သူမ်ားဆီကအခ်စ္ေတြကိုမေတာင္းတခင္ ကိုယ္႔ကိုယ္ကိုယ္တန္ဖိုးထားခ်စ္တတ္ဖို႕အရင္ျကိုးစားေစလို

တစ္ျခားသူေတြဆီကတန္ဖိုးထားမႈကိုခံယူခ်င္ရင္အရင္ဆံုးကိုယ္႔ကိုယ္ကိုယ္တန္ဖိုးထားတတ္ေအာင္ျကိုးစာသင္႔တယ္ဆိုတာ လူတစ္ခ်ိဳ႕ကေမ႔ေလ်ာ႔ေနတတ္ျကပါတယ္။တစ္ခါတစ္ရံမွာ ကုိယ္႔အတြက္ခက္ခဲတဲ႔ခ်စ္ျခင္းေမတၱာေတြကိုယ္႔ကိုယ္တန္ဖိုးမထားခ်င္တဲ႔လူေတြျကားမွာ အတင္းလုိုက္ယူရင္းပင္ပန္းေနတတ္ျကပါတယ္။ တကယ္ေတာ႔ သူမ်ားရဲ႕တန္ဖိုးထားမႈသူမ်ားရဲ႕ခ်စ္ျခင္းေမတၱာေတြကိုခံယူခ်င္တယ္ဆိုရင္ေတာ႔ ဦးစြာ ကိုယ္႔ကိုယ္ကိုယ္တန္ဖိုးထားတတ္ေအာင္ခ်စ္တတ္ေအာင္လုပ္ဖုိ႕လုိပါလိမ္႔မယ္ …
(၁) ကိုယ္ပိုင္ဘ၀ရည္မွန္းခ်က္တစ္ခုရွိပါေစ
လူတိုင္းမွာကိုယ္ပိုင္ရည္မွန္းခ်က္ေတြစိတ္ကူးစိတ္သန္းေတြရွိသင္႔ပါတယ္။ ကိုယ္႔ရဲ႕ဘ၀ကိုဘယ္လုိေလ်ွာက္လွမ္းခ်င္တယ္ ဘယ္လိုပံုစံမ်ိဳးနဲ႕ျဖတ္သန္းခ်င္တယ္ဆိုတဲ႔ အေတြးနဲ႕ စစ္မွန္ျပီးမွန္ကန္တဲ႔
ရည္ရြယ္ခ်က္တစ္ခုထားရွိနုိင္ပါေစ။
(၂) လုပ္သမ်ွအလုပ္တုိင္းမွာ ရည္ရြယ္ခ်က္ဦးတည္ခ်က္ရွိပါေစ
ကိုယ္လုပ္သမ်ွအရာတိုင္းဟာသူမ်ားအတြက္ဘာပဲျဖစ္ေနျဖစ္ေနကိုယ္႔အတြက္ေတာ႔ ရည္ရြယ္ခ်က္ရွိရွိဦးတည္ခ်က္ရွိရွိ လုပ္တဲ႔အလုပ္တစ္ခုျဖစ္ပါေစ။လူတစ္ေယာက္ဟာ ဘာကိုလုပ္လုိ႕လုပ္မိမွန္းဘာကိုယံုျကည္ျပီးလုပ္ေနမွန္းမသိပဲရည္ရြယ္ခ်က္ကင္းမဲ႔စြာနဲ႕အရာရာကို လုပ္ေဆာင္လာတာျကာတဲ႔အခါ ကိုယ္႔ကိုယ္ကိုယ္ယံုျကည္မႈနည္းပါးလာျပီးစိတ္ဓာတ္က်ကာ အလိုလိုစိတ္အားငယ္တာမ်ိဳးေတြျဖစ္လာတတ္ပါတယ္။
(၃) တစ္ေယာက္တည္းလုပ္နို္င္သေလာက္လုပ္ပါ
ေတာ္ရံုတန္ရံုေနရာမွာ သူမ်ားကို အားမကိုးပဲလုပ္နုိင္သေလာက္လုပ္ျကည္႔ပါ။ တစ္စံုတစ္ေယာက္ရွိမွသင္႔ဘ၀အဆင္ေျပမယ္ဆုိတာ မ်ိဳးကို ဖယ္ထုတ္နုိင္ဖို႕ ဒီနည္းကအေကာင္းဆံုးပါပဲ။ ဒါေျကာင္႔
သူမ်ားကိုသိပ္အားမကိုးပဲ တစ္ေယာက္တည္းလုပ္လုိ႕အဆင္ေျပမယ္ထင္တဲ႔အရာေတြျကရင္တစ္ေယာက္တည္းလုပ္ျကည္႔ပါ။ ကိုယ္႔ရဲ႕အစြမ္းအစကိုလည္းပိုျပီးျမင္သာလာပါလိမ္႔မယ္။
(၄) ကိုယ္႔ကိုယ္ကိုယ္အနားေပးပါ
