဏ္ကပုိျပီးသင့္ေတာ္ေကာင္းမြန္တယ္ဆုိရင္ေခါင္းမာျပီးသင့္အၾကံဥာဏ္အတိုင္းမလုပ္သင့္ပါဘူး။မာနေတြ၊ေခါင္းမာတာေတြထက္ ပုိျပီးသင့္ေတာ္ေကာင္းမြန္တဲ႔
အခြင့္အေရးကုိဖမ္းဆုပ္တတ္ရပါမယ္။

၄)အျငင္းပြားမႈကေန ေရွာင္ရွားႏုိင္မယ္
တစ္ေယာက္နဲ႔တစ္ေယာက္ အျငင္းပြားမႈျဖစ္မယ္ဆုိရင္ ဒါက အင္အားေလ်ာ့သြားတဲ႔သေဘာပါပဲ။ႏွစ္ေယာက္ေပါင္းျပီးရင္ဆုိင္္ေျဖရွင္းရမယ့္အစားအဖြဲ႔ကြဲေနမယ္၊သူ႔အၾကံမွ ငါ့အၾကံမွလုပ္ေနမယ္ဆုိရင္ေတာ့ ၾကားထဲကစားသြားပါလိမ့္မယ္။အျငင္းပြားတာက ရန္ျငိဳးရန္စလည္းရွည္ေစပါတယ္။ဘ၀တိုတုိေလးမွာ ရန္ျငိဳးရန္စထားျပီးဘာလုပ္မွာလဲ။ခိုင္မာတဲ႔ဆက္ဆံေရးတည္ေဆာက္ႏုိင္ဖုိ႔ဆုိ တစ္ျခားသူေတြရဲ ႔အျမင္ကုိလည္းလက္ခံနားေထာင္ေပးတတ္ဖုိ႔လိုပါေသးတယ္။

၅)တစ္ျခားသူေတြရဲ ႔အျမင္ေတြကုိလက္ခံနားေထာင္ေပးတာက သူတို႔ကုိရင့္က်က္ေစဖုိ႔လည္းကူညီေပးတယ္
ဒါက ဂ်ဴနီယာလူငယ္ေတြအတြက္အေရးၾကီးတဲ႔အခ်က္တစ္ခုပါ။စီနီယာတစ္ေယာက္ကုိ ကုိုယ္ကေျပာလိုက္မယ္။ဒါေပမဲ႔ သူကနားမေထာင္ေပးဘူး။လက္မခံေပးဘူးဆိုရင္ ဂ်ဴနီယာေတြအတြက္ၾကိဳးစားခ်င္တဲ႔စိတ္၊ၾကိဳးစားရမယ့္အကြက္ဆုိတာမရွိေတာ့ပါဘူး။ကုိယ္ေျပာတဲ႔အၾကံကုိနားေထာင္ျပီး ဒီဟာကေတာ့ဒီလုိရွိတယ္စသျဖင့္ရွင္းျပမယ္၊အၾကံဥာဏ္ေပးမယ္ဆုိရင္ ဒီလူငယ္ေလးေတြအတြက္ ေတာက္ပတဲ႔အနာဂတ္တစ္ခုကုိပုိင္ဆုိင္ရမွာပါ။ဒါေလးေတာင္မသိရေကာင္းလား၊ဒါေလးေတာင္နားမလည္ရေကာင္းလားဆုိတာထက္ သူတို႔ရဲ ႔အျမင္ေတြကုိနားေထာင္ျပီးလိုအပ္တဲ႔ေနရာေလးေထာက္ျပကူညီေပးတာကပုိျပီးအက်ိဳးရွိေစပါတယ္။

အက်ဥ္းခ်ံဳးေျပာရမယ္ဆုိရင္ေတာ့ သူငယ္ခ်င္းကျဖစ္ေစ၊ကုိယ့္ထက္ငယ္သူၾကီးသူကျဖစ္ေစ သူတို႔ရဲ ႔အျမင္ကေတာ့ဘယ္လိုရွိတယ္ေဟ့ဆုိရင္ နားေထာင္ေပးပါ။လက္ခံေပးပါ။ျပီးရင္ လိုအပ္တာေတြကုိေထာက္ျပပါ။ကုိယ့္ရဲ႔အျမင္ေတြ၊အယူအဆေတြကုိလည္းေ၀မ်ွပါ။နားေထာင္ေနသလိုလုိနဲ႔ဟန္ေဆာင္ျပီးနားစြင့္ထားတာမ်ိဳးမဟုတ္ပဲ တကယ္စိတ္ပါလက္ပါနဲ႔ လက္ခံနားေထာင္ေပးပါလို႔ Trend ရဲ ႔စာဖတ္ပရိသတ္ၾကီးကုိ သိထားသမ်ွေလးေတြျပန္ျပီးမ်ွေ၀လိုက္ပါတယ္။

