Legend of blue Sea ရိုက္ကူးခဲ႔တဲ႔ ဘာစီလုိနာျမိဳ႔ေလးမွာ ဒီလုိထူးျခားခ်က္ေတြရွိသတဲ႔…

Legend of blue Sea ကုိရီးယားဇာတ္ကားရဲ ႔ဇာတ္၀င္ခန္းတစ္ခ်ိဳ႔ကုိစပိန္ႏုိင္ငံ၊ဘာစီလုိနာျမိဳ႔ေလမွာသြားေရာက္ရုိက္ကူးခဲ႔တာပရိသတ္ေတြလည္းသတိထားမိမွာပါ။ရႈခင္းေတြကလွပလြန္းလို႔သြားခ်င္မိတယ္လို႔ေတာင္ေရရြတ္ဖူးမယ္ထင္ပါတယ္။ကုိုယ္တိုင္လည္းဘာစီလုိနာရဲ ႔ဆြဲေဆာင္မႈကုိမရုန္းထြက္ႏုိင္လို႔ ဘာစီလုိနာျမိဳ႔ေလးအေၾကာင္း စပ္စုၾကည့္တဲ႔အခါမွာ ဒီလုိထူးျခားခ်က္ေလးေတြကုိေတြ႔လာရပါတယ္။အတူတူဖတ္ၾကည့္လိုက္ရေအာင္

ဘာစီလုိနာရဲ ႔ထံုးစံကေတာ့ တစ္ေယာက္ေယာက္နဲ႔ေတြ႔လို႔ႏႈတ္ဆက္တဲ႔အခါ ပါးကုိနမ္းေလ့ရွိပါတယ္။တကယ္နမး္တာေတာ့မဟုတ္ပါဘူး။တကယ္လို႔ သင့္ရဲ ႔သူငယ္ခ်င္းတစ္ေယာက္၊ဒါမွမဟုတ္ မိတ္ေဆြအသစ္နဲ႔ေတြ႔တဲ႔အခါ ဟယ္လိုလုိ႔ႏႈတ္ဆက္ရင္းပါးခ်င္းကပ္ကာ kiss ေပးတဲ႔အသံမ်ိဳးထြက္တာပါတဲ႔။တစ္ခ်ိဳ႔ႏုိင္ငံေတြမွာ ဖက္ျပီးႏႈတ္ဆက္ၾကသလိုေပါ့။ဘာစီလုိနာမွာေတာ့ Cheek kissing လုပ္ၾကပါတယ္။

၂)ဘယ္ေနရာျဖစ္ျဖစ္ စက္ဘီးစီးျပီးသြားႏုိင္ပါတယ္
ဘာစီလုိနာမွာေတာ့ စက္ဘီးစီးတဲ႔ကတ္ေလးလုပ္ထားရင္ ဘယ္ေနရာကုိပဲျဖစ္ျဖစ္ စက္ဘီးစီးျပီးသြားလို႔ရပါတယ္။ေငြကုန္ေၾကးက်လည္းသက္သာတဲ႔အျပင္ရႈခင္းေတြကုိလည္းေကာင္းေကာင္းၾကည့္ႏုိင္တာေပါ့။စက္ဘီးမ၀င္ရဆုိတဲ႔ေနရာမ်ိဳးမရွိတာသိပ္ေကာင္းတာပါပဲ။လီမင္ဟုိဇာတ္ကားထဲမွာစက္ဘီးစီးျပီးထြက္ေျပးၾကတဲ႔ဇာတ္၀င္ခန္းကုိေတာင္ သြားသတိရမိ <3

