SEXY ပုံစံမျိုးတွေ ၀တ်ရတာ သဘောမကျဘူးလို့ဆိုတဲ့ သဉ္ဇာနွယ်ဝင်း

1441418_506073956157050_1665541029_n.jpg

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်း ကို သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေ နဲ့ အတူဖက်ရှင်နဲ့ ပတ်သက်ပြီးသူ့ရဲ့သဘောထား၊ အမြင်လေးတွေ ကိုမေးမြန်းဖြစ် ခဲ့တာကတော့ ‘သဉ္ဇာ လတ်တလောမှာတော့ ငွေလမင်းနဲ့အနီးဆုံးလူဆိုတဲ့ ဗီဒီယိုဇာတ်ကားလေးကို ကိုဟိန်းဝေယံနဲ့ ရိုက်နေပါတယ်။ ဒီကားလေး ပြီးသွားရင် နောက်ထပ်ဗီဒီယိုဇာတ်ကားလေးတွေရိုက်ဖို့ လက်ခံ ထားတာတော့ရှိပါတယ်။ ကာရိုက်တာမျိုးစုံတော့ ရိုက်ပါတယ်။ ဘယ်ကာရိုက်တာက ကိုယ်နဲ့ အဆင်ပြေပြီး လိုက်ဖက်တယ်ဆိုတာကိုတော့ မပြောပြတတ်သေးပါဘူး။ ကိုယ့်အတွက် လုပ်ကွက် ရပြီး၊ ခေါင်းဆောင် မင်းသမီးနေရာကဆိုရင်တော့ သရုပ်ဆောင်ပါတယ်။’လို့ သူမက ပြောပါတယ်။ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း သူမက ‘အရင်တုန်းက ဖက်ရှင်နဲ့ ပတ်သက်လို့  မြန်မာနိုင်ငံရဲ့ဖက်ရှင်နဲ့ နိုင်ငံခြားဖက်ရှင်နဲ့က အရမ်းကိုကွာခြားပါတယ်။ အခုနောက် ပိုင်းမှာတော့ ဖက်ရှင်နဲ့ ပတ်သက်ပြီး တော်တော်လည်း ခေတ်စားလာတယ်။ နောက်ပြီး လူတော်တော် များများကလည်း ၀တ်စားတတ်လာကြတယ်။ အခုခေတ်မှာ လူတိုင်း Fashionable ဖြစ်တယ်လို့ ထင်တယ်။ သဉ္ဇာက စမတ်ကျတဲ့ ပုံစံမျိုးဝတ်ရတာ ကိုကြိုက်တယ်။ ကိုယ့်ရဲ့ပုံစံက ကလေးဆန်တယ်လို့ ထင်ရလို့ ရင့်ကျက်တည်ငြိမ်တဲ့ပုံ ပေါက်အောင် စမတ်ကျတဲ့ ပုံစံမျိုးကို ၀တ်ရတာပါ။ ချစ်စရာကောင်းတဲ့ Cute ပုံစံမျိုးလေး ၀တ်ရတာ သဘောတော့ကျပါတယ်။ ဒါပေမဲ့ ဓာတ်ပုံရိုက်တဲ့ အခါမျိုးလောက်ပဲ အလုပ်သဘောအရ ၀တ်ဖြစ်တာများပါတယ်။ Sexy ဖြစ်တဲ့ ပုံစံမျိုးတွေ ၀တ်ရတာကို သဘောမကျဘူး။ Sexy ဆိုတာဖော်မှ၊ ချွတ်မှ Sexy ဖြစ်တာမဟုတ်ပါဘူး။ လုံလုံခြုံခြုံဝတ်ပြီှး Sexyကျတဲ့ ပုံစံမျိုးလုပ်လို့ ရပါတယ်။ ဖက်ရှင်နဲ့ ပတ်သက်လို့ အင်တာနက်က ကြည့်တာတို့၊ မဂ္ဂဇင်း စာအုပ်ဖတ်တာတို့၊ ပြီးတော့ သဉ္ဇာ နိုင်ငံခြားရောက်ရင် နိုင်ငံခြားက ဖက်ရှင်ကတ်သလောက်တွေဝယ်ပြီး ဖတ်ဖြစ်ပါတယ်။ ဒီလောက်ပါပဲ။ ဖက်ရှင်နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ကိုယ်သွားရမဲ့နေရာပေါ်မှာမူတည်ပြီးတော့ အ၀တ်အစား ကိုရွေးချယ်ပြီး ၀တ်တတ် စေချင်ပါတယ်’လို့ ပြောပြခဲ့ပါတယ်။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.