Unicode

တစ်ခြားသူတွေရဲ ့အမြင်တွေ၊အယူအဆတွေကိုလက်ခံပေးတာကလည်း လှပတဲ့စိတ်ထားတစ်ခုပါ။အဲ့ဒါကြောင့် အနုပညာတစ်ခုနဲ့တင်စားခေါ်ဝေါ်မယ်ဆိုရင်လည်းမလွန်ပါဘူးနော်။ဒီကမ္ဘာလောကကြီးမှာ လူအမျိုးမျိုးအထွေထွေရှိတဲ့အလျောက် တစ်ယောက်နဲ့တစ်ယောက်အမြင်ချင်းမတူမှာကို ငြင်းဖို့မရှိပါဘူး။ဒီလိုအမြင်ချင်းမတူဘူးဆိုတာနဲ့ပဲ တစ်ခြားသူတွေရဲ့အမြင်တွေ၊အယူအဆတွေကို ဘေးဖယ်ထားလို့မရပါဘူး။သူ့အမြင် ကိုယ့်အမြင်ဖလှယ်ကြမယ်ဆိုရင် ပိုပြီးတိုးတက်ဖို့သာရှိတယ် မဟုတ်လား။အမြင်ချင်းမတူ ရန်သူပဲဆိုပြီးရန်လိုနေမယ်ဆိုရင်တော့ ဒါက မရင့်ကျက်သေးတာလို့ပဲမြင်ရမှာပါပဲ။ဘာလို့တစ်ခြားသူတွေရဲ ့အမြင်တွေ၊အယူအဆတွေကို တလေးတစားလက်ခံပေးသင့်တယ်၊နားထောင်ပေးသင့်တာလဲဆိုတဲ့အကြောင်းတွေလည်းရှိပါသေးတယ်။

၁)လူတိုင်းမှာ မတူညီတဲ့ရှုထောင့်အမြင်တွေရှိကြတယ်
သင်က ဒီဘက်က မြင်တဲ့အတိုင်းပြောသလို တစ်ခြားသူကလည်းသူ့ဘက်က မြင်တဲ့အတိုင်းပြောမှာပါ။ဒါကိုငြင်းခုန်နေမယ့်အစား၊သူ့အမြင်ကိုယ့်အမြင် ခွဲခြားနေမယ့်အစား နှစ်ယောက်ပေါင်းမြင်တဲ့အတိုင်း ချပြလိုက်တဲ့အခါ ပိုပြီးသက်ရောက်မှုရှိသွားပါတယ်။စီးပွားရေးလုပ်ငန်းမှာဖြစ်စေ၊တစ်ခြားလုပ်ငန်ကိစ္စတွေမှာဖြစ်စေ ကိုယ့်အတွေးထက် သူ့အတွေးက ပိုပြီးကောင်းမွန်တာရှိသလို ကိုယ့်အတွေးက သူ့အတွေးထက်ပိုပြီးကောင်းမွန်နိုင်ပါတယ်။တစ်ခြားသူရဲ ့အတွေးအမြင်က ကိုယ့်အတွက်အကူအညီသေးသေးလေးတစ်ခုပေးရင်တောင် ဒါက ကျေးဇူးတင်စရာပဲမဟုတ်လား။

၂)ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ နားထောင်ပေးဖို့လည်းလိုအပ်သလို တစ်ခြားသူတွေရဲ ့အကြံဉာဏ်တွေလည်းလိုအပ်ပါတယ်

ဘယ်သူမဆို နောက်လိုက်ထက် ခေါင်းဆောင်တစ်ယောက်ပဲဖြစ်ချင်ကြတယ်ဟုတ်!ဒါဆို ခေါင်းဆောင်ကောင်းတွေမှာရှိသင့်တဲ့၊ဦးဆောင်သူတွေ
မှာရှိသင့်တဲ့အရည်အချင်းတွေအပြည့်ရှိနေဖို့လိုပါတယ်။ကိုယ်ကခေါင်းဆောင်ပဲ ကိုယ့်အမြင်ကိုပဲအားလုံးလိုက်လုပ်ရမယ်ဆိုတာမျိုးထက် တစ်ခြားအဖွဲ့သားတွေရဲ ့အကြံဉာဏ်တွေနဲ့စုပေါင်းပြီးအဖွဲ့တစ်ခုလုံးကောင်းကျိုးရဖို့လုပ်တဲ့ခေါင်းဆောင်က ပိုပြီးရေရှည်တည်မြဲပါတယ်။

