Time ဇာတ်ကားမှာ အက်ရှင်ဇာတ်ဆောင်ပုံစံနဲ့မြင်တွေ့ရမယ့် Kim Jung Hyun

MBC ရဲ့ဒရာမာ ဇာတ်ကားသစ်ဖြစ်တဲ့ ”Time” မှာတော့ Kim Jung Hyun ဟာ ထိုးခန်း၊ ရိုက်ခန်းတွေနဲ့ အက်ရှင်မင်းသားပုံစံ သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Time ဟာ ချမ်းသာပြီး အသည်းနှလုံးအေးစက်တဲ့ Cheon Soo Ho (Kim Jung Hyun) ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ထားတာဖြစ်ပါတယ်။ အကောင်းမြင်တတ်ပြီး အမြဲတမ်းတက်ကြွစွာနဲ့ ကူညီပေးတတ်တဲ့ မိန်းကလေး Seol Ji Hyun နဲ့တွေ့ပြီးနောက်ပိုင်းမှာ သူ့ရဲ့ဘဝဟာ လုံးဝပြောင်းလဲသွားခဲ့တယ်။

မကြာသေးခင်က ထွက်ရှိခဲ့တဲ့ ဓာတ်ပုံတွေမှာ Kim Jung Hyun ရဲ့ တိုက်ခိုက်ခန်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ဝင်ခန်းကို ဇွန်လ (၁၂)ရက်နေ့က Incheon က ဟော်တယ်တစ်ခုမှာ
ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လ ၂၅ရက်နေ့ဆို Time ဇာတ်ကား ထွက်ရှိတော့မှာဖြစ်ပါတယ်။

https://www.youtube.com/watch?v=30lb4OInaUo

39 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.