လမ္းခြဲစကားကိုလြယ္လြယ္မဆိုပါနဲ႕…

ခ်စ္သူရည္းစား လင္မယားေတြျကားလမ္းခြဲစကားကိုလြယ္လြယ္မဆုိလုိက္ျကပါနဲ႕။ ေဒါသေတြအရမ္းပဲထြက္ေနထြက္ေန စိတ္ေတြပင္ပန္းပဲေနေန တဒဂၤခံစားခ်က္ေလးတစ္ခ်ိဳ႕ေျကာင္႔ လမ္းခြဲစကားကိုလြယ္လြယ္မဆိုလုိက္ပါနဲ႕။ေဒါသထြက္ရင္တစ္ျခားစကားေျပာပါ၊ စိတ္တိုရင္ တစ္ေနရာထြက္သြားလုိက္ပါ၊ စိတ္ရႈပ္ေနရင္ မ်က္နွာခ်င္းမဆိုင္ပဲ ခဏေရွာင္ေနလုိက္ပါ၊ အာရံုေနာက္ရင္စကားမေျပာပဲ ခဏတိတ္ဆိတ္ေနလို္က္ျကပါ။ သိပ္ကို နာက်င္ ခံစားသြားရေစမဲ႔လမ္းခြဲရေအာင္…လမ္းခြဲျကရေအာင္ ဆိုတဲ႔စကားမ်ိဳး လြယ္လြယ္မဆိုလိုက္မိပါေစနဲ႕။ ခ်စ္သူရည္းစားပဲျဖစ္ျဖစ္ လင္မယားျကားပဲျဖစ္ျဖစ္ တစ္ေယာက္နဲ႕တစ္ေယာက္မွာ မတူညီတဲ႔အခ်က္ေတြမတူညီတဲ႔မိသားစုေနထုိင္မႈပံုစံေတြရွိတတ္ျကတာပဲမလား။
ဒါေတြကို ဂရုမစိုက္ပဲ ခ်စ္ခဲ႔ျကျပီးျပီ လက္တြဲခဲ႔ျကျပီးျပီ ထားပါ…အခက္ခဲေတြကို တူတူမရင္ဆိုင္ဖူးျကေသးဘူးဆုိရင္ေတာင္ တစ္ေယာက္နဲ႕တစ္ေယာက္အခ်စ္ေတြတူလို႕ နားလည္မႈေတြနဲ႕လက္ရွိအခ်ိန္ထိခ်စ္ခဲ႔ျကျပီးျပီမဟုတ္ေလလား ။ ဘာမဟုတ္တဲ႔တဒဂၤစိတ္ေလးနဲ႕ေျပာလုိက္မိတဲ႔
လမ္းခြဲျကရေအာင္ဆိုတဲ႔စကားဟာ တကယ္ခြဲတာမခြဲတာ အပထား တစ္ျခားလူတစ္ေယာက္ရဲ႕စိတ္ကို သိပ္ျပီး ညိဳးငယ္ႏြမ္းလ်သြားနုိင္တယ္ဆိုတာသင္ကိုယ္ခ်င္းစာနုိ္င္ရင္ ေျပာေတာင္မထြက္သင္႔ပါဘူး။ သင္ေျပာလုိက္တဲ႔ လမ္းခြဲျကရေအာင္ဆိုတဲ႔စကားကို ျကားလုိက္ရတဲ႔သင္႔ခ်စ္ရသူ
စိတ္ထဲမွာ –
(၁) သူတုိ႕ဟာသင္႔အတြက္ ဘာဆုိဘာမွအသံုးမ၀င္လို႕စြန္႔ပစ္ခံရတယ္လုိ႕ခံစားသြားျကလိမ္႔မယ္
(၂) သူတို႕ေျကာင္႔သင္ဘယ္ေလာက္စိတ္ပင္ပန္းေနလုိက္မလဲဆိုတဲ႔သိမ္ငယ္တဲ႔အေတြးမ်ိဳး၀င္လာျပီးသူတုိ႕ကိုယ္သူတုိ႕မုန္းတီးလာလိမ္႔မယ္
(၃) သူတုိ႕အတြက္အေရးပါလွတဲ႔သင္႔ဆီက ဒီလိုစကားမ်ိဳးကိုျကားလိုက္ရတဲ႔အခါရင္ထုမနာခံစားရလိမ္႔မယ္
(၄) ငါဘာေတြလိုအပ္လို႕မ်ား ငါ႔ကိုလြယ္လြယ္နဲ႕စြန္႔ပစ္ရက္လဲဆိုတဲ႔အားငယ္စိတ္ေတြဖံုးလႊမ္းသြားမယ္
(၅) သင္႔ရဲ႕စိတ္လုိက္မာန္ပါေျပာလုိက္မိတဲ႔လမ္းခြဲစကားေျကာင္႔ သူတို႕ကိုထားသြားရက္သူျကီးဆိုျပီးသင္႔အေပၚေျကာက္စိတ္ေတြ၀င္သြားလိမ္႔မယ္။
