အစားတစ်လိုင်းCouple လေးတွေဆိုတာ
ဖြစ်နေမှာအသေချာပါပဲ။
Unicode]
စားပါ …စားသာစားပါ အစားသောက်ဟာလူနဲ့တဲ့့ပါတယ်။ အလွန်အကျွံမစားဖို့နဲ့မြင်မကောင်းအောင် မဝပဲ ကျန်းမာရေးမထိခိုက်ဖူးဆိုရင်စားသာစားပါ။ အစားသောက်စားရတာကိုကြိုက်နှစ်သက်တဲ့စုံတွဲလေးတွေဆိုတာ တစ်မျိုးလေးချစ်ဖို့ကောင်းတဲ့အတွဲလေးတွေပါပဲ ။ ဆိုတော့ အစားတစ်လိုင်း စုံတွဲလေးတွေဖြစ်နေပြီဆိုရင်တော့ဒီလိုကောင်းကွက်လေးတွေသင်တို့မှာရှိတယ်ဆိုတာကိုရဲရဲကြီးဂုဏ်ယူလိုက်ပါ…
(၁) စိတ်တူကိုယ်တူဖြစ်လို့နောင်ရေးအတွက်ပူစရာမလို
သူလည်းအစားတစ်လိုင်းကိုယ်လည်းအစားတစ်လိုင်းဖြစ်တာကြောင့် နောင်ယူပြီးရင်တောင် အစားသောက်အတွက်ပူပင်စရာမလိုပါဘူး။ ချက်ဖို့ပြုတ်ဖို့စားဖို့သောက်ဖို့အတွက်ဆို နှစ်ယောက်ကအတိုင်အဖောက်ညီနေကြမှာ အသေချာပါပဲ။
(၂) ဗိုက်ဆာတယ်ပြောတိုင်းကိုယ်ချင်းစာတတ်ပါတယ်
ခဏခဏ ဗိုက်ဆာတတ်လည်း ကိုယ့်ရဲ့အစာအိမ်ကို ကိုယ်ချင်းစာတတ်တဲ့ချစ်သူတစ်ယောက်ရထားတာသင့်အတွက်ဂုဏ်ယူစရာပါပဲ။ ကိုယ့်ရဲ့ချစ်သူကိုယ်တိုင်လည်းအစားတစ်လိုင်းမလို့
ကိုယ်ဆာနေပြီဆိုတာ ပြောစရာလိုအောင် အော်တိုသိနေတတ်ပြီး စားဖို့ဆိုပူစရာမလိုပါဘူး။
(၃) အစားသောက်မက်လို့စားသောက်ဆိုင်တွေပဲခဏခဏသွားဖြစ်လို့ အထင်လွဲခံစရာသိပ်မရှိ
ချိန်းတွေ့တိုင်းနင်တို့တွေဘယ်သွားပြီးဘာတွေလုပ်လဲလို့သူငယ်ချင်းတစ်သိုုက်ရဲ့စနောက်ခြင်းရန်ကင်းဝေစေပါတယ်။ အစားပဲသွားစားတာများတာကို ဒင်းတို့တွေသိနေပြီးသားကို 😛
(၄) ပိန်တူတူ ၊ဝအတူတူ အေးတူပူမျှ ပိန်လို့ဝလို့ရ
သူဝပြီးကိုယ်ပိန်တာကိုယ်ဝပြီးသူပိန်နေမှာတွေစိုးရိမ်နေစရာမလိုပဲ ကိုယ်လည်းဝသူလည်းဝ ကဲပြန်လျော့ချင်ရင်လည်းနှစ်ယောက်တူတူအားကစားလုပ်ရင်း လျော့လို့ရပါတယ်။ ဘယ်လောက်Ro လိုက်မလဲစဉ်းစားသာကြည့် 😛
(၅) စိတ်ချမ်းသာစရာ RS တစ်ခုဖြစ်လာ
အစားစားခြင်းဟာစိတ်ပင်ပန်းမှုတွေကို အနည်းငယ်ဖြေလျော့စေတာတော့အသေချာပါပဲ ။ ရန်ဖြစ်လည်းအစားစားနေရရင်ကြည်နူးနေတတ်ကြတာမလို့ ရန်ဖြစ်လိုက်မုန့်စားရင်ပြန်ချော့လိုက်နဲ့အစားသောက်လေးတွေစားရင်းစိတ်ချမ်းသာစရာ RS တစ်ခုဖြစ်လာစေပါတယ်။ စိတ်ကောက်ရင်ကြိုက်တာလေးဝယ်ကျွေးလိုက် ချက်ကျွေးလိုက်နဲ့ အရမ်း ကိုချစ်စရာကောင်းတဲ့အတွဲလေး
ဖြစ်နေမှာအသေချာပါပဲ။
သင်တို့ရဲ့ချစ်စရာကောင်းတဲ့ အစားတစ်လိုင်းRS Life လေးကိုကောင်းမွန်စွာထိန်းသိမ်းကြရင်းသက်ဆုံးတိုင် အစားပုပ်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ် 😛
47 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.