အချစ်စစ်ကိုရှာမတွေ့နိုင်အောင် ကာဆီးထားတဲ့ ကန့်လန့်ကာနောက်ကွယ်က ကြောက်စိတ်များ
တစ်ခြားသူအတွက်ပဲအချိန်ပေးနေရမှာကိုကြောက်တဲ့စိတ်ကပိုများနေတယ်ဆိုရင်
Trust me! အချစ်စစ်ဆိုတာကို တွေ့မှာမဟုတ်တော့ပါဘူး။
၎)ခံစားချက်တွေကိုအလိုလိုက်ရမှာကြောက်တဲ့စိတ်
Unicode
အခုချိန်ထိ Single ဖြစ်နေဆဲမိန်းကလေးတွေကိုမေးကြည့်ပါ။ဘာလို့ ချစ်သူမထားသေးလဲဆိုတာပေါ့။သူတို့ဆီက အဖြေက သူတို့ကိုတကယ်ချစ်တဲ့သူ၊အချစ်စစ်ကိုစောင့်နေတာ၊တစ်သက်လုံးလက်တွဲသွားရမယ့်ချစ်သူကိုရှာနေတာလို့အများစုကဖြေကြပါလိမ့်မယ်။ဒါပေမဲ့တစ်ခုုသိထားရမှာက
ဘယ်လောက်ပဲ Relationship နဲ့ပတ်သက်လို့ သိသိ၊အချစ်စစ်ကိုဘယ်လောက်ပဲရှာနေရှာနေ သင့်မှာဒီလိုကြောက်စိတ်တွေရှိနေရင် အချစ်စစ်ကိုရှာတွေ့နိုင်မှာမဟုတ်ပါဘူးတဲ့။
တစ်ခုခုမဖြစ်ခင်တည်းက ကြိုတင်ပြီးကြောက်ရွံ့နေတာက တစ်ဝက်ရှုံးနိမ့်နေပြီးသားဖြစ်တယ်ဆိုသလို အချစ်စစ်ကိုရှာနေပေမဲ့ နှလုံးသားနဲ့မခံစားမိရင် ဘယ်တော့မှတွေ့မှာမဟုတ်ပါဘူး။ဒီကြောက်စိတ်တွေက အချစ်စစ်ကိုရှာဖွေတဲ့နေရာမှာပိတ်ပင်နေလို့ပါ။သင့်မှာရော ဒီလိုကြောက်စိတ်တွေရှိနေလား?
၁)Relationship ထဲမှာ သင့်ကိုယ်သင်ဆုံးရှုံးလိုက်ရမှာကိုကြောက်တဲ့စိတ်
ကိုယ့်အပေါ်တကယ်ချစ်ခင်တဲ့သူကိုလိုအပ်သလောက် အဲ့ဒီဆန္ဒထက် သင့်ကိုယ်သင့် ဒီ Relationship ထဲမှာ ဆုံးရှုံးလိုက်ရမှာ၊သင့်ဘဝကိုတစ်ခြားသူတစ်ယောက်အတွက်ပေးဆပ်လိုက်ရသလိုဖြစ်သွားမှာ၊သင့်ဘဝက တစ်ခြားသူအတွက်အသက်ရှင်နေရသလိုဖြစ်သွားမှာ၊
တစ်ခြားသူအတွက်ပဲအချိန်ပေးနေရမှှာကိုကြောက်တဲ့စိတ်ကပိုများနေတယ်ဆိုရင်
Trust me! အချစ်စစ််ဆိုတာကို တွေ့မှာမဟုတ်တော့ပါဘူး။
၂)လျစ်လျူရှုခံရမှာကြောက်တဲ့စိတ်
တစ်ယောက်ယောက်ကိုချစ်မိပြီဆိုတာနဲ့ တစ်ခုခုဆိုဝမ်းနည်းရတာနဲ့။နာကျင်ရတာနဲ့၊ပျော်ရွှင်ရတာနဲ့။မပြီးဆုံးနိုင်တဲ့ခံစားချက်တွေရလာပါတော့တယ်။သင်တစ်ယောက်တည်းမဟုတ်ပါဘူး။တော်တော်များများပါပဲ။တကယ်လို့များ Relationship တစ်ခုရှိလာလို့ နာကျင်ရမယ့်ခံစားချက်ကို ကြောက်ရွံ့နေမယ်၊အချစ်မှာပျော်ဝင်တာထက် နာကျင်ရတဲ့ခံစားချက်၊လျစ်လျူရှုခံရတဲ့ခံစားချက်မျိုးရမှာကို