ဘ၀ရဲ့အဆိုးရွားဆုံးနေ့ရက်တွေအကြောင်းပြောပြလာတဲ့ Muniba Mazari

ပါကစ္စတန်နိုင်ငံရဲ့ အနုပညာရှင် ၊ မော်ဒယ် ၊ အဆိုတော် ၊ အစီစဉ်တင်ဆက်သူနဲ့ Motivational  speaker တစ်ယောက်ဖြစ်တဲ့ Muniba Mazari က သူမဘဝရဲ့အခက်ခဲဆုံးချိန်တွေကို ပြောပြသွားပါတယ်။ သူမဘဝရဲ့အစက ဘယ်လိုမျိုးလဲ…

သူမ အသက် ၁၈နှစ်မှာ ပါကစ္စတန် မိသားစုတွေရဲ့ရှေးရိုးစွဲအယူအတိုင်း အိမ်ထောင်ပြုခဲ့ရပါတယ်။
သူမ ဆန္ဒ ၊ ပျော်ရွှင်မှုတွေမပါပဲ မိဘတွေ စိတ်ချမ်းသာဖို့ကြည့်ပြီး လက်ထပ်ဖို့လက်ခံခဲ့တယ်။ သမီးကောင်းမှန်ရင် မိဘတွေရဲ့စကားကို မလွန်ဆန်ရဘူးဆိုတဲ့ သတ်မှတ်ချက်ဘောင်အတိုင်း ကျင့်သုံးခဲ့ရာက တကယ့်လက်တွေ့မှာ သူမအိမ်ထောင်ရေးက ထင်သလောက်မသာယာခဲ့ဘူး။

Image result for Muniba Mazari

လက်ထပ်ပြီး (၂)နှစ်ကြာတော့ ယာဉ်မတော်တဆမှုဖြစ်ခဲ့တယ်။ သူမယောက်ျားကားမောင်းရင်း
အိပ်ပျော်သွားလို့ ကားကချောက်ထဲကျသွားတာပါ။ အဲ့လိုဖြစ်တဲ့ချိန်မှာ သူမကိုကားထဲထားခဲ့ပြီး သူ့ဘာသူ ကားထဲက ခုန်ထွက်ခဲ့တယ်တဲ့။

ကားထဲကျန်ခဲ့တဲ့ သူမအတွက် မကြာမီအချိန်အတွင်း ကယ်ဆယ်ရေးတွေ ရောက်လာခဲ့တယ်။ သူမ ဒဏ်ရာတွေတော်တော်ဆိုးတယ်။ ညာဘက် တံတောင်ရိုးအက်သွားတယ်။ လက်ကောက်ဝတ်နဲ့နံရိုးတွေ ကျိုးအက်ကုန်တယ်။ ဘဝကို အကြီးမားဆုံးပြောင်းလဲစေခဲ့တဲ့ ဒဏ်ရာကတော့ ကြောရိုးပါ။ ကားထဲက ဆွဲထုတ်ချိန်မှာ ကြောရိုးလွဲသွားခဲ့တာပါ။

Related image

ဆေးရုံမှ ၂လခွဲလောက်နေလိုက်ရတယ်။ ဆရာဝန်ကပြောတယ်။ သူမ ပန်းချီဆက်ဆွဲနိုင်မှာမဟုတ်
ဘူး။ နောက်တစ်နေ့မှာ ကျောရိုးတော်တော်ဆိုးနေတယ် လမ်းလျှောက်နိုင်မှာမဟုတ်ဘူးလို့ သူမကို ထပ်ပြောပြန်တယ်။ ဒီအထိတော့ သူမသည်းခံပြီး ရပါတယ်လို့ ပြန်ပြောခဲ့တယ်။ နောက်ဆုံးတစ်ခေါက် ဆရာဝန်လာပြောတဲ့ စကားကိုတော့ သူမအကြီးကျယ် စိတ်ထိခိုက်ခဲ့ရတယ်။ ကျောရိုး ဒဏ်ရာကြောင့် ကျောသေသွားတဲ့အတွက် ကလေးမွေးနိုင်မှာ မဟုတ်တော့ဘူးတဲ့။

အသက်ရှင်နေရတာ သူမအတွက် အဓိပ္ပာယ်မရှိတော့သလိုပဲ။ လက်တွေ ကောင်းကောင်းလှုပ်
ရှားလို့မရပေမယ့် ဆေးရုံ နံရံဖြူကြီးတွေကြည့်ရတာ သူမစိတ်ကို ပိုပင်ပန်းစေတယ်။ ပန်းချီဆွဲချင်လို့ ဆေးရောင်တွေယူလာဖို့ မိသားစုဝင်တွေကို မှာတယ်။ သူမရဲ့စိတ်ဒဏ်ရာတွေကိုပန်းချီက အကောင်းဆုံး ကုသပေးခဲ့ပါတယ်။ နာကျင်တာတွေကို စကားလုံးတွေနဲ့ မဖော်ပြတော့ပဲပိတ်ကားဖြူပေါ်မှာ ရေးဆွဲလိုက်တယ်။