ကိုယ္ခ်စ္တဲ႔သူတစ္ေယာက္ကို ဒီလုိနာက်င္တဲ႔ခံစားမႈမ်ိဳးခံစားရေစခ်င္တာလား၊ ဒါမွမဟုတ္တကယ္ပ်က္ခ်င္တာလား သင္႔ကိုသင္အရင္ဆံုးေတြးေတာစဥ္စားပါ။ သူမရွိလည္းသင္႔ဘ၀အဆင္ေျပတယ္ ၊ သူထြက္သြားမွသင္ပိုေပ်ာ္ရမွာေသခ်ာတယ္၊ သူနဲ႕သင္နဲ႕တကယ္ကိုေရွ႕ဆက္ဖို႕အဆင္မေျပဘူးလား သူကဘာေတြမွားလဲ သင္ကဘာေတြမွန္လဲ ေသခ်ာစဥ္းစားျပီးမွသာတစ္ဖက္လူကို လမ္းခြဲစကားဆုိသင္႔ပါတယ္။ သင္တို႕လြယ္လြယ္လမ္းခြဲစကားေျပာရက္တဲ႔သူကိုျပန္ျကည္႔႔ပါ…သူသင္႔အေပၚဘယ္ေလာက္ျမတ္နိုးခဲ႔သလဲ ဘယ္ေလာက္တန္ဖိုးထားခဲ႔သလဲ ျပန္စဥ္းစားပါ။ လူတစ္ေယာက္နဲ႕တစ္ေယာက္ခ်စ္ဖို႕လြယ္တယ္ ျကိုက္ဖို႕လြယ္တယ္ ဒါေပမဲ႔ စစ္မွန္လွတဲ႔ေမတၱာတရားနဲ႕ဒီအခ်စ္ေတြကိုသက္ဆံုးတုိင္ ယူေဆာင္သြားနုိင္ျခင္းဆုိတာ သိပ္ရွားပါးပါတယ္။ဆိုေတာ႔ကိုယ္တကယ္ျမတ္နိုးတယ္ ကိုယ္တကယ္လမ္းမခြဲနုိင္ပဲ ေဒါသေျကာင္႔ တဒဂၤစိတ္အေျခေနေျကာင္႔နဲ႕ေတာ႔တစ္ဖက္သားရဲ႕ စိတ္ကိုနာက်င္ခံစားရေအာင္မလုပ္ပဲ ျပႆနာတစ္ခုရွိသည္႔တုိင္ေသခ်ာစဥ္းစားျပီး
မွလမ္းခြဲစကားကိုဆုိပါ။ နွစ္ဦးနွစ္ဖက္အမွန္တကယ္ခ်စ္ျမတ္နုိးသူတုိင္းသက္ဆုးံတုိင္မခြဲမခြာလက္တြဲနိုင္ျကပါေစလုိ႕ဆုေတာင္းရင္း…

Unicode

ချစ်သူရည်းစား လင်မယားတွေကြားလမ်းခွဲစကားကိုလွယ်လွယ်မဆိုလိုက်ကြပါနဲ့။ ဒေါသတွေအရမ်းပဲထွက်နေထွက်နေ စိတ်တွေပင်ပန်းပဲနေနေ တဒင်္ဂခံစားချက်လေးတစ်ချို့ကြောင့် လမ်းခွဲစကားကိုလွယ်လွယ်မဆိုလိုက်ပါနဲ့။ဒေါသထွက်ရင်တစ်ခြားစကားပြောပါ၊ စိတ်တိုရင် တစ်နေရာထွက်သွားလိုက်ပါ၊ စိတ်ရှုပ်နေရင် မျက်နှာချင်းမဆိုင်ပဲ ခဏရှောင်နေလိုက်ပါ၊ အာရုံနောက်ရင်စကားမပြောပဲ ခဏတိတ်ဆိတ်နေလို်က်ကြပါ။ သိပ်ကို နာကျင် ခံစားသွားရစေမဲ့လမ်းခွဲရအောင်…လမ်းခွဲကြရအောင် ဆိုတဲ့စကားမျိုး လွယ်လွယ်မဆိုလိုက်မိပါစေနဲ့။ ချစ်သူရည်းစားပဲဖြစ်ဖြစ် လင်မယားကြားပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက်မှာ မတူညီတဲ့အချက်တွေမတူညီတဲ့မိသားစုနေထိုင်မှုပုံစံတွေရှိတတ်ကြတာပဲမလား။
ဒါတွေကို ဂရုမစိုက်ပဲ ချစ်ခဲ့ကြပြီးပြီ လက်တွဲခဲ့ကြပြီးပြီ ထားပါ…အခက်ခဲတွေကို တူတူမရင်ဆိုင်ဖူးကြသေးဘူးဆိုရင်တောင် တစ်ယောက်နဲ့တစ်ယောက်အချစ်တွေတူလို့ နားလည်မှုတွေနဲ့လက်ရှိအချိန်ထိချစ်ခဲ့ကြပြီးပြီမဟုတ်လေလား ။ ဘာမဟုတ်တဲ့တဒင်္ဂစိတ်လေးနဲ့ပြောလိုက်မိတဲ့