အလုပ္လုပ္ရမဲ႔အခ်ိန္မွာထိေရာက္ျပည္႔၀စြာ အလုပ္လုပ္ျပီးနားမဲ႔အခ်ိန္မွာအျပည္႔အ၀အနားယူပါ။ ဘယ္သူမွအနားမေပးရင္ေတာင္ကိုယ္႔က်န္းမာေရးနဲ႕ ကိုယ္႔ရဲ႕စိတ္ပိုင္းဆိုင္ရာအတြက္ လံုေလာက္တဲ႔အနားယူမႈမ်ိဳးကို ကိုယ္တုိင္ဖန္တီးေပးပါ။
(၅) ကိုယ္႔အတြက္ခ်ီးက်ဴးသံေတြကိုကိုယ္တုိင္ဖန္တီးပါ
ကိုယ္႔အတြက္ခ်ီးက်ဴးသံေတြကိုကိုယ္တုိင္ဖန္တီးေပးပါ။ ေန႔စဥ္ကိုယ္လုုပ္ေဆာင္တဲ႔လုပ္ငန္းေဆာင္တာေတြကို အနည္းအမ်ားရယ္ ထည္႔မထြက္ပဲ ငါလုပ္နိင္သားပဲငါေတာ္ေတယ္ငါတိုးတတ္လာျပီဆုိျပီး သူမ်ား ကခ်ီးက်ဴးစကားမဆုိရင္တာင္ကိုယ္႔အတြက္ကိုယ္ခ်ီးက်ဴးစကားဆုိရင္းေန႕ရက္တုိင္းကိုတတ္တတ္ျကြျကြနဲ႕ ရွင္သန္ေနထုိင္ပါ။
(၆) ကိုယ္႔ရဲ႕စိတ္ကို ဘယ္ေတာ႔မွမလိမ္ညာပါနဲ႕
ဒါကေတာ႔အဓိကအခ်က္ပါပဲ။ လူတစ္ေယာက္အတြက္အျပစ္အျကီးဆံုးဒုကၡအမ်ားဆံုး လိမ္ျခင္းဟာ ကိုယ္႔ကိုယ္ကိုယ္လိမ္ျခင္းပါပဲ။ လူတစ္ခ်ိဳ႕က အျဖစ္နုိင္မွန္းသိလ်က္နဲ႕ဆြဲထားျခင္းတဲ႔အရာမ်ိဳးေတြ မျဖစ္နုိင္မွန္းသိလ်က္နဲ႕ မခြဲခြာ ေနာက္မဆုတ္ခ်င္တဲ႔အရာမ်ိဳးေတြေျကာင္႔ ကိုယ္႔စိတ္ကို ပါ ကိုယ္ျပန္လိမ္တတ္ျကပါတယ္။ ဒီလိုကိုယ္တကယ္ျကိုက္တဲ႔အရာေတြ ကိုယ္တကယ္လုိခ်င္တဲ႔အရာေတြကိုဖံုးကြယ္ထားျပီး မလိုခ်င္ဟန္ေဆာင္ရင္းကိုယ္႔ရဲ႕ပံုုစံအမွန္ကို ဖြက္ထားရင္း ေနရတာဟာ သိပ္ကိုပင္ပန္းလွတာမလို႕ ဘယ္သူျကိုက္ျကို္က္မျကိုက္ျကိုက္စိတ္မ၀င္စားပဲကိုယ္႔ပံုစံကိုယ္႔အျကိုက္တုိင္းပဲ ကိုယ္ရွင္သန္ပါ။

ဒီလုိကိုယ္႔ကိုယ္ကိုယ္ခ်စ္တတ္တန္ဖိုးထားတတ္လာတဲ႔လူတစ္ေယာက္ဟာ တစ္ျခားသူတစ္ေယာက္ဆီက ေမတၱာေတြတန္ဖိုးထားမႈေတြကို အခ်ိန္ကုန္ခံျပီးဘယ္အခ်ိန္ေပးမလဲ ေမ်ွာ္လင္႔ေနေတာ႔မွာ မဟုတ္ပါဘူး။ဘာေျကာင္႔လဲဆိုေတာ႔ ဒီလုိကိုယ္႔တန္ဖိုးကိုယ္သိတဲ႔သူအနားမွာ မင္းတန္ဖုိုးကိုနားလည္လာတဲ႔လူတစ္ခ်ိဳ႕ရွိေနျပီးသားျဖစ္ေနတတ္ပါတယ္။ဒါေျကာင္႔သူမ်ားဆီက ေမတၱာေတြတန္ဖိုးထားမႈေတြကို ျကိုးစားရယူေနမဲ႔အစားကိုယ္႔ကိုယ္ကိုယ္တန္ဖိုးထားတတ္ေအာင္ေနရင္း အလုိလုိျဖစ္လာမဲ႔ လူတစ္ခ်ိဳ႕ရဲ႕တန္ဖုိးထားမႈကိုအဆင္သင္႔ေလးရယူနုိုင္ပါေစ….

