ကိုရီးယားဇာတ်လမ်းတွဲတွေထဲက မရိုးနိုင်သော ရိုမန်တစ်ပြကွက်များ 😒

အပြင်လက်တွေ့ဘဝနဲ့ ကိုရီးယား ဒရာမာဇာတ်လမ်းတွဲတွေကြားက ကွာဟချက်လေးတွေကို ထောက်ပြရုံပါပဲ 🙂 အားလုံးလည်း သိကြပါတယ်။ တစ်ချို့ သောအရာတွေက ရုပ်ရှင်တွေမှာပဲ ဖြစ်နိုင်တယ်။ အပြင်လက်တွေ့ဘဝမှာတော့ မဖြစ်နိုင်ဘူးလေ။ ကဲ … ဇာတ်လမ်းတွဲတွေထဲက အကဲပိုတဲ့ ရိုမန်တစ်ပြကွက်တွေကို ကြည့်လိုက်ရအောင် …

တစ်ဆိတ်ရှိ မင်းသမီးကို ကုန်းပိုးပေးခြင်း (Piggyback rides) လို့လည်း ခေါ်သတဲ့..

Related image

ကိုရီးယားဇာတ်လမ်းတွဲတွေ အမြဲကြည့်နေတဲ့သူဆို ဒီအခန်းတွေကို အလွတ်တောင်ရနေမယ်ထင်ပါတယ်။ မင်းသမီးက အရက်ကိုမူးအောင်သောက်၊ မင်းသားက ကုန်းပိုးပြီး အိမ်အထိအိမ်ပြန်လိုက်ပို့ 😛

ခေါက်ဆွဲပြုတ် အတူတူစားခြင်း


ကိုရီးယားမှာတော့ ခေါက်ဆွဲပြုတ်တွေကို အကြိုက်စားပြတယ်။ မကောင်းဘူး ၊ ကယ်လိုရီ အရမ်းတက်တယ်လို့ သတိပေးကြပေမယ့် မင်းသမီးတွေ ၊ မင်းသားတွေ ကိုယ်တိုင်က စားသောက်ပြနေတာပဲ။

နေရာမရွေး အိပ်တတ်တဲ့ မင်းသမီးများ

Image result for Sleeping on a bus korea drama
အမြဲတမ်း သတိထားမိတာကတော့ မင်းသမီးတွေက အချိန်မရွေး ၊ နေရာမရွေး အိပ်ပျော်လွယ်ကြ
တယ်။ အဲ့ဒီမှာ မင်းသားက အိပ်နေတဲ့ မင်းသမီးရဲ့မျက်နှာကို စိုက်ကြည့်နေတဲ့အခန်း ၁ဝမိနစ်လောက် အချိန်ဆွဲပြီး ရိုက်ပြပါတော့တယ်။ ဒီထက်ပိုပြီး ရိုချင်ရင် နဖူးဖြစ်ဖြစ် ၊ ပါးဖြစ်ဖြစ် နမ်းလိုက်တဲ့အခန်းကို ဘက်ပေါင်းစုံကဆွဲပြတယ်။ တစ်ခါတစ်လေ ဘတ်စ်ကားပေါ်မှာလည်း အိပ်ငိုက်လိုက်ပါသေးတယ်.. ခိခိ

မတူညီတဲ့ အဆင့်တန်း

Image result for rich chaebo
မင်းသားက မတရားချမ်းသာ၊ မင်းသမီးက အကြွေးပတ်ချာလည်နဲ့ ဆင်းရဲ ၊ အလုပ်ကြိုးစား ။ မိဘက သဘောမတူရတဲ့အထဲ ကြားကဗီလိန်တွေကြောင့် မင်းသမီးကို ဇာတ်အရမ်းနာအောင်ဖန်တီးထား ။

အရမ်းချောတဲ့ ဒုတိယမင်းသား အမြဲပါ

Related image
ကြည့်ရတဲ့ ပရိတ်သတ်တွေ ကလိကလိဖြစ်အောင် ဒါမျိုးတော့လုပ်တတ်တယ်။ ဒုတိယ မင်းသား၊
မင်းသမီးတွေက အဓိကဇာတ်ဆောင်တွေထက် ချောနေတာမျိုး ။ တစ်ခန်းလုံး ဇာတ်ရှိန်တက်နေပြီး
မှ မင်းသမီးကို လုယူမယ့် ခပ်ချောချောမင်းသားလေးတွေ ပေါ်လာတဲ့အကွက်တွေ ကိုရီးယားဇာတ်လမ်းတွေက သိပ်ပိုင်ပါတယ်။

စာဖတ်သူတို့အတွက်ရော.. မရိုးနိုင်သော ၊ ခေါက်ရိုးကျိုးနေတဲ့ ကိုရီးယားဇာတ်ဝင်ခန်းမျိုးတွေရှိရင်မျှဝေပေးသွားပါဦး…

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.