၃)အခ်ိန္ဇယားကုိေက်ာ္ျပီး စားဖုိ႔ဆုိတာ စဥ္းေတာင္မစဥ္းစားပါန႔ဲ

ဘာလဲေပါ့။စပိန္လူမ်ိဳးေတြက အစားအေသာက္နဲ႔ပတ္သက္ျပီး နည္းနည္းေတာ့ Serious ျဖစ္တယ္ဆုိရမလားပဲ။ေန႔တိုင္းကုိ တူညီတဲ႔အခ်ိန္မွာပဲစားေလ့ရွိတယ္တဲ႔။ကုိယ္ေတြလို ၁၁ခြဲစားလုိက္၊၁၂မွစားလိုက္လုပ္တာမ်ိဳးမရွိပါဘူး။ဒီေန႔ ၁၂ဆုိ မနက္ျဖန္လည္း ၁၂ပဲ ။ေနာက္တစ္ေန႔လည္း ၁၂မွပဲစားပါတယ္။အဲ႔ဒီမွာ သူတို႔ရဲ ႔ေန႔လည္စာကုိ ေန႔ခင္း ၂နာရီကေန ၄နာရီအတြင္းစားေလ့ရွိျပီး အဲ႔ဒီအခ်ိန္ဆို ေန႔လည္စာေရာင္းခ်တ႔ဲဆုိင္ေလးေတြလည္း ပိတ္ထားေလ့ရွိပါတယ္။သူတို႔ရဲ႔အခ်ိန္ဇယား အတိုင္းမစားမိဘူးဆုိရင္ေတာ့ ဒီလုိထံုးတမ္းစဥ္လာနဲ႔ ဗုိက္ဆာဆာေလာင္ေလာင္ေနရေတာ့မွာပါေနာ္။စားေသာက္ဆုိင္ေတြဆုိလည္း ေန႔လည္စာစားျပီးခ်ိန္ဆိုပိတ္ထားေလ့ရွိျပီး ညစာစားမယ့္အခ်ိန္က်မွျပန္ဖြင့္တာပါတဲ႔။

၅)စားေသာက္ဆုိင္ေတြမွာ tip money ထားခဲ႔ေလ့မရွိဘူး

Related image

တစ္ခ်ိဳ႔ေတြကစားေသာက္ဆုိင္မွာစားေသာက္ျပီးတဲ႔အခါ ၀န္ထမ္းေတြအတြက္ေဘာက္ဆူးေငြေပးေလ့ရွိေပမဲ႔ စပိန္လူမ်ိဳးေတြကေတာ့ေဘာက္ဆူးေပးတာမ်ိဳးရွားပါတယ္။သူတို႔ရဲ႔၀န္ေဆာင္မႈနဲ႔အစားအေသာက္ကုိအရမး္သေဘာက်တယ္ဆုိရင္ေတာ့ ေပးခ်င္ေပးလုိ႔ရပါတယ္။ဒါေပမဲ႔ မျဖစ္မေန ေဘာက္ဆူးေပးဖုိ႔မလိုပါဘူးတဲ႔။

၆)ေနာက္က်မွဆုိင္ဖြင့္ျပီး တနဂၤေႏြေန႔လည္း ဆုိင္တိုင္းပိတ္ပါတယ္
ဘာစီလုိနာေရာက္ျပီးလက္ေဆာင္ပစၥည္းေတြဘာေတြ၀ယ္ခ်င္ရင္ တနဂၤေႏြေန႔မွလို႔မစဥ္းစားနဲ႔ေနာ္။တစ္ဆုိင္မွဖြင့္မွာမဟုတ္ပါဘူး။တနလၤာကေန စေနေန႔ထိ၁၀နာရီေလာက္မွ ဖြင့္ေလ့ရွိသလုိ တနဂၤေႏြဆုိလည္း ပိတ္ေလ့ရွိပါတယ္။စားေသာက္ဆုိင္ေတြဆိုလည္း ၄နာရီကေန ၈နာရီအထိပိတ္ထားေလ့ရွိပါတယ္။

၇)ဘာစီလုိနာရဲ ႔ကမ္းေျခေတြက လူေတြဖန္တီးထားတာပါ

Image result for artificial beaches of barcelona

၀ိုးးေပါ့။ရုပ္ရွင္ထဲမွာဆုိ ဘာစီလုိနာရဲ ႔ပင္လယ္ကမ္းေျခဘယ္ေလာက္ထိလွလဲဆုိတာေတြ႔မွာပါ။ကုိယ္ေတြကသဘာ၀အတုိင္းျဖစ္ေနတာလို႔ထင္ခဲ႔ေပမဲ႔ တကယ္ေတာ့ လူေတြဖန္တီးထားတာပါတဲ႔။ေတာ္ခ်က္ပဲ ။တကယ့္သဘာ၀အတိုင္းျဖစ္ေနတဲ႔ကမ္းေျခလိုုပဲ မ်က္စိတစ္ဆံုးလွပေအာင္ဖန္တီးထားတာပဲ။