Unicode

တစ်ခြားသူတွေဆီကတန်ဖိုးထားမှုကိုခံယူချင်ရင်အရင်ဆုံးကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်အောင်ကြိုးစာသင့်တယ်ဆိုတာ လူတစ်ချို့ကမေ့လျော့နေတတ်ကြပါတယ်။တစ်ခါတစ်ရံမှာ ကိုယ့်အတွက်ခက်ခဲတဲ့ချစ်ခြင်းမေတ္တာတွေကိုယ့်ကိုယ်တန်ဖိုးမထားချင်တဲ့လူတွေကြားမှာ အတင်းလိုုက်ယူရင်းပင်ပန်းနေတတ်ကြပါတယ်။ တကယ်တော့ သူများရဲ့တန်ဖိုးထားမှုသူများရဲ့ချစ်ခြင်းမေတ္တာတွေကိုခံယူချင်တယ်ဆိုရင်တော့ ဦးစွာ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်အောင်ချစ်တတ်အောင်လုပ်ဖို့လိုပါလိမ့်မယ် …
(၁) ကိုယ်ပိုင်ဘဝရည်မှန်းချက်တစ်ခုရှိပါစေ
လူတိုင်းမှာကိုယ်ပိုင်ရည်မှန်းချက်တွေစိတ်ကူးစိတ်သန်းတွေရှိသင့်ပါတယ်။ ကိုယ့်ရဲ့ဘဝကိုဘယ်လိုလျှောက်လှမ်းချင်တယ် ဘယ်လိုပုံစံမျိုးနဲ့ဖြတ်သန်းချင်တယ်ဆိုတဲ့ အတွေးနဲ့ စစ်မှန်ပြီးမှန်ကန်တဲ့
ရည်ရွယ်ချက်တစ်ခုထားရှိနိုင်ပါစေ။
(၂) လုပ်သမျှအလုပ်တိုင်းမှာ ရည်ရွယ်ချက်ဦးတည်ချက်ရှိပါစေ
ကိုယ်လုပ်သမျှအရာတိုင်းဟာသူများအတွက်ဘာပဲဖြစ်နေဖြစ်နေကိုယ့်အတွက်တော့ ရည်ရွယ်ချက်ရှိရှိဦးတည်ချက်ရှိရှိ လုပ်တဲ့အလုပ်တစ်ခုဖြစ်ပါစေ။လူတစ်ယောက်ဟာ ဘာကိုလုပ်လို့လုပ်မိမှန်းဘာကိုယုံကြည်ပြီးလုပ်နေမှန်းမသိပဲရည်ရွယ်ချက်ကင်းမဲ့စွာနဲ့အရာရာကို လုပ်ဆောင်လာတာကြာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းပါးလာပြီးစိတ်ဓာတ်ကျကာ အလိုလိုစိတ်အားငယ်တာမျိုးတွေဖြစ်လာတတ်ပါတယ်။
(၃) တစ်ယောက်တည်းလုပ်နို်င်သလောက်လုပ်ပါ
တော်ရုံတန်ရုံနေရာမှာ သူများကို အားမကိုးပဲလုပ်နိုင်သလောက်လုပ်ကြည့်ပါ။ တစ်စုံတစ်ယောက်ရှိမှသင့်ဘဝအဆင်ပြေမယ်ဆိုတာ မျိုးကို ဖယ်ထုတ်နိုင်ဖို့ ဒီနည်းကအကောင်းဆုံးပါပဲ။ ဒါကြောင့်
သူများကိုသိပ်အားမကိုးပဲ တစ်ယောက်တည်းလုပ်လို့အဆင်ပြေမယ်ထင်တဲ့အရာတွေကြရင်တစ်ယောက်တည်းလုပ်ကြည့်ပါ။ ကိုယ့်ရဲ့အစွမ်းအစကိုလည်းပိုပြီးမြင်သာလာပါလိမ့်မယ်။
(၄) ကိုယ့်ကိုယ်ကိုယ်အနားပေးပါ