လမ်းခွဲကြရအောင်ဆိုတဲ့စကားဟာ တကယ်ခွဲတာမခွဲတာ အပထား တစ်ခြားလူတစ်ယောက်ရဲ့စိတ်ကို သိပ်ပြီး ညိုးငယ်နွမ်းလျသွားနိုင်တယ်ဆိုတာသင်ကိုယ်ချင်းစာနို်င်ရင် ပြောတောင်မထွက်သင့်ပါဘူး။ သင်ပြောလိုက်တဲ့ လမ်းခွဲကြရအောင်ဆိုတဲ့စကားကို ကြားလိုက်ရတဲ့သင့်ချစ်ရသူ
စိတ်ထဲမှာ –
(၁) သူတို့ဟာသင့်အတွက် ဘာဆိုဘာမှအသုံးမဝင်လို့စွန့်ပစ်ခံရတယ်လို့ခံစားသွားကြလိမ့်မယ်
(၂) သူတို့ကြောင့်သင်ဘယ်လောက်စိတ်ပင်ပန်းနေလိုက်မလဲဆိုတဲ့သိမ်ငယ်တဲ့အတွေးမျိုးဝင်လာပြီးသူတို့ကိုယ်သူတို့မုန်းတီးလာလိမ့်မယ်
(၃) သူတို့အတွက်အရေးပါလှတဲ့သင့်ဆီက ဒီလိုစကားမျိုးကိုကြားလိုက်ရတဲ့အခါရင်ထုမနာခံစားရလိမ့်မယ်
(၄) ငါဘာတွေလိုအပ်လို့များ ငါ့ကိုလွယ်လွယ်နဲ့စွန့်ပစ်ရက်လဲဆိုတဲ့အားငယ်စိတ်တွေဖုံးလွှမ်းသွားမယ်
(၅) သင့်ရဲ့စိတ်လိုက်မာန်ပါပြောလိုက်မိတဲ့လမ်းခွဲစကားကြောင့် သူတို့ကိုထားသွားရက်သူကြီးဆိုပြီးသင့်အပေါ်ကြောက်စိတ်တွေဝင်သွားလိမ့်မယ်။
ကိုယ်ချစ်တဲ့သူတစ်ယောက်ကို ဒီလိုနာကျင်တဲ့ခံစားမှုမျိုးခံစားရစေချင်တာလား၊ ဒါမှမဟုတ်တကယ်ပျက်ချင်တာလား သင့်ကိုသင်အရင်ဆုံးတွေးတောစဉ်စားပါ။ သူမရှိလည်းသင့်ဘဝအဆင်ပြေတယ် ၊ သူထွက်သွားမှသင်ပိုပျော်ရမှာသေချာတယ်၊ သူနဲ့သင်နဲ့တကယ်ကိုရှေ့ဆက်ဖို့အဆင်မပြေဘူးလား သူကဘာတွေမှားလဲ သင်ကဘာတွေမှန်လဲ သေချာစဉ်းစားပြီးမှသာတစ်ဖက်လူကို လမ်းခွဲစကားဆိုသင့်ပါတယ်။ သင်တို့လွယ်လွယ်လမ်းခွဲစကားပြောရက်တဲ့သူကိုပြန်ကြည့့်ပါ…သူသင့်အပေါ်ဘယ်လောက်မြတ်နိုးခဲ့သလဲ ဘယ်လောက်တန်ဖိုးထားခဲ့သလဲ ပြန်စဉ်းစားပါ။ လူတစ်ယောက်နဲ့တစ်ယောက်ချစ်ဖို့လွယ်တယ် ကြိုက်ဖို့လွယ်တယ် ဒါပေမဲ့ စစ်မှန်လှတဲ့မေတ္တာတရားနဲ့ဒီအချစ်တွေကိုသက်ဆုံးတိုင် ယူဆောင်သွားနိုင်ခြင်းဆိုတာ သိပ်ရှားပါးပါတယ်။ဆိုတော့ကိုယ်တကယ်မြတ်နိုးတယ် ကိုယ်တကယ်လမ်းမခွဲနိုင်ပဲ ဒေါသကြောင့် တဒင်္ဂစိတ်အခြေနေကြောင့်နဲ့တော့တစ်ဖက်သားရဲ့ စိတ်ကိုနာကျင်ခံစားရအောင်မလုပ်ပဲ ပြဿနာတစ်ခုရှိသည့်တိုင်သေချာစဉ်းစားပြီး
မှလမ်းခွဲစကားကိုဆိုပါ။ နှစ်ဦးနှစ်ဖက်အမှန်တကယ်ချစ်မြတ်နိုးသူတိုင်းသက်ဆုးံတိုင်မခွဲမခွာလက်တွဲနိုင်ကြပါစေလို့ဆုတောင်းရင်း…

1 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.