Unicode

Legend of blue Sea ကိုရီးယားဇာတ်ကားရဲ ့ဇာတ်ဝင်ခန်းတစ်ချို့ကိုစပိန်နိုင်ငံ၊ဘာစီလိုနာမြို့လေးမှာသွားရောက်ရိုက်ကူးခဲ့တာပရိသတ်တွေလည်းသတိထားမိမှာပါ။ရှုခင်းတွေကလှပလွန်းလို့သွားချင်မိတယ်လို့တောင်ရေရွတ်ဖူးမယ်ထင်ပါတယ်။ကိုုယ်တိုင်လည်းဘာစီလိုနာရဲ ့ဆွဲဆောင်မှုကိုမရုန်း
ထွက်နိုင်လို့ ဘာစီလိုနာမြို့လေးအကြောင်း စပ်စုကြည့်တဲ့အခါမှာ ဒီလိုထူးခြားချက်လေးတွေကိုတွေ့လာရပါတယ်။အတူတူဖတ်ကြည့်လိုက်ရအောင်

၁)Cheek Kissing
ဘာစီလိုနာရဲ ့ထုံးစံကတော့ တစ်ယောက်ယောက်နဲ့တွေ့လို့နှုတ်ဆက်တဲ့အခါ ပါးကိုနမ်းလေ့ရှိပါတယ်။တကယ်နမး်တာတော့မဟုတ်ပါဘူး။တကယ်လို့ သင့်ရဲ ့သူငယ်ချင်းတစ်ယောက်၊ဒါမှမဟုတ် မိတ်ဆွေအသစ်နဲ့တွေ့တဲ့အခါ ဟယ်လိုလို့နှုတ်ဆက်ရင်းပါးချင်းကပ်ကာ kiss ပေးတဲ့အသံမျိုးထွက်တာပါတဲ့။တစ်ချို့နိုင်ငံတွေမှာ ဖက်ပြီးနှုတ်ဆက်ကြသလိုပေါ့။ဘာစီလိုနာမှာတော့ Cheek kissing လုပ်ကြပါတယ်။

၂)ဘယ်နေရာဖြစ်ဖြစ် စက်ဘီးစီးပြီးသွားနိုင်ပါတယ်
ဘာစီလိုနာမှာတော့ စက်ဘီးစီးတဲ့ကတ်လေးလုပ်ထားရင် ဘယ်နေရာကိုပဲဖြစ်ဖြစ် စက်ဘီးစီးပြီးသွားလို့ရပါတယ်။ငွေကုန်ကြေးကျလည်းသက်သာတဲ့အပြင်ရှုခင်းတွေကိုလည်းကောင်းကောင်းကြည့်နိုင်တာပေါ့။စက်ဘီးမဝင်ရဆိုတဲ့နေရာမျိုးမရှိတာသိပ်ကောင်းတာပါပဲ။လီမင်ဟိုဇာတ်ကားထဲမှာစက်ဘီးစီးပြီးထွက်ပြေးကြတဲ့ဇာတ်ဝင်ခန်းကိုတောင် သွားသတိရမိ <3