အလုပ်လုပ်ရမဲ့အချိန်မှာထိရောက်ပြည့်ဝစွာ အလုပ်လုပ်ပြီးနားမဲ့အချိန်မှာအပြည့်အဝအနားယူပါ။ ဘယ်သူမှအနားမပေးရင်တောင်ကိုယ့်ကျန်းမာရေးနဲ့ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအတွက် လုံလောက်တဲ့အနားယူမှုမျိုးကို ကိုယ်တိုင်ဖန်တီးပေးပါ။
(၅) ကိုယ့်အတွက်ချီးကျူးသံတွေကိုကိုယ်တိုင်ဖန်တီးပါ
ကိုယ့်အတွက်ချီးကျူးသံတွေကိုကိုယ်တိုင်ဖန်တီးပေးပါ။ နေ့စဉ်ကိုယ်လုုပ်ဆောင်တဲ့လုပ်ငန်းဆောင်တာတွေကို အနည်းအများရယ် ထည့်မထွက်ပဲ ငါလုပ်နိင်သားပဲငါတော်တေယ်ငါတိုးတတ်လာပြီဆိုပြီး သူများ ကချီးကျူးစကားမဆိုရင်တာင်ကိုယ့်အတွက်ကိုယ်ချီးကျူးစကားဆိုရင်းနေ့ရက်တိုင်းကိုတတ်တတ်ကြွကြွနဲ့ ရှင်သန်နေထိုင်ပါ။
(၆) ကိုယ့်ရဲ့စိတ်ကို ဘယ်တော့မှမလိမ်ညာပါနဲ့
ဒါကတော့အဓိကအချက်ပါပဲ။ လူတစ်ယောက်အတွက်အပြစ်အကြီးဆုံးဒုက္ခအများဆုံး လိမ်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ်လိမ်ခြင်းပါပဲ။ လူတစ်ချို့က အဖြစ်နိုင်မှန်းသိလျက်နဲ့ဆွဲထားခြင်းတဲ့အရာမျိုးတွေ မဖြစ်နိုင်မှန်းသိလျက်နဲ့ မခွဲခွာ နောက်မဆုတ်ချင်တဲ့အရာမျိုးတွေကြောင့် ကိုယ့်စိတ်ကို ပါ ကိုယ်ပြန်လိမ်တတ်ကြပါတယ်။ ဒီလိုကိုယ်တကယ်ကြိုက်တဲ့အရာတွေ ကိုယ်တကယ်လိုချင်တဲ့အရာတွေကိုဖုံးကွယ်ထားပြီး မလိုချင်ဟန်ဆောင်ရင်းကိုယ့်ရဲ့ပုုံစံအမှန်ကို ဖွက်ထားရင်း နေရတာဟာ သိပ်ကိုပင်ပန်းလှတာမလို့ ဘယ်သူကြိုက်ကြို်က်မကြိုက်ကြိုက်စိတ်မဝင်စားပဲကိုယ့်ပုံစံကိုယ့်အကြိုက်တိုင်းပဲ ကိုယ်ရှင်သန်ပါ။

ဒီလိုကိုယ့်ကိုယ်ကိုယ်ချစ်တတ်တန်ဖိုးထားတတ်လာတဲ့လူတစ်ယောက်ဟာ တစ်ခြားသူတစ်ယောက်ဆီက မေတ္တာတွေတန်ဖိုးထားမှုတွေကို အချိန်ကုန်ခံပြီးဘယ်အချိန်ပေးမလဲ မျှော်လင့်နေတော့မှာ မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ ဒီလိုကိုယ့်တန်ဖိုးကိုယ်သိတဲ့သူအနားမှာ မင်းတန်ဖိုုးကိုနားလည်လာတဲ့လူတစ်ချို့ရှိနေပြီးသားဖြစ်နေတတ်ပါတယ်။ဒါကြောင့်သူများဆီက မေတ္တာတွေတန်ဖိုးထားမှုတွေကို ကြိုးစားရယူနေမဲ့အစားကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်အောင်နေရင်း အလိုလိုဖြစ်လာမဲ့ လူတစ်ချို့ရဲ့တန်ဖိုးထားမှုကိုအဆင်သင့်လေးရယူနိုုင်ပါစေ….

363 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.