ဆရာဝန် ဒရာမဇာတ်ကားတစ်ခုမှာ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်မယ့် Seo Ji Hye

SBS ရဲ့ဒရာမာဇာတ်ကားသစ်ဖြစ်တဲ့ “Thoracic Surgery” မှာ Seo Ji Hye က အဓိကမင်းသမီးအဖြစ် သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Image result for Seo Ji Hye

ဒရာမာထဲမှာ Seo Ji Hye ကို Taesan ဆေးရုံက လက်ထောက် ခွဲစိတ်ဆရာဝန်မလေး Yoon Soo Yeon အဖြစ် မြင်ရမှာပါ။ Yoon Soo Yeon က ဒီထက်ပိုတော်တဲ့ ဆရာဝန်ဖြစ်ဖို့ ကြိုးစားနေ
သူပါ။ ဒါကြောင့် ကမ္ဘာ့အကောင်းဆုံး နှလုံးအထူးကုစင်တာ Celveland Clinic ကို သွားခဲ့တယ်။
(၂)နှစ်ကြာ သင်ကြားမှုပြီးတော့ ကိုရီးယားကို ပြန်လာခဲ့ပါတယ်။ ကိုရီးယားမှာ သူမအဖေက ဆေးရုံတစ်ခုရဲ့ဒါရိုက်တာဖြစ်ပါတယ်။ Yoon Soo Yeon ရဲ့ဇာတ်ကောင်ပုံစံက ဆုံးဖြတ်ချက်ခိုင်မာတဲ့ ဆရာဝန်တစ်ယောက်အသွင်ဖြစ်တာကြောင့် သူမအဖေရဲ့Taesan ဆေးရုံကို Celveland Clinic လိုပြောင်းလဲဖို့ လုပ်ချင်လာတယ်။

Image result for Seo Ji Hye

“Thoracic Surgery” ရဲ့ Subtitle က ”Doctors War” နာမည်ပါ။ Black Knight ပြီးတည်းကSeo Ji Hye က အဓိကမင်းသမီးအဖြစ် သရုပ်ဆောင်တဲ့ ဇာတ်ကားဖြစ်ပါတယ်။ စက်တာဘာလထဲမှာ ထွက်ရှိလာတော့မယ်လို့ သိရပါတယ်။

122 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.