၃)အချိန်ဇယားကိုကျော်ပြီး စားဖို့ဆိုတာ စဉ်းတောင်မစဉ်းစားပါနဲ့
ဘာလဲပေါ့။စပိန်လူမျိုးတွေက အစားအသောက်နဲ့ပတ်သက်ပြီး နည်းနည်းတော့ Serious ဖြစ်တယ်ဆိုရမလားပဲ။နေ့တိုင်းကို တူညီတဲ့အချိန်မှာပဲစားလေ့ရှိတယ်တဲ့။ကိုယ်တွေလို ၁၁ခွဲစားလိုက်၊၁၂မှစားလိုက်လုပ်တာမျိုးမရှိပါဘူး။ဒီနေ့ ၁၂ဆို မနက်ဖြန်လည်း ၁၂ပဲ ။နောက်တစ်နေ့လည်း ၁၂မှပဲစားပါတယ်။အဲ့ဒီမှာ သူတို့ရဲ ့နေ့လည်စာကို နေ့ခင်း ၂နာရီကနေ ၄နာရီအတွင်းစားလေ့ရှိပြီး အဲ့ဒီအချိန်ဆို နေ့လည်စာရောင်းချတဲ့ဆိုင်လေးတွေလည်း ပိတ်ထားလေ့ရှိပါတယ်။သူတို့ရဲ့အချိန်ဇယား အတိုင်းမစားမိဘူးဆိုရင်တော့ ဒီလိုထုံးတမ်းစဉ်လာနဲ့ ဗိုက်ဆာဆာလောင်လောင်နေရတော့မှာပါနော်။စားသောက်ဆိုင်တွေဆိုလည်း နေ့လည်စာစားပြီးချိန်ဆိုပိတ်ထားလေ့ရှိပြီး ညစာစားမယ့်အချိန်ကျမှပြန်ဖွင့်တာပါတဲ့။

၅)စားသောက်ဆိုင်တွေမှာ tip money ထားခဲ့လေ့မရှိဘူး
တစ်ချို့တွေကစားသောက်ဆိုင်မှာစားသောက်ပြီးတဲ့အခါ ဝန်ထမ်းတွေအတွက်ဘောက်ဆူးငွေပေးလေ့ရှိပေမဲ့ စပိန်လူမျိုးတွေကတော့ဘောက်ဆူးပေးတာမျိုးရှားပါတယ်။သူတို့ရဲ့ဝန်ဆောင်မှုနဲ့အစားအသောက်ကိုအရမး်သဘောကျတယ်ဆိုရင်တော့ ပေးချင်ပေးလို့ရပါတယ်။ဒါပေမဲ့ မဖြစ်မနေ ဘောက်ဆူးပေးဖို့မလိုပါဘူးတဲ့။

၆)နောက်ကျမှဆိုင်ဖွင့်ပြီး တနင်္ဂနွေနေ့လည်း ဆိုင်တိုင်းပိတ်ပါတယ်
ဘာစီလိုနာရောက်ပြီးလက်ဆောင်ပစ္စည်းတွေဘာတွေဝယ်ချင်ရင် တနင်္ဂနွေနေ့မှလို့မစဉ်းစားနဲ့နော်။တစ်ဆိုင်မှဖွင့်မှာမဟုတ်ပါဘူး။တနင်္လာကနေ စနေနေ့ထိ၁ဝနာရီလောက်မှ ဖွင့်လေ့ရှိသလို တနင်္ဂနွေဆိုလည်း ပိတ်လေ့ရှိပါတယ်။စားသောက်ဆိုင်တွေဆိုလည်း ၄နာရီကနေ ၈နာရီအထိပိတ်ထားလေ့ရှိပါတယ်။

၇)ဘာစီလိုနာရဲ ့ကမ်းခြေတွေက လူတွေဖန်တီးထားတာပါ
၀ိုးးပေါ့။ရုပ်ရှင်ထဲမှာဆို ဘာစီလိုနာရဲ ့ပင်လယ်ကမ်းခြေဘယ်လောက်ထိလှလဲဆိုတာတွေ့မှာပါ။ကိုယ်တွေကသဘာဝအတိုင်းဖြစ်နေတာလို့ထင်ခဲ့ပေမဲ့ တကယ်တော့ လူတွေဖန်တီးထားတာပါတဲ့။တော်ချက်ပဲ ။တကယ့်သဘာဝအတိုင်းဖြစ်နေတဲ့ကမ်းခြေလိုုပဲ မျက်စိတစ်ဆုံးလှပအောင်ဖန်တီးထားတာပဲ။

0 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.