ကြောက်လန့်စိတ်ကပိုများနေမယ်ဆိုရင် အချစ်စစ်ဆိုတာကိုဘယ်လိုတွေ့နိုင်မှာလဲ။အသည်းကွဲတဲ့ဒဏ်ရာကို သေချာမစီမံမခန့်ခွဲတတ်သရွေ့ကတော့ နာကျင်နေရဦးမှာပါပဲ။ဒါကိုတွန်းထုတ်နေရုံနဲ့ မနာကျင်တော့ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။
၃)အမှားအယွင်းတစ်ခုခုလုပ်မိမှာကြောက်တဲ့စိတ်
ချစ်သူထားတော့မယ်လို့စဉ်းစားပြီးရင်တောင် သူနဲ့ချစ်သူတွေဖြစ်သွားတဲ့အခါ ငါအမှားတစ်ခုခုလုပ်မိသွားမလား၊င့ါအမှားကြောင့် ချစ်သူတွေအဖြစ်ကပြတ်စဲသွားမလားစသဖြင့် ရှေ့တောင်ဆက်မတိုးရသေးဘူး။ဒီလိုတွေကြိုတွေးပြီးကြောက်နေမယ်ဆိုရင် အချစ်စစ်ဆိုတာနဲ့တွေ့မှာမဟုတ်ပါဘူး။ဒီလိုအမှားတွေသင်ခန်းစာတွေသင်ယူရင်းကပဲ သင့်အတွက်မှန်ကန်တဲ့လက်တွဲဖော်ကိုတွေ့လာမှာပါ။
၄)ခံစားချက်တွေကိုအလိုလိုက်ရမှာကြောက်တဲ့စိတ်
သင့်မှာဘယ်လိုခံစားချက်တွေပဲရှိရှိ အဲ့ဒီခံစားချက်တွေကိုလိုုက်ဖို့ သင့်ကိုယ်သင်မချစ်ဘူး၊သင်လုပ်ချင်တဲ့ဆန္ဒနောက်ကိုမလိုက်ခိုင်းဘူး။သင့်ကိုယ့်သင်ချစ်တာထက် သင့်ခံစားချက်တွေကိုအလိုလိုက်တာထက် သင့်ကိုယ်သင်ထိန်းချုပ်ပစ်လိုက်ဖို့၊သင့်ခံစားချက်တွေကိုမသိကျိုးကျွန်လုပ်လိုက်ဖို့
စဉ်းစားလိုက်ပြီဆိုတာနဲ့ ဒါက စွဲလန်းမှုတစ်ခုလိုဖြစ်သွားပါလိမ့်မယ်။တစ်ယောက်ယောက်က “မင်းဝမ်းနည်းနေလား”မေးတာကို ဝမ်းနည်းနေရဲ့သားနဲ့ “ငါ့ခံစားချက်ကဘာလဲဆိုတာတောင်သေချာမသိဘူး”လို့ညာပြောလိုက်ပြီဆိုပါတော့။နောက်ဆိုရင် ဒီလိုမသိဘူး။ဘာမှမဖြစ်ဘူးဖြေရတာကိုပဲ
အကြိုက်တွေ့လာပါလိမ့်မယ်။ဒါက သင်တစ်ယောက်တည်းသက်ရောက်မှုရှိတာမဟုတ်ပါဘူး။တစ်ခြားသူတွေကပါ သင့်ကိုမေးရင်ဘာခံစားချက်မှမရှိသလိုဖြေတဲ့အတွက် နောက်ထပ်လည်းမေးမှာ မဟုတ်တော့သလို သင့်ခံစားချက်အမှန်ဆိုတာကိုလည်းသိတော့မှာမဟုတ်ပါဘူး။ဒါက သင့်ကို တစ်ခြားသူတွေက မမြင်ရသလို၊သင်ရှိတယ်လို့မထင်ရလောက်အောင်လုပ်လိုက်တာပါပဲ။
ဒီကြောက်လန့်စိတ်တွေကို ဘေးဖယ်ထုတ်ပြီး အချစ်စစ်ကိုရှာဖွေတွေ့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်
675 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.