တကယ်လည်း သူမပန်းချီတွေဟာ အရောင်တွေစိုပြီး လှပခဲ့ပါတယ်။ ပန်းချီကားထဲကနာကျင်မှုတွေ
ကိုတော့ သူမကလွဲပြီး ဘယ်သူမှမမြင်နိုင်ဘူးပေါ။့ သူမဘ၀အတွက် သူမကိုယ်တိုင်ပဲ ရှင်သန်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ ဘယ်သူ့အတွက်မှ ပြည့်စုံအောင်မကြိုးစားပဲ ကိုယ်တိုင်အတွက်ပဲ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်မယ်။

သူမကြောက်တဲ့အရာတွေကို စာရွက်ပေါ်ချရေးပြီး ရင်ဆိုင်နိုင်ဖို့ ကြိုးစားတယ်။ သူမအကြောက်ဆုံးကတော့ ကွာရှင်းပျက်ဆဲတာနဲ့ ကလေးမရနိုင်တော့တာပါပဲ။ သူမယောက်ျားနောက်အိမ်ထောင်ပြုချိန်မှာတော့ ဒါကိုအကောင်းဆုံး သူမဖြတ်ကျော်နိုင်ခဲ့တယ်။ ကလေးမရနိုင်တဲ့ အကြောက်တရားအတွက် သူမဘယ်လိုရင်ဆိုင်ခဲ့လဲ ? ဒီအကြောက်တရားကို လက်ခံနိုင်ဖို့ စောင့်မျှော်နေတဲ့ ကလေးတွေရှိနေတာကို သူမသတိမေ့နေခဲ့တယ်။ ငိုနေမယ့်အစား ချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောက်ကို သူမမွေးစားခဲ့တယ်။

ကလေးစောင့်ရှောက်ရေးအဖွဲ့အစည်းတွေမှာ သူမနာမည်မှတ်တမ်းကိုပေးပြီး ၂နှစ်လောက်ထိ
စောင့်ခဲ့တယ်။ ၂နှစ်ကျော်လောက်ကြာတော့ သူမဆီဖုန်းဝင်လာတယ်။ ယောက်ျားလေးတစ်ယောက်ရှိတယ် မွေးစားချင်လားတဲ့။ ချက်ချင်းပဲ မွေးစားဖို့ သဘောတူလိုက်တယ်။ အဲ့ဒီသားလေးက အခုတော့ ၆နှစ်ရှိသွားပါပြီ။

Image result for Muniba Mazari

ဝှီးချဲပေါ်ထိုင်နေရတဲ့ လူအတွက် စိုးရိမ်ဆုံးအရာက အခြားလူတွေ လက်မခံမှာကိုပါ။ ပြည့်စုံတဲ့ ကမ္ဘာမှာ မပြည့်စုံတဲ့ မသန်စွမ်းတစ်ယောက်ဖြစ်နေတဲ့အတွက် လူတွေရှေ့သွားတယ်။ ပန်းချီတွေဆွဲတယ်။ မော်ဒယ် Campaign တွေ ဦးဆောင်တယ်။ ရုပ်သံလိုင်းတွေမှာပါဝင်ခဲ့ပြီးUN Women Pakistan သံအမတ်အဖြစ် ခန့်အပ်ခြင်းခံရတယ်။ ၂ဝ၁၆မှာ Forbes ရဲ့ အသက် (၃ဝ)အောက် အယောက် ၃ဝထဲမှာလည်းပါခဲ့တယ်။ ဖြစ်ပျက်သမျှအရာအားလုံးဟာ သူမကိုဒီလိုအောင်မြင်လာဖို့ ခွန်အားပေးခဲ့တာပါပဲ။ ကမ္ဘာကြီးက သူမကိုအသိမှတ်ပြုဖို့ သူမကပဲ အစပြုခဲ့ရတာပါ။

သေချိန်မတန်သေးသရွေ့ မသေပါနဲ့.. အသက်ရှုသံတိုင်းကိုတန်ဖိုးထားပြီး.. ဘဝကို ပြည့်ပြည့်ဝဝ
နေထိုင်သွားဖို့ Muniba Mazari က သူမရဲ့ဘဝအတွေ့ကြုံနဲ့ရင်းပြီး မျှဝေသွားပါတယ်။

531 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.