EXO-L ေတြ သူတုိ႔အုိင္ေဒါလ္အဖြဲ႔ကုိ အားေပးၾကမ္းခ်က္ကေတာ့ အံ့မခန္းပါပဲ …

သံသယျဖစ္စရာမလိုေလာက္ေအာင္ EXO အဖြဲ႔ရဲ႔ေအာင္ျမင္မႈက အၾကီးအက်ယ္ပါပဲ။ကုိရီးယားႏုိင္ငံရဲ ႔ထိပ္တန္းေကေပါ့ပ္အဖြဲ႔တစ္ခုျဖစ္ျပီး မိန္းကေလးပရိသတ္ေတြအသည္းစြဲအဖြဲ႔ဆိုလည္းမမွားပါဘူး။အခုလက္ရွိမွာေတာင္ ပရိသတ္ေတြရဲ ႔Voting အရ ကမာၻ႔ဖလားေဘာလံုးပိတ္ပြဲအခမ္းအနားမွာ EXO အဖြဲ႔က အပိတ္သီခ်င္းဆုိရမယ္လို႔ၾကားထားရပါတယ္။အပိတ္သီခ်င္းဆုိရသည္ျဖစ္ေစ၊မဆိုရသည္ျဖစ္ေစ EXO ကေတာ့ သူ႔ပရိသတ္နဲ႔သူရပ္တည္ေနတယ္ဆုိတာ ဒီအျဖစ္အပ်က္က သက္ေသျပေနပါေတာ့တယ္။ပိတ္ပြဲမွာသီခ်င္းဆုိရတာနဲ႔ပတ္သက္ျပီး EXO ဖန္နဲ႔ BTS ဖန္တို႔ War ျဖစ္ေနတဲ့အခ်ိန္ကာလမွာ ဒီသတင္းက EXO-L ေတြ အတြက္ေတာ့ ဂုဏ္ယူစရာသတင္းတစ္ပုဒ္လုိ႔ဆိုရမလားပဲ။

EXO အဖြဲ႔ေဖ်ာ္ေျဖပြဲလက္မွတ္ေရာင္းျပီဆုိ အြန္လိုင္းက စစ္ေျမျပင္တစ္ခုလိုပါပဲ၊ပရိသတ္ေတြကအလုအယက္၀ယ္ဖုိ႔ၾကိဳးစားၾကတာခ်ည္းပါ။မၾကာေသးခင္ကလည္း သူတို႔အဖြဲ႔ရဲ ႔World Tour အတြက္ လက္မွတ္ေရာင္းခ်ခဲ႔ရာမွ လူေပါင္း ၁.၁၅သန္းေက်ာ္က ၀က္ဘ္ဆုိက္ကေန လက္မွတ္ကုိအလုအယက္၀ယ္ယူဖုိ႔ၾကိဳးစားခဲ႔ၾကတယ္လို႔သိရပါတယ္။ဒါေတာင္လက္မွတ္စေရာင္းတာနဲ႔ခ်က္ခ်င္း ဒီေလာက္လူေတြအမ်ားၾကီး၀ယ္ဖုိ႔ၾကိဳးစားခဲ႔ၾကတာပါ။

ပရိသတ္ေတြကိုယ္တိုင္လည္းအံ႔ၾသတၾကီးျဖစ္ခဲ႔ရပါတယ္။ဒါက EXO အဖြဲ႔ဟာကုိရီးယားတင္မက တစ္ကမာၻလံုးအႏွံ႔မွာပါ ပရိသတ္ေတြသန္းနဲ႔ခ်ီရွိေနတာကုိျပသလိုက္တာပါပဲ။ လက္မွတ္၀ယ္ယူရရွိႏုိင္ခဲ႔တဲ႔ EXO-L ေတြကေတာ့ ဆုိးလ္မွာေဖ်ာ္ေျဖပြဲက်င္းပမယ္ ့EXO ကုိ မ်က္ျမင္ကုိယ္ေတြ႔အားေပးရေတာ့မွာပဲျဖစ္ပါတယ္။

Unicode

သံသယဖြစ်စရာမလိုလောက်အောင် EXO အဖွဲ့ရဲ့အောင်မြင်မှုက အကြီးအကျယ်ပါပဲ။ကိုရီးယားနိုင်ငံရဲ ့ထိပ်တန်းကေပေါ့ပ်အဖွဲ့တစ်ခုဖြစ်ပြီး မိန်းကလေးပရိသတ်တွေအသည်းစွဲအဖွဲ့ဆိုလည်းမမှားပါဘူး။အခုလက်ရှိမှာတောင် ပရိသတ်တွေရဲ ့Voting အရ ကမ္ဘာ့ဖလားဘောလုံးပိတ်ပွဲအခမ်းအနားမှာ EXO အဖွဲ့က အပိတ်သီချင်းဆိုရမယ်လို့ကြားထားရပါတယ်။အပိတ်သီချင်းဆိုရသည်ဖြစ်စေ၊မဆိုရသည်ဖြစ်စေ EXO ကတော့ သူ့ပရိသတ်နဲ့သူရပ်တည်နေတယ်ဆိုတာ ဒီအဖြစ်အပျက်က သက်သေပြနေပါတော့တယ်။ပိတ်ပွဲမှာသီချင်းဆိုရတာနဲ့ပတ်သက်ပြီး EXO ဖန်နဲ့ BTS ဖန်တို့ War ဖြစ်နေတဲ့အချိန်ကာလမှာ ဒီသတင်းက EXO-L တွေ အတွက်တော့ ဂုဏ်ယူစရာသတင်းတစ်ပုဒ်လို့ဆိုရမလားပဲ။

EXO အဖွဲ့ဖျော်ဖြေပွဲလက်မှတ်ရောင်းပြီဆို အွန်လိုင်းက စစ်မြေပြင်တစ်ခုလိုပါပဲ၊ပရိသတ်တွေကအလုအယက်ဝယ်ဖို့ကြိုးစားကြတာချည်းပါ။မကြာသေးခင်ကလည်း သူတို့အဖွဲ့ရဲ ့World Tour အတွက် လက်မှတ်ရောင်းချခဲ့ရာမှ လူပေါင်း ၁.၁၅သန်းကျော်က ဝက်ဘ်ဆိုက်ကနေ လက်မှတ်ကိုအလုအယက်ဝယ်ယူဖို့ကြိုးစားခဲ့ကြတယ်လို့သိရပါတယ်။ဒါတောင်လက်မှတ်စရောင်းတာနဲ့ချက်ချင်း ဒီလောက်လူတွေအများကြီးဝယ်ဖို့ကြိုးစားခဲ့ကြတာပါ။

ပရိသတ်တွေကိုယ်တိုင်လည်းအံ့သြတကြီးဖြစ်ခဲ့ရပါတယ်။ဒါက EXO အဖွဲ့ဟာကိုရီးယားတင်မက တစ်ကမ္ဘာလုံးအနှံ့မှာပါ ပရိသတ်တွေသန်းနဲ့ချီရှိနေတာကိုပြသလိုက်တာပါပဲ။ လက်မှတ်ဝယ်ယူရရှိနိုင်ခဲ့တဲ့ EXO-L တွေကတော့ ဆိုးလ်မှာဖျော်ဖြေပွဲကျင်းပမယ် ့EXO ကို မျက်မြင်ကိုယ်တွေ့အားပေးရတော့မှာပဲဖြစ်ပါတယ်။

216 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.