၃)တစ်ခြားသူတွေရဲ ့အမြင်တွေ၊အယူအဆတွေက သင့်ထက်ပိုကောင်းနိုင်တယ်
ဒါကိုမေ့ထားလို့မရပါဘူး။သင့်မှာလည်းသင့်အယူအဆ၊သင့်အကြံဉာဏ်ရှိတာမှန်ပေမဲ့ တစ်ခြားတစ်ယောက်ပေးတဲ့အယူအဆအကြံဉာဏ်ကပိုပြီးသင့်တော်ကောင်းမွန်တယ်ဆိုရင်ခေါင်းမာပြီးသင့်အကြံဉာဏ်အတိုင်းမလုပ်သင့်ပါဘူး။မာနတွေ၊ခေါင်းမာတာတွေထက် ပိုပြီးသင့်တော်ကောင်းမွန်တဲ့အခွင့်အရေးကိုဖမ်းဆုပ်တတ်ရပါမယ်။

၄)အငြင်းပွားမှုကနေ ရှောင်ရှားနိုင်မယ်
တစ်ယောက်နဲ့တစ်ယောက် အငြင်းပွားမှုဖြစ်မယ်ဆိုရင် ဒါက အင်အားလျော့သွားတဲ့သဘောပါပဲ။နှစ်ယောက်ပေါင်းပြီးရင်ဆိုင််ဖြေရှင်းရမယ့်အစားအဖွဲ့ကွဲနေမယ်၊သူ့အကြံမှ ငါ့အကြံမှလုပ်နေမယ်ဆိုရင်တော့ ကြားထဲကစားသွားပါလိမ့်မယ်။အငြင်းပွားတာက ရန်ငြိုးရန်စလည်းရှည်စေပါတယ်။ဘဝတိုတိုလေးမှာ ရန်ငြိုးရန်စထားပြီးဘာလုပ်မှာလဲ။ခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်နိုင်ဖို့ဆို တစ်ခြားသူတွေရဲ ့အမြင်ကိုလည်းလက်ခံနားထောင်ပေးတတ်ဖို့လိုပါသေးတယ်။

၅)တစ်ခြားသူတွေရဲ ့အမြင်တွေကိုလက်ခံနားထောင်ပေးတာက သူတို့ကိုရင့်ကျက်စေဖို့လည်းကူညီပေးတယ်
ဒါက ဂျူနီယာလူငယ်တွေအတွက်အရေးကြီးတဲ့အချက်တစ်ခုပါ။စီနီယာတစ်ယောက်ကို ကိုုယ်ကပြောလိုက်မယ်။ဒါပေမဲ့ သူကနားမထောင်ပေးဘူး။လက်မခံပေးဘူးဆိုရင် ဂျူနီယာတွေအတွက်ကြိုးစားချင်တဲ့စိတ်၊ကြိုးစားရမယ့်အကွက်ဆိုတာမရှိတော့ပါဘူး။ကိုယ်ပြောတဲ့အကြံကိုနားထောင်ပြီး ဒီဟာကတော့ဒီလိုရှိတယ်စသဖြင့်ရှင်းပြမယ်၊အကြံဉာဏ်ပေးမယ်ဆိုရင် ဒီလူငယ်လေးတွေအတွက် တောက်ပတဲ့အနာဂတ်တစ်ခုကိုပိုင်ဆိုင်ရမှာပါ။ဒါလေးတောင်မသိရကောင်းလား၊ဒါလေးတောင်နားမလည်ရကောင်းလားဆိုတာထက် သူတို့ရဲ ့အမြင်တွေကိုနားထောင်ပြီးလိုအပ်တဲ့နေရာလေးထောက်ပြကူညီပေးတာကပိုပြီးအကျိုးရှိစေပါတယ်။

အကျဉ်းချုံးပြောရမယ်ဆိုရင်တော့ သူငယ်ချင်းကဖြစ်စေ၊ကိုယ့်ထက်ငယ်သူကြီးသူကဖြစ်စေ သူတို့ရဲ ့အမြင်ကတော့ဘယ်လိုရှိတယ်ဟေ့ဆိုရင် နားထောင်ပေးပါ။လက်ခံပေးပါ။ပြီးရင် လိုအပ်တာတွေကိုထောက်ပြပါ။ကိုယ့်ရဲ့အမြင်တွေ၊အယူအဆတွေကိုလည်းဝေမျှပါ။နားထောင်နေသလိုလိုနဲ့ဟန်ဆောင်ပြီးနားစွင့်ထားတာမျိုးမဟုတ်ပဲ တကယ်စိတ်ပါလက်ပါနဲ့ လက်ခံနားထောင်ပေးပါလို့ Trend ရဲ ့စာဖတ်ပရိသတ်ကြီးကို သိထားသမျှလေးတွေပြန်ပြီးမျှဝေလိုက်ပါတယ်။

47 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.